အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရဲထွဋ်မှတ်
လွန်ခဲ့သော ၆ နှစ် က · ဒိုက်ဦး

ငါးအမိုင်နို လုပ်ထားတာ ၃ ရက်ရှိပြီဗျ အပုပ်နံ့ ရနေလို့ ဘယ်လို လုပ်ရမလဲခင်ဗျ

အပင်အာဟာရ ကော်ဖီ
Post image
7

ဖြေကြားချက် ၇ ခု

စိုးဝင်းဇော်
စိုးဝင်းဇော် 1,335 လွန်ခဲ့သော ၆ နှစ် က

ဆက်ထားပါအပုတ်နံပြယ်မှအသုံးပြုပါ။

စိုးဝင်းမောင်
စိုးဝင်းမောင် 234 လွန်ခဲ့သော ၆ နှစ် က

လုပ်ခါစ ၄ ၅ ရက်ဆို ပုတ်စော်နံပါတယ် အဲ့ဒါ ဖြစ်ရိုးဖြစ်စဉ်ပါ

ရဲထွဋ်မှတ်
ရဲထွဋ်မှတ် 1,277 လွန်ခဲ့သော ၆ နှစ် က

ဟုတ် ထပ်ဖြည့်လိုက်မယ် အကို သူက ပုံမှန်အတိုင်းဆို အနံ့ မထွက်ရဘူးလားဗျ

naw naw
naw naw 523 လွန်ခဲ့သော ၆ နှစ် က

ထန်းလျက်ထပ်ထည့်

phyo.mg
phyo.mg 3,254 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်ဆရာ

ရဲထွဋ်မှတ်
ရဲထွဋ်မှတ် 1,277 လွန်ခဲ့သော ၆ နှစ် က

ဟုတ် ကျေးဇူးအထူးတင်ပါတယ် ဆရာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

လုပ်ထားသောငါးအမိုင်နိုအက်စစ်ကို တုတ်တစ်ချောင်းနဲ့သေသေချာချာမွှေပြီးအဖုံးကိုလုံအောင်ပိတ်ပါ။တစ်ပါတ်တစ်​ခါမွှေပေးပါ။မွှေပြီးတိုင်းအဖုံးကိုလုံအောင်ပိတ်ပါ။၁လခွဲ..၂လလောက်ဆိုရင်အရည််ကိုစစ်ယူပြီးသုံးစွဲလို့ရပါပြီ။လုပ်ခါစမှာအပုပ်နံ့ထွက်ပါတယ်။မစိုးရိမ်ပါနဲ့။ကြာသွားရင် သင်းပျံပျံအနံ့(ငန်ပြာရည်အနံ့)ရလာပါလိမ့်မယ်။ဒါဆိုအောင်မြင်ပါတယ်။၁လ..၂လကြာတဲ့အထိအပုပ်နံ့ရနေတယ်ဆိုရင် မအောင်မြင်ပါဘူး။အဖုံးပိတ်တာမလုံရင်ဖြစ်တတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။