ယူရီယားမြေဩဇာနဲ့လက်ချားရောစပ်ပက်ဖြန်းပေးရင်မတ်ပဲ ပဲတီစိမ်းအသီးအပွင့်ကောင်းစေတယ်ဆိုတာမှန်ပါသလားမှန်ရင်တိကျတဲ့...
ယူရီယားမြေဩဇာနဲ့လက်ချားရောစပ်ပက်ဖြန်းပေးရင်မတ်ပဲ ပဲတီစိမ်းအသီးအပွင့်ကောင်းစေတယ်ဆိုတာမှန်ပါသလားမှန်ရင်တိကျတဲ့သုံးစွဲနည်းသိချင်ပါတယ်
ယူရီယားမြေဩဇာနဲ့လက်ချားရောစပ်ပက်ဖြန်းပေးရင်မတ်ပဲ ပဲတီစိမ်းအသီးအပွင့်ကောင်းစေတယ်ဆိုတာမှန်ပါသလားမှန်ရင်တိကျတဲ့သုံးစွဲနည်းသိချင်ပါတယ်
သီးကင်းဝင်ချိန်အထိ အနည်းဆုံး ၂ကြိမ်လောက်ရအောင် ဖျန်းပေးနိုင်ရင် ကောင်းပါတယ်။
သက်တမ်း၃လခွဲရှိတဲ့ ဆင်းပဒေသာမျိုးဆိုရင် တစ်ကြိမ်ဖျန်းလို့ရပါသေးတယ်။ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နဲ့ စွယ်စဆင်းချိန်မို့ ပန်းပွင့်နဲ့စွယ်ကိုမထိခိုက်အောင် သတိနဲ့ဖျန်းစေချင်တယ်။
ဆရာရေမြေပဲ၁လခွဲပီဖျန်းလို့ရသေးလားခဗျ
ဖြစ်နိုင်ရင် လက်ချားက်ိုလှော်ပြီးမှဖျန်းစေချင်တယ်။အပင်က်ိုလောင်တတ်လို့ပါ။
ပရဆေးဆိုင်မှာ အသင့်သုံးလို့ရတဲ့လက်ချားရောင်းပါတယ် ၇ ရက်ခြား တခါ ဖျန်းပေး
တစ်ခါဖျန်းရင်အဆင်ပေးနှိင်မလာ
Thanks
လက်ချားကို မြေအိုး/ဒယ်အိုး/သွပ်ပြား ပေါ်တွင်ထား၍အောက်မှမီးအပူပေးပြီးလှော်ပါ။လှော်နေစဥ်တုတ်ခြောင်းဖြင့်မွှေပေးနေပါ။ပေါက်ပေါက်ဖောက်သလိုဖြစ်လာပြီးပွလာပါလိမ့်မည်။မူလအရောင်မှာဖြူညစ်ညစ်အရောင်ဖြစ်ပြီး နာရီဝက်ခန့်မီးအပူ ပေး၍ပွလာသောအခါ ဖြူဆွတ်ဆွတ်ဖြစ်လာပါကမီးဖိုပေါ်မှချပြီးအအေးခံပါ။ပြီးသော် မှုန့်ညက်သွားအောင်ဖန်ပုလင်းဖြင့်ကြိတ်၍လှော်ပြီးသားလက်ချားမှုန့်များကို ဖန်ပုလင်းထဲတွင်သိမ်းထားခါလိုအပ်တဲ့အချိန်မှာထုတ်သုံးနိုင်ပါတယ်။ပဲမျိုးစုံ..မြေပဲ..နှမ်းသီးနှံတွေမှာ... ဆေးဖျန်းပုံးတစ်ပုံးကိုပုလဲ(ယူရီးယား/အဖြူ) ၁၆ဇွန်း ( မြင်းခေါင်းတံဆိပ် ထမင်းစား ဇွန်း)+လှော်ပြီးသားလက်ချား..၄ဇွန်းနှုန်းနဲ့..ပန်းစပွင့်ချိန်..ပန်းဖြိုင်ဖြိုင်ပွင့်ချိန်.. နဲ့ သီးကင်းဝင်ချိန်တွေမှာဖျန်းပေးရပါမယ်။ပန်းပွင့်နှုန်း ကောင်းပြီးအသီးတင်မှုများလာတဲ့အတွက် အထွက်နှုန်းတိုးလာပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းကိုလက်ချားနှင်ပလဲပန်စပွင်ချိန်မှာ ပက်ဖျန်ရုံနဲ အသီအတွက်အဟာရပြေဝပြီဆိုရင်အချာအသီးအာဆေးတွေပက်ဖျန်ဖိုလို...
ဖြေကြားချက် 1 ခု
ပဲတီစိမ်းအပင်တွေကောင်းပြီးအသီးအပွင့်နည်းနေတယ်ဘာလုပ်ရမလဲ
ဖြေကြားချက် 4 ခု
ပဲတီစိမ်းပန်လှိုင်လှိုင်ပွင်အချိန်မှ ယမ်စိမ်ဖျန်လိုရလာခဗျာ
ဖြေကြားချက် 8 ခု
ပဲတီစိမ်းအပွင့်သိပ်မပွင့်လို့ ပွင့်အားကောင်းအောင်ဘာဆေးဖြန်းသင့်လည်းခမျာ
ဖြေကြားချက် 3 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော်ပဲတီစိမ်းခင်းမှာ လက်ချားနှင့်ပုလဲမြေဆီ ဖျန်းချင်ပါတယ်ခင်ဗျာ4ဂါလံဝင်ဆေးဖျန်းပုံးတစ်...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။