အသီးလေးထွက်လာပြီး အအဝါရောင်လိုက်လာကာ ကျွေနေပါတယ် အသီးထွက်အားလည်းနည်းနေသလိုပဲ အလင်းပြပေးပါခင်ဗျား
အသီးကြွေတာ/အသီးမတင်တာဟာ အဓိက(၃)ချက်ရှိပါတယ်။နံပါတ်တစ်က မြေသြဇာဘဲ။ကွန်ပေါင်းမြေသြဇာကို မြေပြင်ချိန်ရယ်,အပင်သက်၂၅ရက် သားခန့်မှာရယ်,နောက်ရက်၆၀ခန့်မှာရယ်,ပန်းစပွင့်တဲ့အချိန်ရယ်,အသီးကင်းဝင်ချိန်ရယ်...၅ကြိမ်လောက်မြေဆီကျွေးသင့်ပါတယ်။အပင်ဖြစ်လာမှကျွေးရင်တော့ အပင်ပတ်ပတ်လည်မှာ မြောင်းကို တိမ်တိမ်နဲ့ကျယ်ကျယ်တူးပြီးမြေဆီထည့်ပါ။ထည့်ပြီးရင်မြေနဲ့ပြန်ဖုံးပါ။နံပါတ်နှစ်ကတော့ဒီအပင်ကပူပြင်းခြောက်သွေ့တာကိုကြိုက်တယ်။အစိုဓာတ်နည်းနည်းဘဲလိုအပ်တယ်။ လေပြင်းတိုက်တာကိုမခံနိုင်ဘူး။တအား ခြောက်သွေ့နေရင်ရေသွင်းပေးပါ။ရေမဝပ်ရဘူး။နောက်ဆုံးအချက်ကတော့ ရောဂါကြောင့်ဘဲ။ဗိုင်ရပ်စ်ရောဂါကြောင့်အရွက်တွေမှာဝါစိမ်းကွက်တွေတွေ့လိမ့်မယ်။ပြီးရင်အရွက်တွေခြောက်လာလိမ့်မယ်။အသီးလေးတွေအဝါရောင်လိုက်လာလိမ့်မယ်။ ဒီလိုဖြစ်နေရင် အရွက်တွေကိုဖယ်ရှားပြီးအဝေးတစ်နေရာမှာသွားလွှင့်ပစ်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သဘေ်ာစိုက်ချင်ပါတယ်။ကူညီနည်းပြပါ။
ဖြေကြားချက် 1 ခု
ရောဂါလား အဟာရချို့တဲ့တာလား ဘာဆေးသုံးရမလဲ ပြောပြပေးပါခင်ဗျာ
ဖြေကြားချက် 4 ခု
786သေင်္ဘာမျိုး တစ်ပင် စျေးနှုန်း ဘယ်လောက်ရှိလဲဗျ
ဖြေကြားချက် 3 ခု
မိန်းမလျာသင်္ဘောမျိုးစိုက်ချင်လို့ပါကိုင်းကူးစိုက်လို့ရတယ်လို့သိရပါတယ်ဘယ်လိုမျိုးကူးရလဲအဖိုကကူးရလားအမကကူးရလား...
ဖြေကြားချက် 4 ခု
သဘောၤသီးစိုက်ပျိုးနည်းလေးပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။