အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,608
လွန်ခဲ့သော ၆ နှစ် က · ကဝ

ဆာဖာအားဆေးကတခြားအားဆေးတွေနဲ့ရော်ဖျန်းရလားဗျ၊ဆာဖာအားဖြည့်ဆေးကိုမှိုသတ်ဆေးလို့လဲအမည်ပေးထားတယ်ဗျ။

အပင်အာဟာရ ပဲတီစိမ်း ဆာလဖာဓာတ်
14

ဖြေကြားချက် ၁၄ ခု

815 လွန်ခဲ့သော ၆ နှစ် က
815 လွန်ခဲ့သော ၆ နှစ် က
815 လွန်ခဲ့သော ၆ နှစ် က
815 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နောက်တခု,ဗဟုသုတပေါ့ဗျာ။ဆာလ်ဖာအများဆုံးလိုအပ်တဲ့သီးနှံတွေက ဂေါ်ဖီ.ပန်းမုန်လာ.ကြက်သွန်နီ. မုန်လာဥ.ကညွတ်။ အသင့်တင့်လိုအပ်တာက ပဲမျိုးစုံ. ဝါ. ဆေးရွက်ကြီး။ အနည်းဆုံးလိုအပ်တဲ့သီးနှံကမြက်မျိုးရင်းဝင်အပင်တွေဘဲ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဒီဆေးကြောင့် အပင်ထိခိုက်မှုရှိ​နေကြောင်း မနေ့ကမေး မြန်းထားတာရှိပါတယ်။သတိထားအသုံးပြုရမယ်ထင်တယ်။ပင်ကောင်းပေါင်းသေဆေးဆိုပြီးမနှစ်ကကြော်ငြာအားကောင်းကောင်းနဲ့ရောင်းသေးတယ်။ဒါပေမဲ့စိုက်ခင်းတချို့ထိခိုက်မှုရှိခဲ့လို့ အပိတ်ခံလိုက်ရတယ်။ဆာလ်ဖာက အပင်အ​အတွက်အသင့်တင့်ဘဲလိုတာပါ။အကောင်းဆုံးကမြေကြီးကဘဲကျွေးသင့်ပါတယ်။မြေကြီးထဲထည့်ကျွေးတာတောင် မြေပြီးထဲထည့်ပြီးရင်ရေလွှမ်းပေးရသေးတယ်။ မြေကြီးထဲပျော်ဝင်လောက်တဲ့အချိန်ကျမှရေပြန်ထုတ်ရတယ်။မြန်မာပြည်အထက်ပ်ိုင်းဒေသတွေမှာချို့တဲ့နိုင်တာကြောင့်ဆာလ်ဖာကိုထည့်သင့်ပါတယ်။မြန်မာပြည်အောက်ပိုင်းမှာဆာလ်ဖာအဆိပ်သင့်မှုတောင်ရှိတာ​ကြောင့်သတိထားသင့်ပါတယ်။စက်ရုံနဲ့နီးတဲ့နေရာတွေမှာအက်စစ်မိုးရွာတတ်တာမို့ ဆာလ်ဖာအဆိပ်သင့်နိုင်ပါတယ်။အကြံပြုချင်တာက ကိုယ့်မြေရဲ့အခြေအနေကိုသိရအောင် စိုက်ပျိုးရေးဌာနကိုမြေနမူနာပို့ပြီးစမ်းစေချက်တယ်။ဒါမှလိုအပ်တဲ့အာဟာရကိုဖြည့်ဆွက်ကျွေးပြီးပြည့်ဝနေတဲ့အာဟာရကိုမကျွေးနဲ့တော့ပေါ့။တိုက်တွန်းချင်တာက သူများတွေပြောတိုင်း,ကြော်ငြာတွေမြင်တိုင်းလိုက်မလုပ်ပါနဲ့။

1,630 လွန်ခဲ့သော ၆ နှစ် က

အပင်အားဆေးတွေနဲ့ရောဖြန်းလို့ရပါတယ်

9,608 လွန်ခဲ့သော ၆ နှစ် က

ဒီဆေးနဲ့လေဗျာ၊ တခြားအပင်အားဆေးတွေနဲ့ရော်ဖျန်းမှာ။အစင်ပြေနိုင်လားဆရာ။

9,608 လွန်ခဲ့သော ၆ နှစ် က

ဒီထုံးကန့်ဆေးရည်တွေကကျတော်တို့မသိတာအမှန်ပါ၊ ဒါကြောင့်ဘယ်လောက်နှုန်းတွေရော်ပြီး၊ ဘယ်လိုတွေဖျန်းရလဲဆိုတာပြောပေးပါအုံး။ကုသတာရော်ရလားဗျ။ဖြေပေးပါအုံးဗျ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ထုံးဒုတ္ထာဆေးရည်ရယ်,ထုံးကန့်ဆေးရည်ရယ်...ဒီ၂မျိုးကမှိုရောဂါအမျိုးမျိုးကာကွယ် ဆေးတွေပါ။ နှစ်ပေါင်းရာချီပြီးလက်ကိုင်သုံးစွဲနေရတဲ့ဆေးတွေဘဲ။(ဆာလ်ဖာချို့တဲ့တာကိုကာကွယ်တဲ့ဆေးမဟုတ်ပါ)

9,608 လွန်ခဲ့သော ၆ နှစ် က

ထုံးကန့်ဆေးရည်က ဆာဖာချို့တဲ့မှုမဖြစ်အောင်ကာကွယ်တာလား၊ ဘယ်လိုမှိုရောဂါတွေကိုကာကွယ်တာလည်းဆရာ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဆာလ်ဖာကိုမှိုသတ်ဆေးအနေဖြင့် ထုံးရယ်,ရေရယ် ရောပြီး မီးအပူပေး, ၄၅မိနစ်ခန့်ကျိုရင် ထုံးကန့်ဆေးရည်အနေနဲ့မှိုရောဂါကာကွယ်နိုင် ပါတယ်

991 လွန်ခဲ့သော ၆ နှစ် က

ဆာဖာဆိုတာ အစာချက်အားကောင်းတယ် အမြစ်ဆင်းအားကောင်းတယ် အားဆေးနဲ့တွဲသုံးအဆင်ပြေတယ်

407 လွန်ခဲ့သော ၆ နှစ် က

ရောဖျန်းလို့လဲရပါတယ်ခမျသူကအပင်ရဲ့လိုအပ်ချက်ဖြည့်ပေးပါတယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။