ဖြေကြားချက် ၁ ခု
ပိုတက်စီယံဟာ အပင်ကြီးထွားဖို့နှင့် အသီးအပွင့် ဖြစ်ထွန်းမှု အတွက် အရေးပါတဲ့ မြေသြဇာဖြစ်ပါတယ်။ NPK မှာ တတိယမြောက် အမှတ်အသားပါ။ သူဟာ အပင် အတွက် ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုကို အရွက်ရဲ့ မျက်နှာပြင်မှာ ရှိတဲ့ လေဝင်ပေါက်တွေကို ထိန်းချုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အပင်အတွင်းမှာ အင်ဇိုင်းတွေဖြစ်ပေါ်ဖို့လှုံ့ဆော်တဲ့ ဓါတ်တမျိုးဖြစ်ပါတယ်။ အပင် အတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုလည်း ဖြစ်ပေါ်စေတယ်။ နောက် အပင်အတွင်း ရေလှည့်ပတ်မှု ကို လည်း ထိန်းချုပ်တဲ့ အလုပ်လုပ်ပါတယ်။ အမြစ်ကရေစုပ်ပြီး အပင်ထိပ်ဖျားထိ ရေ ရအောင် သူက စွမ်းဆောင်ပေး ပါတယ်။ အပင်အတွက် ရေငတ်ဒဏ်ကို ခံနိုင်စေတယ်။ အပင်ထဲမှာ ကစီဓါတ်နဲ့ အသားဓါတ် ချက်လုပ်တာမှာလည်း အရေးပါတယ်။ သူချို့တဲ့ရင် အသီးအပွင့်ဟာ အဆင်း အနံ့ အ သာ ပုံသဏ္ဌာန်ကလည်းမကောင်းဖြစ်ကြတယ်။ ပိုတက်ချို့တဲ့ရင် အရွက်အနားတလျောက် အဝါရောင် သန်းနေတက်ပါတယ်။ အခြားသိသာတဲ့ အချက်တွေကတော့ ရောဂါဒဏ်လံနိုင်ရည်နည်းခြင်း အမြစ်များ အားနည်းပြီး မသန်ခြင်း အသီးမှည့်မှု မညီညာခြင်းတို့ဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပိုးသတ်ဆေးတွေမှာပါတဲ့EC,WP,SP,SLတွေရဲ့အဓိပ္ပါယ်တွေရှင်းပြပေးပါ
ဖြေကြားချက် 1 ခု
ခွေးလှေးယားအယဉ်စိုက်ပျိုးနည်းလေး တင်ပေးပါခင်ဗျာ ဆရာတို့
ဖြေကြားချက် 1 ခု
မတ်ပဲ အပင်တေ အရွယ်ရောက် အသီးတင်မှ သေသွားလို့ပါ
ဖြေကြားချက် 1 ခု
ဘာဆေးသုန်းရမလဲ
ဖြေကြားချက် 2 ခု
gypsum အကြောင်း သိချင်ပါတယ်
ဖြေကြားချက် 1 ခု