ဖြေကြားချက် ၅ ခု
ဓာတ်မြေဩဇာတွေကို သုံးတဲ့အခါ အိတ်ပေါ်မှာ ပြထားတဲ့ ပါဝင်မှု ရာခိုင်နှုန်းကို ကြည့်ရပါတယ် ယူးရီးယားမှာ N က ၄၆% တီဆူပါက P 45% ပိုတက်က K 60% ပါဝင်ပါတယ် ကွန်ပေါင်းတွေမှာ ၁၅-၁၅-၁၅ လို့ဖော်ပြထားတာ ဟာ ၁၅ % စီအသီးသီးပါဝင်တယ်လို့ ဆိုလိုတယ်။ သချ်ာ သဘောတရားအရ ပြန်တွက်ကြည့်ရင် ယူရီးယား တစ်အိတ်ရဲ့ N ပါဝင်မှုကိုမှီ ဖို့ ၁၅ ပါတ်လည် ကွန်ေ့ပါင်း ၃ အိတ်လိုပါတယ်။ ယူရီးယား တစ်အိတ်ခွဲ လိုအပ်တယ် လို့ပြောထားတဲ့အတွက် ၁၅ ပါတ်လည် ကွန်ပေါင်း ၄.၅ အိတ် လိုပါတယ် ။ အဟာရဓာတ်တွေရဲ့လိုအပ်မှု ကို သေသေချာချာတွက်ပီး ထည့်ပေးမယ်ဆိုရင် လိုချင်တဲ့ အထွက်ကိုရနိုင့်ပါတယ်။ ပုလဲသွယ်လိုစပ်မျိုးတွေအတွက် ထည့်သလောက်အကျိုးရှိနိုင်ပါတယ်။ ကွန်ပေါင်းတွေ ဟာ သီးခြား မြေဩဇာတွေနဲ့ နှိုင်းရင် တစ်ယူနစ် ဈေး ကွာခြားနေတယ်ဆိုတာ သတိထားဖို့လိုပါတယ်။ စီးပွားရေးတွက်ခြေ ကိုက်ဖို့ သေချာတွက် နိုင်ရမှာဖြစ်ပါတယ်။
ပင်ပွားရဖို့ ပုလဲ တခါပတ် ၃-၄ပြည်ခန့် ရေသွင်း ပင်ပွားယူခြင်း ဒါမှမဟုတ် ၁၀း၁၀း၅ လိုမြေသြဇာ အိတ်ဝတ် ၂ကြိမ် ပင်ပွားချိန် ရေသွင်းခါနီး သုံးပါ။ အနှံထွက်ချိန် အစေ့အဆန်အတွက် ၁၅း၁၅း၁၅ မြေသြဇာ အိတ်ဝတ် နှုန်းသုံးသင့်ပါတယ်။ တခါတရံ ဇင့်ဆာလဖိတ် စစိုက်ပြီး ခေါင်လှန် ၁၀ရက်ကျော်တွင် တကြိမ်ဖျန်းပေးပြီး နီတိုကာကွယ်သင့်ပါတယ်
လက်ကွက်ကြဲ သွားလို့ သိပ်ပြဿနာမရှိပါဘူး ချဉ်ငံ ကိန်းကလည်း ၆.၅ ဆိုတော့အကောင်းဆုံးအနေထားပါပဲ တင်း၁၀၀ နဲ့အထက်ရရှိရေးအတွက် NPK လိုအပ်ချက်က ပုလဲ ၁.၅ အိတ် တီဆူပါ ဝ.၅ အိတ်နဲ့ ပိုတက် ၁ အိတ် နူန်းထည့်လိုက်ပါ အောင်မြင်ပါစေ
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါဗျဇင့်ကိုစပါးမှာကောက်ပင်လှန်ချိန်မှာသုံးချင်ပါတယ်သုံးလို့အဆင်ပြေပါ့မလားနောက်ပြီးဇင့်ကစပါးကိုဘယ်လိုအ...
ဖြေကြားချက် 2 ခု
မင်္ဂလာပါ ကျွန်တော်ရဲ့လယ်မြေဟာ မြေစေးဖြစ်တဲ့အတွက် မြေဖွယ်ချင်ပါတယ် မြေစေးကို ဖွယ်လာအောင် ဘယ်လိုပြုပြင်ရမလဲခင်...
ဖြေကြားချက် 2 ခု
စပါးနှင့် ပက်သက်ပြီး Di Ammonium Phosphate (DAP) မြေသြဇာအကြောင်းသိချင်ပါတယ် ဘယ်လိုသုံးရမလဲ ဘယ်ချိန်...
ဖြေကြားချက် 1 ခု
ဖော့ဖိတ်ထဲမGTSP DAP MAPဘယ်မျိုးစားကကောင်းပါသလဲဗျာ နောက်ပြီးစပါးအတွက်မြေခံထည့်ချိန်တစ်ခုထဲသုံးရတာလားဗျာဒိပြင့်အ...
ဖြေကြားချက် 1 ခု
စပါးခင်းကိုပေါင်းသက်ဆေးဖြန်းပြီးတစ်ရက်နှစ်ရက်တွင်းဓာတ်မြေသြဇာကျွေးလို့ရပါသလားဗျာသေချာရှင်းပြပေးပါဦးခင်ဗျာ
ဖြေကြားချက် 1 ခု