ကျနော် ကြက်သွန်ဖြူခင်းမှာ အပင်တွေဖြူပီး အရွက်ခြောက်လာလို ဘာဖြစ်လိုပါလဲ
နေပူဒံကြောင်
မှိုဆေးလဲဖျန်ပေးနော်
ပေါင်းသက်ဆေးဖျန်းလားမဟုတ်ရင်ရေလို့ပါ
မှိုကြောင့်ဖြစ်တဲ့ ရောဂါပါ။ စိုထိုင်းစများရင်ရောဂါပျံ့နှံ့မှုအားကောင်းပါတယ်။ အပူချိန် ၂၅ ဒီဂရီနဲ့အထက်ဆိုရင် မှိုစပိုးများမရှင်သန်နိုင်ပါဘူး။ ရေသွင်းရေထုတ်ကောင်းကောင်းလုပ်ပေးပါ။ ရောဂါကျပင်ကြွင်းပင်ကျန်တွေကို ရှင်းလင်းပစ်ပါ။ ပေါင်းမြက်တွေရှင်းလင်းပေးပါ။ ရေဖြန်းစနစ်ဖြင့် ရေးပေးသွင်းခြင်းကိုမလုပ်ပါနဲ့။ မှိုသတ်ဆေးများအနေနဲ့ သီးနှံမရိတ်သိမ်းခင် ၇ရက်တွင် Ridomin၊ Fortazeb (၂၅၀ဂရမ်/ဧက)၊ ၁၄ ရက်အလိုတွင် labilite (၁၂၅-၁၇၀ ဂရမ်/ဧက)၊ Kocide (၁ကီလို/ဧက) နှုန်းတို့ဖြင့် အသုံးပြုနိုင်ပါတယ်။ နောက်ရာသီမှာတော့ ကြက်သွန်မျိုးရင်းဝင်မဟုတ်တဲ့ သီးနှံတစ်ခုခုနဲ့ သီးလှည့်စိုက်ပျိုးပေးပါ။ ကြက်သွန်စိုက်ရာမှာလည်း ခံနိုင်ရည်ရှိတဲ့ မျိုးကိုရွေးချယ်စိုက်ပျိုးပေးပါ။
ဆက်စပ်မေးခွန်းများ
ကြက်သွန်ဖြူအတွက်ဘာဆေးတွေဖြန်းရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ကြက်သွန်မိတ်ရောဂါ
ဖြေကြားချက် 0 ခု
ဒီလိုဖြစ်နေပါတယ်၊ဘာကြောင့်ဒီလိုဖြစ်ရတာလဲအကြောင်းအရင်းလေးပြောပြပေးပါလား၊ ဘာလိုဖြေရှင်းရမလဲအကြုံပြုပေးပါ။
ဖြေကြားချက် 4 ခု
မင်္ဂလာပါခင်ဗျ...... ကျွန်တော်ကြက်သွန်ဖြူက အရွက်ထိပ်ကဝါပြီး ခြောက်နေတယ်ဗျ. ဘာရောဂါဖြစ်တာလည်းခင်ဗျ..... ဘယ်လို...
ဖြေကြားချက် 2 ခု
အဲဒီလိုအပင်ပွားတွေထွက်နေတယ်ဘာဖြစ်လို့လဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။