ကျွန်တော့်ဖရဲခင်းအချို့အပင်တွေအရွက်ကုတ်ပြီးပုံအတိုင်းအနောက်မှာအစိမ်းရောင်ဥတွေတွေ့လို့ပါဘာဖြစ်တာလဲပြကြတာလားဆေးဖျန်းဖို့လိုပြီလားအခြားအပင်တွေကူးနိုင်လားခင်ဗျား....
သဘာဝမြေသြဇာပဲသုံးရင် ကြီးထွားသင့်သလောက်ကြီးထွားမလားတော့မပြောတတ်ပါဘူး။ ဖရဲမှာက ဓာတ်မြေသြဇာကလည်းသင့်တင့်သလောက်လိုအပ်တာဆိုတော့။ သဘာဝမြေသြဇာတွေကိတော့သုံးပေးပါ ကောင်းပါတယ်။ ဝက်ချေးမဟုတ်ပဲ နွားချေးနဲ့လို့တော့ လေ့လာရပါတယ်။ ရေရောစရာမလိုပဲ သုံးလို့ရပါတယ်။ ဆန်ဆေးရေအချဉ်ဖောက်ထားတာကျ ကိုယ်လိုချင်တဲ့ ပြင်းအားတိုင်း ရေရောသုံးပေးရမှာပါ။ တစ်ပတ်ကို ၄-၅ ကြိမ်လောက်သုံးပေးလို့ရပါတယ်။ ရွက်ဖျန်းမြေသြဇာအဖြစ်သုံးလို့ရပါတယ်။ မနက်စောစော အပင်ပေါ်ကလောင်းပေးပါ။ အစိမ်းရောင်လမ်းရဲ့ အပင်အာဟာရကဏ္ဍထဲမှာလည်း ဖရဲတွက်လိုအပ်တဲ့အာဟာရနဲ့ပတ်သက်ပြီးဆောင်းပါးတွေကိုလေ့လာလို့ရပါတယ်။ သခွားကို တိုင်ထောင်ပေးရင်ပိုကောင်းတာပေါ့။ ကော်ကပ်ထောင်ချောက်တွေကို ပရဆေးဆိုင်တွေမှာစုံစမ်းကြည့်ပါလား။
ကျေးဇူးပါဗျားပျဆေးဖြန်းရင်လေမတိုက်တဲ့ဘယ်အချိန်ဖြစ်ဖြစ်ရလားမနက်နေမထွက်ခင်ဖြန်းလို့ရလားညမိုးချုပ်ပိုင်းဖြန်းလို့ကေားရလားခင်ဗျား....မြေသြဇာမကျွေးတော့ပဲဝက်ချေးနဲ့ကြချေးစိမ်ရေပဲလောင်းရင်ကောအစဥ်ပြေမလားခင်ဗျားဖြစ်နိုင်ရင်မြေသြဇာအတတ်နိုင်ဆုံးအသုံးပြုမှုနည်းစေခြင်လို့ပါခင်ဗျား....မြေသြဇာအသုံးချမှုကိုအသက်နိုင်ဆုံးလျော့နည်းခြင်လို့ပါပြီးတော့လက်ချားကပရဆေးဆိုင်မှာရောင်းတဲ့လက်ချားနဲ့အတူတူပဲလား...ရွက်ဖျန်းအတွက်သဘာဝဘာအသီးအနှံ့နဲ့ပြုလုပ်ရမှာလဲခင်ဗျား...emလုပ်နည်းလေးပါပြေားပြပေးပါလား....ဆန်ဆေးရေပထမရေကိုအချဥ်ဖောက်ထားတာကိုကောရေရောပြီးမှလောင်းရတာလားခင်ဗျားပြီးတော့ဝက်ချေးကြက်ချေးတစ်ပိသာကိုရေရှစ်ဂါလံနှုန်းနဲ့ရေားပြီးစိမ်ထားတာကိုသုံးရင်ရေပြန်ရေားရဦးမှာလားခင်ဗျား....အပင်ခြေကိုပဲလောင်းရမှာလားမနက်စေားစေားအရွက်ကိုထိအောင်လောင်းလို့ကောရလားခင်ဗျား....ကျွန်တော်ဖရဲနဲ့သခွားကိုခုနှစ်မှစမ်းစိုက်ကြည့်တာပါခင်ဗျား....သခွာကိုကောမိုးကာအုပ်ပြီးဒီအတိုင်းမိုးကာပေါ်ပေးသီးတာနဲ့မိုကာအုပ်ပြီးတိုင်ထောင်ပေးတါဘယ်ဟာအသီးသီးအားကောင်းလဲခင်ဗျား.....
တစ်ပင် နှစ်ပင်ပဲဆိုတော့ တော်သေးတာပေါ့။ အဲ့အပင်တွေကိုဖျက်ဆီးပစ်ပါနော်။ စိုက်ပြီး ၃ ပတ်ကြာရင် ယူးရီးယား ဟင်းစားဇွန်း တစ်ဇွန်း၊ တီစူပါ တစ်ဇွန်းခွဲ၊ ပိုတက်ရှ် တစ်ဇွန်း၊ လက်ချား ၄၀ ဂရမ်လောက်ကျွေးကြတာပါ။ အစ်ကိုက ပုလဲပဲကျွေးရသေးတယ်ဆို တီစူပါတို့ ပိုတက်ရှ်တို့ ရောကျွေးပေးပါ။ အခင်းမှာ ကျရောက်မှုများတယ်ဆိုရင် နိုက်ထရိုဂျင်ပါတဲ့ မြေသြဇာ ကျွေးတာကိုရပ်ရမှာပါ။ ပျပိုးတွေက ပင်ရည်ကိုစုပ်စားတာမို့ပါ။ ကျရောက်မှုနည်းရင်တော့ရပါတယ်။ နောက်ထပ် သီးလုံးဖမ်းပြီးနောက်မှပဲ စိုက်ဘောင်ရင်းမှာ ကွန်ပေါင်းထပ်ကျွေးပေးပါ။ မစိုက်မီ ၂-၃ ပတ်မှာ တစ်ဧက ကို သဘာဝမြေဆွေး ၁၆ တန်နှုန်းထည့်ပြီး ညက်အောင်ထယ် ထွန် ဝင်ပေးပါ။ ပေါင်းမြက်အမှိုက်သရိုက်များကိုရှင်းလင်းအောင်လုပ်ပေးပါ။ အချိန်ကိုက်စိုက်ပါ။ မြေခံအဖြစ် နိုက်ထရိုဂျင် ၁၀ ကီလိုဂရမ်၊ ဖော့စ်ဖရပ်စ် ၁၅ ၊ပိုတက်ရှ် ၈-၁၀ နှုန်ထည့်ပါ။ ပြောင်း၊ နှံစားပြောင်းတို့ကိုလည်း အစောင့်အရှာက်သီးနှံအဖြစ်ဘေးပတ်ပတ်လည်မှာ စိုက်ပျိုးပေးလို့ရပါတယ်။ အဝါရောင်ကော်ထောင်ချောက်တွေကိုလည်း ၄-၅ ခုထားပေးပါ။ မြေပြုပြင်ခြင်းကို ဒေါက်တာကိုကို၏စာအုပ်မှ ပြန်လည်ဖော်ပြထားပေးပါတယ်။
အကုန်ဖြန်းပြီးကာကွယ်ပေးပါ။ ရောဂါကျအပင်တွေကိုဖယ်ရှားပစ်ပြီး ပိုးကောင်တွေကိုလည်း လက်နဲ့ကောက်ယူဖယ်ရှားပေးပါ။ နိုက်ထရိုဂျင်ပါတဲ့ ဓာတ်မြေသြဇာတွေမကျွေးပေးတော့ပါနဲ့။ ကျရောက်မှုဆိုးရင်တော့ နောက်ရာသီတွေမှာ မျိုးရင်းမတူတဲ့ အပင်တွေကိုသီးလှည့်စိုက်ပါလားရှင့်။ ဖရဲပဲစိုက်ဖြစ်မယ်ဆိုရင် မြေပြုပြင်ကတည်းက ကာကွယ်မှုတွေလုပ်သွားပါ။
ပျ စုပ်စားပိုးကြောင့် ဗိုင်းရပ်စ်ရောဂါ ဝင်နေတာပါ။ ရောဂါကျနေတဲ့အပင်တွေကိုဖယ်ရှားပစ်ပါ။ လေဝင်လေထွက်ကောင်းအောင်လည်း အပင်စိပ်နေတဲ့နေရာတွေကို ကိုင်းခုတ်၊ ကိုင်းဖြတ်လုပ်ပေးပါ။ အဝါရောင်ကော်ထောင်ချောက်ကိုအသုံးပြုနိုင်ပါတယ်။ သဘာဝပိုးသတ်ဆေးအနေနဲ့ ချစ်တီးပန်းအရွက်များကို ထောင်းပြီး ရေပူတွင် ၂၄နာရီကြာစိမ်ထားပါ။ နောက်အဝတ်ပါးဖြင့် စစ်ချပြီး ရလာတဲ့စစ်ကျရည်ကို ရေ ၂ဆဖြင့် ပက်ဖျန်းပါ။ တမာပိုးသတ်ဆေးကိုလည်းအသုံးပြုလို့ရပါတယ်။ ဓာတုဆေးတွေအနေနဲ့ ဒိုင်မီသိုအိတ်၊ အင်မီဒါကလိုပရစ်ဒ်၊ အဆီတာမီပရစ်ဒ်၊ ဘိုင်ဖန်သရင်၊ ကလိုပိုင်ရီဖော့စ် တို့ကိုသုံးနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေငံရင်ဘယ်လိုပြုပြင်ရမလဲ ဆရာတို့
ဖြေကြားချက် 3 ခု
ကျွန်တော်ဖရဲခင်းထဲပုံပါတဲ့အတိုင်းအဲ့တစ်ပင်တည်းဖြစ်နေလို့ပါဘာဖြစိတာလဲအခြားအပင်ကိုကူးတတ်လားဘယ်လိုလုပ်ရမလဲကျေးဇူး...
ဖြေကြားချက် 4 ခု
ဖရဲသီးဝိုင်လုပ်ချင်လို့ ဝိုင်လုပ်တဲ့တစေးနဲ့ မုန့်ဖုတ်တဲ့တစေးတူလားဗျ ဝိုင်တစေးလုပ်နည်းလေးလဲပြောပြပေးပါဗျ
ဖြေကြားချက် 4 ခု
3D မြေခံဆေးကို ဖျော်ပြီး အပင်ဖြန်းဆေးအဖြစ်သုံးလိုရနိုင်ပါသလား။
ဖြေကြားချက် 3 ခု
အဲဒီလိုတွေးဖြစ်နေလို့ဘာဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။