အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,843
လွန်ခဲ့သော ၆ နှစ် က · ထန်းတပင်

နွေစပါး105ရက်သက်တမ်းကိုထွက်နူန်းကောင်းအောင်NPKကိုဘယ်လိုကျွေးရမလဲ။အကြံလေးပေးကြပါအုံး။

2

ဖြေကြားချက် ၂ ခု

3,843 လွန်ခဲ့သော ၆ နှစ် က

thank

80,504 လွန်ခဲ့သော ၆ နှစ် က

စပါးစိုက်ဖို့ စပြီးမြေပြင်ချိန်မှာ တီစူပါ အိတ်ဝက်နဲ့ ပိုတက် တစ်စိတ်ကျွေးရပါမယ်။ စိုက်ပြီး ၁၅ ရက်ကနေ ၂၀ ရက်ကြာရင် ယူရီးယား ၁ အိတ်ရဲ့ ၃ ပုံ ၁ ပုံ ကျွေးရပါမယ်။ စပါးဖုံးတုံးလုံးတုံး ဖြစ်မယ့် ၄၅ ရက်သားလောက်မှာဆို ပိုတက် တစ်စိတ်ကျွေးရပါမယ်။ အလံရွက်ထွက်မယ့် ၅၅ ရက်သားလောက်မှာ ယူရီးယား ၃ ပုံ ၁ ပုံကျွေးရပါမယ်။ စပါးနှံ မထွက်ခင် ၆၅ ရက်သားဝန်းကျင်လောက်မှာ ယူရီးယား ၃ ပုံ ၁ ပုံ ထပ်ကျွေးရပါမယ်။ သက်တမ်းပေါ်မူတည်ပြီး ကျနော် လေ့လာမိသ လောက်တွက်ပြတာပါ ခင်ဗျ။ ယခုဖော်ပြထားတာက ၁ ဧကအတွက် အသုံးပြုရမယ့် နှုန်းထားတွေဖြစ်ပါတယ် ခင်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။