ဖြေကြားချက် ၂ ခု
အစိုက်များတဲ့ပင်ပြန့်တွေက..ကျောင်းကုန်းပင်ပြန့်/ ပင်ပြန့်ရိုးရိုး/ မကွေးပင်ပြန့် တို့ဘဲဖြစ်ပါတယ်.အသက်ရက်ကတော့ပင်ထောင်လောက် မငယ်ပါဘူး။သက်တမ်း ရက် ၁၅၀ မှ ၁၈၀ အတွင်းရှိကြပါတယ်။အထွက်နှုန်းကလည်း ရာသီနဲဲ့မြေအခြေအနေကောင်းပါမှ အလွန်ဆုံး တင်း၅၀ ခန့်ထွက်နိုင်ပါတယ်။ပခုက္ကူဒေသဆိုရင်တော့မထွက်နိုင်ပါ။မျိုးလိုချင်ရင်တော့ပခုက္ကူ..ကမ္မပတ်ဝန်းကျင်မှာရှိပါတယ်.(မန်ကျည်းသုံးပင်,ကံရပ်ကြီး,သံဘို,မကျည်းကိုးပင်....)။အစိုးရစိုက်ပျိုးရေးခြံများ(မြင်းခြံ..ညောင်ဦး ..မကွေး) မှာ လည်းမြို့နယ်စိုက်ပျိုးရေးရုံးများမှတဆင့်စုံစမ်းဝယ်ယူနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
မြေပဲမျိုး မကွေး ၁၂ ရဲ့ သက်တမ်းကို သိချင်လို့ပါ ဆရာများ...
ဖြေကြားချက် 0 ခု
ဆောင်းမြေပဲအသက်နုဆုံးမျိုးကိုကျေးဇူးပြု၍တင်ပြပေပါဗျာ အသက်ကြီးရင်ကျနွေသီးနှံနောက်ကျမည်ဆိုးလို့ပါ
ဖြေကြားချက် 1 ခု
မြေပဲဆံ အမျိုးအစားမှာ S1လုံးဆံ. အနီလုံးဆံ .S1လုံးဆံ(ဟ)စသည်သည် အမျိုးအစားကိုဘယ်လိုခွဲခြားတာလဲဗျ သိရင်ပြောကြပါ
ဖြေကြားချက် 0 ခု
မြေပဲကို မျိုးထားချင်လို့ ဘယ်လိုလုပ်ရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
မြေပဲအသီးတောင့်ပုံစံလေးပြောပြပေးပါ
ဖြေကြားချက် 0 ခု