အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Soe Win
U Soe Win 1,280
လွန်ခဲ့သော ၆ နှစ် က · ဟုမ္မလင်း

နွေနှမ်းစိုက်ချင်လို့ပါ ဘယ်လိုနှမ်းမျိုးနဲ့ ဘယ်လမှာစိုက်သင့်လဲဆိုတာသိပါရစေ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ်းမလင်းမြို့နယ်ကပါခင်ဗျာ. လေးစားစွာဖြင့်။

စိုက်ပျိုးနည်း နှမ်း နှမ်းမျိုး နှမ်းစိုက်ချိန်
7

ဖြေကြားချက် ၇ ခု

ရဲရင့်ဇော်
ရဲရင့်ဇော် 581 လွန်ခဲ့သော ၆ နှစ် က

ဆင်းရတနာ၃ကရက်ဘယ်လောက်ရှိပါသလည်းခဗျာ

အမည်မသိ
အမည်မသိ 233 လွန်ခဲ့သော ၆ နှစ် က

ဆင်းရတနာ(၁၄)စိုက်လို့ရပါသလားရွှေဘို ဝက်လက်

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

ဆင်းရတနာ(၃)အရောင်ကနက်ပြောင်နေတာကြောင့်ဝယ်သူကြိုက်ပါတယ်.ဒါပေမဲ့နှမ်းနက်တွေကစျေးသိတ်မကွာလှပါဘူး။စံနစ်တကျစိုက်မယ်/ရိတ်သိမ်းမယ်,ပြီးတော့ရိက်ပြီးရင် နှမ်းပင်ကိုတစ်ညဘဲပုံမယ်..နေ၃ရက်လောက်လှန်းမယ်...ခါမယ်..ဆိုရင်အရည်အသွေးကောင်းပါတယ်။နှမ်းပုံ တာကိုတစ်ညထက်မပိုသင့်ပါ။၂ညထက်ပိုပြီးပုံထားမယ်ဆိုရင်အက်စစ်ဓာတ်များလာပြီးအရည်အသွေးညံ့တတ်ပါတယ်။

Naing
Naing 233 လွန်ခဲ့သော ၆ နှစ် က

ဈေးကွက်မှဘယ်နှမ်းကဈေးပို ပါသလဲဆရာ နှမ်းနက်ကိုပါဆရာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

သက်တမ်းက ၈၅ရက်..ရက်၉၀ပါ။

Naing
Naing 233 လွန်ခဲ့သော ၆ နှစ် က

ရိတ်သိမ်းဖို့ဘယ်နှစ်လကြားပါသလဲဆရာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

နွေနှမ်းကို ဖေဖေါ်ဝါရီလကုန်နဲ့မတ်လမှာစိုက်လေ့ရှိပါတယ်။နွေနှမ်းကတော့မိုးရေမျှော်ကိုးပြီးစိုက်တာ မဟုတ်တာကြောင့် ရေသွင်းစိုက်ပျိုးနိုင်မှသာအဆင်ပြေနိုင်မှာပါ။ပင်ပိုင်းကြီးထွားမှုကာလရယ်,ပန်းပွင့်ချိန်ရယ်,သီးတောင့်ဖြစ်တည်ချိန်တွေမှာ ရေလိုအပ်ပါတယ်။ဟုမ္မလင်းမှာ အခုအေးတုန်းဘဲလား.အအေးဓာတ်လျော့သွားပြီဆိုရင်, မြေဆီလွှာအပူချိန်၂၀ ဒီဂရီစင်တီဂရိတ်ကျော်ပြီဆိုရင်စိုက်နိုင်ပါပြီ။ အေးလွန်းရင်အပင်ပေါက်ညံ့ပါတယ်။ ဒါကြောင့်မတ်လဆန်းမှာစိုက်သင့်ပါတယ်။ဆင်းရတနာ(၃) နှမ်းနက်မျိုးကတော့နေရာဒေသတော်တော်များများမှာဖြစ်ထွန်းပါတယ်။ဆင်းရတနာ (၄)လည်းဖြစ်ထွန်းပါတယ်.သူကအဖြူမျိုးပါ။နှမ်းကို ပင်ကြား၁၅လက္မထားစိုက်ရပါမယ်။နှမ်းကရေဝပ်တာမကြိုက်ပေမဲ့အစိုဓာတ်တော့လိုအပ်ပါတယ်။ဒါကြောင့်ရေသွင်းနှမ်းက မိုးကြိုနှမ်း,ဆောင်းနှမ်းထက် အထွက်ပိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။