အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,920
လွန်ခဲ့သော ၆ နှစ် က · လယ်ဝေး

မြေပြုပြင်ဘို့ပါမတ်ပဲခင်းတစ်ကွက်လုံးသေနေလို့ပါ ရွှေမြေသီးရဲ့ ကယ်လ်စီယံစီလီကယ်ကိုသုံးရင်ကောင်းပါမလား သုံးဘူးတဲ့...

မြေပြုပြင်ဘို့ပါမတ်ပဲခင်းတစ်ကွက်လုံးသေနေလို့ပါ ရွှေမြေသီးရဲ့ ကယ်လ်စီယံစီလီကယ်ကိုသုံးရင်ကောင်းပါမလား သုံးဘူးတဲ့ဘော်ဘော်တွေသိရင်ပြောပြပေးကြပါခင်ဗျား ဒါမှမဟုတ်ဘာကိုဘယ်လိုသုံးပြီးဆောင်ရွက်ရမလဲသိချင်ပါတယ်ခင်ဗျာ

မြေဆီလွှာ မတ်ပဲ မတ်ပဲအပင်သေခြင်းပြဿနာ
3

ဖြေကြားချက် ၃ ခု

1,920 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

111,325 လွန်ခဲ့သော ၆ နှစ် က

ဖျူစေရီယမ် မှိုရောဂါဟာ မြေဩဇာထည့်သွင်းခြင်းထက် စိုက်ပျိုးမြေယာကို စီမံဆောင်ရွက်စိုက်ပျိုးပုံတွေက ပိုပြီး အဓိကကျပါတယ်။ စိုက်ပျိုးရေးရဲ့အစွန်းတရားနှစ်ပါးဆိုတာ လွယ်လွန်းတဲ့ နည်းစနစ်သဘောဟာလည်း ပျက်စီးရှုံဆုံးခြင်းတွေရဲ့ အစွန်းတရာပါပဲ။ခက်ခဲပြီ ရင်းနည်းမြုတ်နှံ အင်အားစိုက်ထုပ်ရမှုတွေများပြီး ခက်ခဲသောစိုက်ပျိုးနည်းစနစ်များဟာလည်း အောင်မြင်မှုနှင့်ဝေကွာခြင်းကြောင့် အစွန်းတရားပါပဲ။မှိုရောဂါဟာ အလျင်လိုစွာစိုက်ပျိုးမှုနေရာမှာ ပိုမိုစနစ်ကျအချိန်ယူခြင်း ကြိုတင်လုပ်ဆောင်ထွန်ယက်ခြင်း အပင်လေဝင်လေထွက်ကောင်းသော စိုပျိုးမှုပုံစံကို အသုံပြုနိုင်အောင်ကြိုးစာခြင်း မှိုဖြစ်နိုင်သောရာသီဥတုတို့လက္ခဏာကို ကောင်းစွာပိုင်းခြား၍ ဆေးကိုကြိုတင်ဖြန်းနိုင်အောင်စီမံဆောင်ရွက်တတ်ခြင်းစသော အချက်လက်တွေက ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။အပင်ရောဂါတို့ဟာ မဖြစ်ခင်ကြိုတင်သိမြင်လုပ်ဆောင်နိုင်မှ အကျိုးဖြစ်ထွန်းစေပြီး ရောဂါ ဖြစ်ပြီးနောက်တွင် ပျက်စီးရှုံဆုံးခြင်း၏ တန်ဖိုးများသည်သာ အဖြေဖြစ်ပါကြောင်း သိမြင်နိုင်ပါစေ။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ဖျူစေရီယမ်ရောဂါက ရွှေမြေသီးလည်း အဆင်မပြေဘူး ထရိုင်ကိုဒါးမားသုံးကြည့်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။