ဖြေကြားချက် ၄ ခု
ခရမ်းချဥ်က ပူနွေးတဲ့ရာသီကိုနှစ်သက်တယ်။မနက်ခင်းအပူချိန် ၁၅ဒီဂရီစင်တီဂရိတ်ထက်ပိုရမယ်။နေ့အပူချိန်က ၃၂ထက်မများမှသာအပင်ဖြစ်ထွန်းမှုကောင်းပြီးအသီးတင်ပါတယ်။မေးခွန်းအရ တန်ခူးလမတိုင်မီစိုက်ရင်အပင်ထွတ်တယ်..အသီးမတင်ဘူးဆိုတာ(၁)အပူချိန်မြင့်မားနေခြင်း(၂)ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု(၃)ပျကျရောက်မှု(၄)ယင်ဖြူကျရောက်မှု နှင့် (၅)စိုက်ချိန်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ တန်ခူးလစိုက်ချိန်မှာ အများစုသောသီးနှံများမှာရိတ်သိမ်းပြီးဖြစ်နေပါတယ်။ဒါကြောင့် ပျ,ယင်ဖြူတို့ကသူတို့စားသုံးဖို့အခြားသီးနှံတွေမရှိတာကြောင့် စိုက်ထားတဲ့ခရမ်းချဥ်စိုက်ခင်းမှာလာရောက်ကျက်စားခြင်းဖြစ်ပါတယ်။သူတို့နှင့်အတူရောဂါများပါရှိလာပါတယ်။ပိုးကြောင့်ရောဂါကျရောက်ခြင်းဖြစ်ပါတယ်။ဒါကြောင့် တန်ခူးလစိုက်မယ်ဆိုရင် အပူရှိန်ကြောင့် (၄၀...၄၂ဒီဂရီ)သီးပွင့်အောင်မှုနည်းမယ်။ ရောဂါကျရောက်မယ်.ဗိုင်းရပ်စ်ရောဂါဖြစ်မယ်.ရောဂါဖြစ်ရင် အပင်တွေထွတ်မယ်.အသီးမတင်ဘူး။ဒီအချိန်မှာဘဲမဖြစ်မနေစိုက်ချင်တယ်ဆိုရင်...အပူဒဏ်ခံနိုင်တဲ့မျိုးရွေးချယ်စိုက်ပါ။ဘောင်နဲ့စိုက်ပြီးဘောင်ကိုပလတ်စတစ်ဖုံးပြီးစိုက်ပါ။(တတ်နိုင်ရင်ပလတ်စတစ်အစိမ်းစ မိုးပြီးစိုက်ပါ)။ထုံး+ဒုတ္ထာ(ဘော်ဒိုး) ဆေးရည်ကို အပင်၂ပါတ်သားအရွယ်မှစပြီး ၇ရက်တစ်ခါဖျန်းပေးပါ။ရောဂါဖြစ်တဲ့အပင်တွေကိုနှုတ်ပြီးအဝေးတနေရာမှာမီးရှို့/မြေမြှုပ်ပစ်ပါ။
ဆက်စပ်မေးခွန်းများ
ဒီရာသီအတွက် ခရမ်းချဉ် စိုက်ပျ ိုးနည်း သိချင်ပါတယ်ဗျာ
ဖြေကြားချက် 2 ခု
ဘယ်ရာသီမှာစိုက်ပျိုး၇င်ကောင်လဲဘယ်လိုမျိုးမြေကိုကြိုက်လဲမျိုးစေ့ဘာအကောင်ဆုံလဲသိပါ၇စေ
ဖြေကြားချက် 2 ခု
မိုးရာသီကိုခရမ်းချဉ်သီးစိုက်ရင်ဘယ်လိုမျိုးစိုက်ရမလဲ
ဖြေကြားချက် 2 ခု
ခရမ်းချဉ် ဘယ်လိုစိုက်ရမလည်းသိချင်ပါတယ်ခင်ဗျယခုလက်ရှိခရမ်းချဉ်ပေါက်ဈေးလည်းသိလို့ပါဗျ
ဖြေကြားချက် 1 ခု
ကဆုန်လလောက်ခရမ်းချဥ်စိုက်ပျိုးချင်ပါတယ် စိုက်နည်းလေးသိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 2 ခု