အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရဲရင့်အောင်
လွန်ခဲ့သော ၆ နှစ် က · ဆီဆိုင်

ဘာရောဂါဖြစ်တာလဲဒေါင်းနှီရွက်ခြောက်ရောဂါလားခင်ဗျားဘာဆေးဖျန်းရမလဲ....ဘာရောဂါလဲပြေားပြပါဦးဗျား.....

ပိုးမွှားရောဂါ ဖရဲ
Post image
Post image
6

ဖြေကြားချက် ၆ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အဲဒီပိုးရဲ့ရင်းမြစ်ကိုဆန်းစစ်ကြည့်သင့်တာပေါ့ မြေကြီးကနေဖြစ်တာလား ဒါမှမဟုတ် လေထဲကနေ ဥဖောက်တတ်သောအကောင်‌‌မျိုးစိတ်လား။ မြက်နှင့်ခြုံပုဒ်တွေကို ခိုအောင်းပြီးဖြစ်တတ်သော ပိုးအမျိုးစိတ်လားဆိုတာသိအောင်ကြိုးစားကြည့်နိုင်ရင် အဲဒီရောဂါကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကြိုတင်သတိထားလို့ရပါတယ်။မြေပိုးဖြစ်ဖို့များပါတယ်။‌ပိုးကျတတ်တဲ့ အချိန်နှင့်ရာသီကိုလည်း မှတ်သားစစ်‌ကြည့်ရပါ့မယ်။ ပိုးရဲ့ဥပေါက်ရာသီနှင့်ယှဉ်ပြီးဖြစ်တဲ့ပိုးမျိုးစိတ်လားဆိုတာ ခွဲခွဲခြားခြားသိမြင်ဖို့လိုပါတယ်။ဒါမှရှောင်ရန်ဆောင်ရန်အချက်အလက်တွေကိုရရှိပါ့မယ်။ပိုးမွားဆိုတာ ဆေးဝါးဆိုတာထက် ဆန်းစစ်ပိုင်းခြားပြီးသိမှုကနေ အဖြေရှာခြင်းဟာ အကြောင်း အကျိုးကို ကောင်းစွာဆုံးဖြတ်နိုင်စေပါတယ်။

ဆန်းထွန်းအောင်
ဆန်းထွန်းအောင် 2,726 လွန်ခဲ့သော ၆ နှစ် က

ဒီပိုးတွေကိုက အရမ်းသေးငယ်တယ် တွေ့ချင်ရင် မနက်နေမထွက်ခင် အရွက်ပေါ်မှာ သေသေချာချာ ဓာတ်မီးနဲ့ထိုးကြည့်ပါ ဝါဝါလေးတွေ တွေ့ရမယ် မယုံမရှိနဲ့ လက်တွေ့သမားမို့်

ဆန်းထွန်းအောင်
ဆန်းထွန်းအောင် 2,726 လွန်ခဲ့သော ၆ နှစ် က

အလန်း/ဘတ်တား/ ဒံစိမ်း/ဆိုင်ရင်/ တစ်ဇွန်းစီ ထည့်ဖြန်းပေးပါ မနက်စော်းစော် ဖြန်းပေးပါ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အောက်ဖက် ပင်ရင်းအရွက်တွေ ဖြတ်ထုပ်ပစ်ပေးပါ။ပြီး ပိုးသတ်ဆေးဖြန်းပါ မှိုသတ်ဆေးဖြန်းပါ။ဖြတ်ထုပ်သောအရွက်များကို အခင်းထဲတွင်မပစ်ရပါ။မီးရှိုဖျက်ဆီးပါ။

ရဲရင့်အောင်
ရဲရင့်အောင် 1,684 လွန်ခဲ့သော ၆ နှစ် က

ဘာဆေးဖျန်းရမလဲခင်ဗျား

ဆန်းထွန်းအောင်
ဆန်းထွန်းအောင် 2,726 လွန်ခဲ့သော ၆ နှစ် က

အရွက်ပေါ်မှာ မြေပုံလို ဖြစ်နေတာ အရွက် ထည်းမှာ ထွင်းပိုးရှိနေလို့ပါ ရွက်ထွင်းပိုးတွေက အရွက်ရဲ့ အဆီ အနှစ်တေ စုပ်ယူစားသောက်ပြီး ရွက်ချောက်တာပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။