အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မင်းမင်း
လွန်ခဲ့သော ၆ နှစ် က · မတ္တရာ

ပဲတောင့်ရှည် 313 ဘောင်ဆွဲ စိုက်တော့မယ်ဆရာတို့ မျိုးစေ့ချနည်းနဲ့ အပင်ငယ်စဉ် ဆောင်ရွက်ရမယ့် အချက်လေးတွေ ညွှန်ပြပေးကြပါဆရာတို့ခင်မျာ

စိုက်ပျိုးနည်း ပဲတောင့်ရှည်
4

ဖြေကြားချက် ၄ ခု

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ အခုလို ပြည့်စုံအောင်ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ ဆရာ ကျန်းမာပါစေ။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အညွှန့်မထွက်ခင် မြေဩဇာထပ်‌ပြီးမထည့်ပေးရပါ။အညွှန့်ထွက်သောအခါမှ တစ်တွင်းနှင့်တစ်တွင်းကြားကို မြေဩဇာ ကြက်ချီးနွားချီးတို့ကို တီစူပါပါးပါးရောထည့်သွင်း‌ေပး၍ မြေအုပ်ပါ။နောက်ထပ်မြေဩဇာထပ်ထည့်ရန်မလိုတော့ပါ။အသီးထွက်ကောင်းစေရန် တစ်ဆယ့်ငါးပတ်လည် အသီးပန်းပွင့်ချိန်တွင်ပါးပါးပစ်ကြဲထည့်သွင်းနိုင်ပါသည်။ အပွင့်ထွက်ချိန်တွင် မလိုအပ်သော အခက်အတက်များကို ဖြတ်ထုပ်ရှင်းလင်း၍ နေရောင်မထိသော အရွက်များကို ရွေးချယ်ဖြတ်ပေးခြင်းနှင့် ပင်လုံးပျံ့ပိုးသတ်ဆေးပစ်ဖြန်းပေးခြင်းကို ပြုလုပ်ဆောင်ရွက်ရပါမည်။အောင်မြင်ဖြစ်ထွန်းနိုင်ပါစေ။

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ ဆရာ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ပဲပင်ကို တွင်းရာတဲ့အခါမှာ ပဲရွက်ရွက်ရဲ့ ပမာဏအတိုင်းအဆအရ ပေါက်ပြားတစ်ပြားရာရပါ့မယ်။ပြီးမြေဆွေးနွားချီး ကြက်ချီးစသော မြေဩဇာကို ပေါက်တူးတစ်ပြားစာ မထူမပါးဖြူးချပြီး မြေကိုမွအောင်ချေပြီး မြေဩဇာကို အုပ်ရပါ့မယ်။ပြီး အစေ့ချရာတွင်းကိုမြေဩဇာထည်ပြီသောအခါ ရေဆယ်ရှစ်နာရီခန့်စိမ်ထားသော ပဲစေ့ကို ရာထားသောတွင်းများထဲ တစ်တွင်းနှစ်စေ့သုံးစေ့ခန့်ချပါ။အစေ့ချသောအခါ မြေရာထားသော နေရာကို လက်ညိုးဖြင့်လက်တဆစ်ခန့်ထိုးပြီးတွင်းရာ၍အစေ့ကိုချပါ။သုံးရက်ခန်ကြာလျင် အစေ့များပေါက်လာကြပါမည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။