အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၆ နှစ် က · ညောင်ဦး

ဒေသမျိုးခရမ်းချဥ်သီးကို စိုက်ပျိုးသူတွေ သဘာဝနည်းနဲ့ တစ်နှစ်လုံးနီးပါ ထားလို့ရအောင် ဘယ်လိုသိုလှောင်ရမလဲခဗျ

ရိတ်သိမ်းချိန်လွန်နည်းပညာ ခရမ်းချဉ် ခရမ်းချဉ်ရိတ်သိမ်းချိန်လွန်နည်းပညာ
2

ဖြေကြားချက် ၂ ခု

117 လွန်ခဲ့သော ၂ နှစ် က

ဒေသနည်းတစ်ခုတော့ပြောပြချင်ပါတယ် ခင်ဗျ ဗမာခရမ်းချဉ်ကိုနှစ်ပေါက်ထားတဲ့နည်းလေးပါ ခရမ်းချဉ်သီးတွေကိုရေစင်အောင်ဆေးပြီး အခြောက်ခံထားပါတယ် ပြီးရင်မြေအိုးထဲခပ်ကြီးကြီးထဲရေသင့်ရုံထည့်၍ဆူပွက်လာတဲ့အခါမှာ ခရမ်းချဉ်သီးများကိုအစေ့ထုတ်ပြီး ထည့်၍ပြုတ်ပါတယ် ရေမခမ်းခင်အိုးကပ်ခါနီးမှာခရမ်းချဉ်သီးများကိုဆယ်၍ သုိလှောင်မည့်စဉ့်အိုးထဲသို့ ထည့်ပြီး မြုပ်သွားသည်ထိ ပဲဆီ နှမ်းဆီ များထည့်၍ လေလုံအောင်ပိတ်ပြီးသိုလှောင်ကာ လုိအပ်ချိန်မှာထုတ်၍ ချက်ပြုတ်စားနိုင်ကြောင်းပါ။

15,048 လွန်ခဲ့သော ၆ နှစ် က

တစ်နှစ်ပတ်လုံးအထားခံချင်ရင်တော့ ယိုလုပ်ပြီး သိမ်းပါ ခပ်စိမ်းစိမ်းအနေအထားမှာခူးပြီး သတင်းစာရွက်ပေါ်ဖျန့်ထားရင်တော့ လအနည်းငယ်ထားနိုင်ပါတယ် အေးပြီး ခြောက်သွေ့တဲ့နေရာဖြစ်ဖို့တော့လိုပါတယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။