ဖြေကြားချက် ၇ ခု
စပါးဆစ်ပိုး ဆိုက အလွယ်ပြောရရင် အကိုပြောသလို စပါးနှံခြောက်ပြီးထောင်နေတဲ့ လက္ခဏာပါ ဂုတ်ကျိုးကတော့ ရောဂါပါ စပါးအရွကမှာ လွန်းပုံစံအနာကွက်လက္ခဏာပါ အနှံထွက်လာတဲ့အချိန်ကျရင် စပါးရဲ့ဂုတ်ကနေ အကွက်တွေထပြီး ရိပြီး အနှံတွေကျိုးပြီး ကျသွားတာပါ ဖလံပိုးဆိုဒါက. ရွက်လိပ် ရွက်ကပ်ပိုး ရွက်လိပ်အိမ်ပိုးတို့ ကို အလွယ်ခေါ်တာပါ အရွက်တွေမှာ ပိုးကောင်လေးတွေ ခြစ်စားထားလို့ အဝေးကနေကြည့်လိုက်ရင် ရွက်ဖျားလေးတွေ ဖြူနေတဲ့ပုံပါ လှေးပိုးဆိုတာက ကျနော်တို့ တောင်သူအခေါ် ခွေးသန်းပိုးပါ သန်းကောင်လေးတွေလို အကောင်သေးသေးလေးတွေပါ လှေးပိုးကျရင် ရွက်ခလေးတွေ လိပ်ပြီး စပါးပင် ထိုင်နေသလိုဖြစ်တတ်တယ် စပါးခင်းထဲသေသေချာချာဆင်းကြည့်ပြီး အရွက်လေးတွေ ဖြဲကြည့်လိုက်ရင် ခွေးသန်းလိုအကောင်တွေ တွေ့နိုင်တယ် ကျနော်ကတော့ အဲလိုပဲ ပြောပြတတ်တယ်ဗျာ တောင်သူဆိုတော့ ကျကျနနတော့ မရှင်းပြတတ်ဘူး အမှားပါရင်လည်း ခွင့်လွှတ်ပါဗျာ ကျနော်သိသလောက်လေး မျှဝေတာပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာပိုးကျတာလဲ။မြေဆီလည်းများသွားတယ်ဘယ်လိုလုပ်ရမလဲ။ကူညီကြပါအုံး
ဖြေကြားချက် 0 ခု
ဘယ် လို့ လုပ် ရမလဲ
ဖြေကြားချက် 6 ခု
နွေစပါး စိုက်ခင်းမှာဗျာ.. စပါးပင်တွေ ဝါပြီး အရွက်ဖျားတွေ ခြောက်နေလို့ပါဗျ..ဘာဖြစ်တာလည်းမသိဘူး.. ပြောပြပေးပါ...
ဖြေကြားချက် 1 ခု
ဘာပိုးလဲ။သိရင်အကြံပေးကြပါခင်ဗျ
ဖြေကြားချက် 1 ခု
ကွျှတော့်စပါးခင်းပိုးကျလို့ဘာဆေးတွေသုံးရပါမလဲ
ဖြေကြားချက် 4 ခု