အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က · ပင်းတယ

နွားချေးပုံထဲကတီကောင်ပါ အကျိုးပြုသလား အကျိုးမပြုသလား သိချင်ပါတယ်

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

နောက်ထပ် အကောင်တွေရှာပြီးတင်‌ေပးနိုင်ပါတယ်။စိုက်ပျိုးရေးအတွက်အသုံးမဝင်တဲ့ အကောင်ဆိုတာမရှိသလောက်ပါပဲ။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အကျိုးပြု မပြုသိချင်ရင် တီကောင်နို့ဆီဗူးထက်ဝက်ခန့်ကို ရေသန့်ဗူးထဲထည့်ပါ။ပြီး ထညှစ်ခဲဆယ်လုံးခန့်ထည့်ပါ။ပြီးရေအပြည့်ထည့်ပြီး သိမ်းဆည်းထားပါ။တီကောင်ပျော်ပြီး အရည်ဖြစ်သွားတဲ့အခါ အပင်ဖြန်းမြေဩဇာရည်အဖြစ်သုံးကြည့်ပါ။စိုက်ပြီးစ အပင်နုငယ်များ လျင်မြန်စွာအစာချက်လုပ်ပြီး ကြီးထွားရှင်သန် အပင်တက်ကောင်းဖို့လိုအပ်တယ်ဆိုတာ စိုက်ပျိုးသူတိုင်းလက်ခံထားကြပါတယ်။အခြေနေ အကြောင်းကြောင့်အပင်ကျန့်ပြီးဖြစ်စေ မြေကျန့်၍ဖြစ်စေ အပင်မတက်နိုင်ပဲ ကြီးထွားနုန်းလျော့နေခြင်းကို ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။စိုက်ပင် ပြောင်းရွေ့ပျိုးပင်နှင့် ‌မိုးအခါ နေရောင်မပြည့်ဝ၍ အစာမချက်နိုင်ဖြစ်တတ်သော အပင်တို့၏သဘာဝကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။အပင်နှင့်မြေကြီးကို စိုစွတ်အောင် ဖြန်းပေးရုံဖြင့် အပင်တက်ကောင်းပြီး မြေဆီအစားမြန်ပါတယ်။တစ်ဗူးကို ဆေးဖြန်းပုံးနှစ်ပုံးပါ။အပွင့်စထွက်ချိန်၌ အပင်ဖြန်းပေးခြင်းဖြင့်လည်း အပင်စိမ်းစိုပြီး အသီးကျမှန်စေပါတယ်။

အမည်မသိ
အမည်မသိ 12,778 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ။ ဒီနေရာမှာ ၂ မျိုးဖြစ်နိုင်ပါတယ်။ လတ်လတ်ဆတ်နွားချီးပုံထဲက တီကောင်ဆိုရင် နွားအူထဲကပါလာတဲ့ ကပ်ပါးတီကောင်ဖြစ်နိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ ဒီကပ်ပါးက မြေထဲဆင်းဝင်သွားပြီး တီကောင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အကျိုးပြုနိုင်သလားဆိုတော့ မြေပွအောင်လုပ်ပေးတာမျိုးတွေတော့ရပါတယ်။တီကျစ်စာထုတ်ဖို့ သုံးမယ်ဆိုရင်တော့ အာမခံချက်မပေးနိုင်တာမို့ သတ်မှတ်ထားတဲ့ တီအမျိုးအစားနဲ့ပဲ တီကျစ်မြေသြဇာ ပြုလုပ်စေချင်ပါတယ်။ တီကောင်ရွေးချယ်ပုံအသေးစိတ်ကိုတော့ ဆောင်းပါးအနေနဲ့ မကြာခင်ဖော်ပြသွားပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။