အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Aung
Aung Aung 522
လွန်ခဲ့သော ၆ နှစ် က · ကလော

ပုံမှာပါတဲ့ ခဇောင်းခါး အဲဒီအပင်မျိုးက နေရောင်ထဲ(နေပူထဲ)ထားရင်ကြိုက်လား အရိပ်ထဲထားရင်ကြိုက်လားဗျ ရှမ်းပြည် အောင်ပန်းမှာပါ ဆောင်းတွင်းအစောပိုင်းက မိုးလင်းကနေမိုးချုပ်ထိ နေပူထဲနေ့တိုင်းထုတ်တယ် ညပိုင်းကျ နှင်းကျမှာစိုးလို့ အရိပ်ထဲသွင်းတယ် တအားအေးလာတော့ အမြဲတမ်းအရိပ်ထဲဘဲထားတော့တယ် ခုတော့ အတက်လေးတွေထွက်လာတယ်ဗျ နေပူထုတ်ရမလား ဒီတိုင်းအရိပ်ထဲဘဲထားရမလား အပင်ပွါးအောင်ဘာလုပ်ရမလဲ နားလည်သူများအကြံပေးကြပါအုံး

စိုက်ပျိုးနည်း ချဉ်ပေါင်ရွက်
Post image
3

ဖြေကြားချက် ၃ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၆ နှစ် က

ရပါတယ်ခင်ဗျာ။မြေစေးဆိုရင် တစ်လမှတစ်ခါလောက်ရေဖျန်းပေးရင်ရပါတယ် (မြေစေးကအစိုဓာတ်ကြာရှည်စွာထိန်းထားနိုင်ပါတယ်)​။အောက်ခြေအပေါက်ပါတဲ့အိုးနဲ့စိုက်ပါ။ဒါမှမဟုတ် မပါခဲ့ရင်အပေါက်ဖောက်ထားပေးပါ။ဒီအပင်မျိုးကရေငတ်ဒဏ် ခံနိုင်ပေမဲ့ ရေများရင်/ရေဝပ်နေရင်တော့ မရဘူးနော်။

Aung Aung
Aung Aung 522 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ ဆရာ အခုက မြေစေးမြေမ နဲ့စိုက်ထားတာ ရှမ်းပြည်မှာ အညာလိုသဲမြေက မလွယ်ဘူး မြေနီနဲ့ မြေဆွေးဆန်တဲ့ မြေမဲမြေမမြေစေးတွေများတော့ သဲမြေရအောင်မြေစေးမြေမနဲ့ မြစ်သဲနဲနဲဆီရောလိုက်ရင်ရလောက်မလားဗျ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၆ နှစ် က

ရှားစောင်းမျိုးနွယ်ဖြစ်တာမို့နေရောင်ခြည်ကြိုက်ပါတယ်။အစိုဓာတ်အနည်းငယ်ရှိရင်ဘဲဖြစ်ထွန်းပါတယ်။မိုးများလွန်းရင်/အစိုဓာတ်များလွန်းရင် အပင်ပုပ်ပြီးသေတတ်ပါတယ်။နေပူထဲမှာထားပါ။ နွေရာသီနဲ့ဆောင်းရာသီမှာ၅ရက် သို့မဟုတ် ၇ရက်ကိုတစ်ခါလောက်မြေကြီးစိုဆွတ်ရုံရေဖျန်းပေးပါ။မိုးရာသီဆိုရင် မိုးရွာတဲ့အချိန်မှာမိုးရေလွတ်တဲ့နေရာကို ရွှေ့ထားပေးပါ.နေပူလာတဲ့အခါမှနေရောင်ရတဲ့နေရာကိုပြန်ရွှေ့ထားပေးပါ။သဲများများပါတဲ့သဲနုံးမြေနဲ့စိုက်သင့်ပါတယ်။မြေစေးနဲ့မစိုက်ပါနဲ့။ကိုင်းတက်တွေကြီးပြီးပွားလာရင် ကိုင်းတွေဖြတ်ပြီးပွားများအောင် မြေမြှုပ်စိုက်နိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။