အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ခရမ်း

ကျမရဲ့လယ်မြေကph 3.9အဆင့်ဘဲရှိပါတယ် အဲဒီမြေထဲကိုဘိလပ်မြေထည့်ရင်ပဲတီစိမ်း စပါးစိုက်လို့အဆင်ပြေပါမလားရှင့်

4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

စပါးခွံဖွဲပြာ နဲ့ ထုံး နဲ့ရောထည့်ပါ နူန်ထားနဲနဲ အကြိမ်ရေးများများ အသုံးပြုပါ

2,245 လွန်ခဲ့သော ၆ နှစ် က

သဲဆန်တဲ့မြေအတွက်ဆို ဘာသုံးသင့်လဲကျေးဇူးပြုပီးဖြေကြားပေးပါ အမ အေးသန္တာစိုး

31,851 လွန်ခဲ့သော ၆ နှစ် က

pH 3.9 ရှိတယ်ဆိုပေမယ့် စပါးစိုက်မယ်ဆိုရင် မြေယာပြုပြင်မှုပေါ်မူတည်ပြီး စပါးစိုက်လို့ရပါတယ် စပါးမစိုက်မှီ မြေပြင်ချိန် စက်ဖွဲပြာ ကောင်းစွာဆွေးမြေ့နေတဲ့ကောက်ရိုးဆွေး နွားချေး‌ဆွေးထည့်ဖို့ စုထားပါ။ နွေထယ်ရေးဝင်ထားပါ။ မြေပြုပြင်တဲ့နည်းတွေ အများကြီးထဲက အဆင်ပြေတာသုံးလို့ရပါတယ်။မြေချဉ်ရင်တော့ အခုပြောတဲ့ ဘိလပ်မြေအမှုန့်နဲ့တူတဲ့ကျောက်မှုန့်ထက် ထုံးမှုန့်ကို စနစ်တကျ ထည့်သွင်းရမှာပါ။ ပဲတီစိမ်းစိုက်ပြီး စပါးစိုက်ရင် ပဲအတွက် ဂျစ်ပ်ဆန် ကျောက်မှုန့်ထည့်သင့်ပါတယ်။ စပါးစိုက်ပြီးပဲစိုက်ရင် စပါးအတွက်ထုံးထည့်သင့်ပါတယ်။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ပေါက်ကရတွေ မလုပ်ပါနဲ့ ခင်ဗျား မြေ PH နိမ့်လွန်းရင် ထုံးထည့်ပါ ထုံးကို ဒီရာသီထည့်တာ အကောင်းဆုံးပါ ( ဘယ်လပ်မြေဝယ်ကျွေးမယ့် ပိုက်ဆံပမာဏကို ထုံးဝယ်ထည့်ပါ) ထုံးကြဲပီးရင် ထွန်စက်နဲ့ပြန်အုပ်ပါ လေတိုက်ရင် လွင့်ပါသွားမှာစိုးလို့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။