အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
466
လွန်ခဲ့သော ၆ နှစ် က · မြင်းခြံ

ငရုတ်မလုပ်ဘူးလို့ပါ အပွင့်ကက်နေပြီ ဘာသုံးရင်‌ေကာင်းမှာလည်းဗျ

စိုက်ပျိုး ရေ ငရုတ်သီး ငရုတ်ခင်းရေစီမံခန့်ခွဲခြင်း
Post image
5

ဖြေကြားချက် ၅ ခု

6,216 လွန်ခဲ့သော ၆ နှစ် က

မြေသြဇာကိုနွားချေးခြောက်အမှုန့်နဲ့ နယ်ပြီးအိပ်ထဲထဲ့ပြီး၅ရက်လောက်ကြိုတင်ပြီး နပ်ထားပါ ရေတင်ချိန်မှာဆေးဖျန်းပြီးပက်ပေးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပြည်ပကလာတဲ့စပ်မျိုးတွေက မြေသြဇာကျွေးပေးမှအထွက်ကောင်းပါမယ်။ပန်းဖြိုင်ဖြိုင်ပွင့်သည်မှအသီး ဖြိုင်ဖြိုင်တင်သည်အထိ ၁၅ပတ်လည်မြေသြဇာကို ၁၅ရက်တစ်ကြိမ်ကျွေးပေးရပါမယ်။ရေကိုလည်း၁၀ရက်တစ်ကြိမ်လောက်သွင်းပေးရပါမယ်။ရေနည်းနည်းနဲ့အစိုဓာတ်မိအောင်သာသွင်းရပါမယ်။နည်းနည်းနဲ့ပါးပါးသွင်းပေါ့။ဖြစ်နိုင်ရင်ဘောင်နဲ့စိုက်ပြီးရေသွင်းစေချင်တယ်။တချို့တောင်သူတွေက နောက်အသီးတွေကြီးထွားစေဖို့အတွက်ပထမပွင့်တဲ့အပွင့်တွေကိုခြွေပစ်ကြပါတယ်။

466 လွန်ခဲ့သော ၆ နှစ် က

ဖြေကြာပေးတဲ့အကိုတို့ကျေးဇူးပါဗျ ‌

348 လွန်ခဲ့သော ၆ နှစ် က

မော်ရယ်မုန်းဆေးပက်ပါ

111,325 လွန်ခဲ့သော ၆ နှစ် က

နွေရောက်လို့ အပူချိန်မြင့်မားလာတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အပင်တို့ရဲ့ လက္ခဏာပါ။ ရေကိုပိုမိုသွင်းပေးရန်လိုအပ်ပါသည်။ရေ‌ေပးသွင်းတဲ့အခါတိုင်း နံနက်ခင်းအချိန်တွင် ပင်ဖြန်းမြေဩဇာအရည်တစ်မျိုးမျိုးကို ဖြန်းပေးခြင်းဖြင့် ပိုမိုသော အသီးအပွင့်ကောင်းခြင်းတို့ဖြင့် ပြည့်စုံစေပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။