အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က

ခရမ်းပင်တွေက အပင်တွေကောင်းပြီး အပွင့်သိပ်မပွင်းဘူးဖြစ်နေတယ် ဘာကြောင့်လဲ ဘာလုပ်သင့် ဘာဆေးဖျန်းသင့်လဲဗျ

စိုက်ပျိုး ရေ ခရမ်းသီး
Post image
Post image
8

ဖြေကြားချက် ၈ ခု

Min Soe Hein
Min Soe Hein 291 လွန်ခဲ့သော ၆ နှစ် က

အောက်ခြေ ၆ လက်မ က အရွက်တွေ ခြွေပစ်ပါ။

Min Soe Hein
Min Soe Hein 291 လွန်ခဲ့သော ၆ နှစ် က

တီစူပါမှာ Phosphate 60%နီးပါးပါတယ်။ အပွင့်အသီးတွက် Phosphate အားပေးတါပါ။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

တစ်ပင် တစ်ဇွန်းနုန်းကြဲဖြန့်ကြွေးလို့ရပါတယ်။ကျနော့်အမြင်အရဆိုရင် ပုလဲထည့်တာများသွားရင် ဒီလိုလက္ခဏာမျိုးဖြစ်တတ်ပါတယ်။တီစူပါကတော့ ထည့်သွင်းများလို့ ဘာမှမဖြစ်ပါဘူး။အပွင့်မထွက်ခင် ကြိုတင်ကြွေးနိုင်ရင် ပိုကောင်းပါတယ်။

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

တီစူပါက NPK မှာ Pကိုပြောတာ phosphate ပေါ့

Naing Win Kyaw
Naing Win Kyaw 349 လွန်ခဲ့သော ၆ နှစ် က

တီစူပါကဘယ်လိုအချိူးလဲ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မြေဩဇာသုံးပုံ အချိုးစားမမှန်ခြင်း နှင့် အသီးအပွင့်ကို မနိုးဆွပေးခြင်းကြောင့်ဖြစ်နိုင်သလို အခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တီစူပါကို ပစ်ကြဲထည့်သွင်းပေးသင့်ပါတယ်။ ပြီး ပင်ဖြန်းမြေဩဇာတစ်မျိုးမျိုးဖြင့် ခရမ်းပင်ကို နံနက်ပိုင်းဖြန်း၍အသီးအပွင့်ကို နိုးဆွပေးသင့်ပါတယ်။

ဟိန်းထက်သူ
ဟိန်းထက်သူ 524 လွန်ခဲ့သော ၆ နှစ် က

မော်ဒယ်မုလ်း

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

နိုက်ထရိုဂျင်မပါတဲ့ အသီးအားဆေး(0:52:34, 0:42:56, 0:40:40) ဖျန်းပါ ဖြုတ် ယင်ဖြူ ဂရုစိုက်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။