အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုထွန်းထွန်းဝင်း
လွန်ခဲ့သော ၆ နှစ် က · ပေါက်

စပျစ် အတွက် ဖားဥမှို သို့ မှိုဖြူကို အောဂဲနစ်ဆေးဝါး ဘာကိုအသုံးပြုသင့်ပါသလဲ ကျေးဇူးပြုပြီး မိတ်ဆွေများ ဖြေကြားပေးပါလား

ခေတ်သစ်စိုက်ပျိုးရေး စပျစ်
Post image
5

ဖြေကြားချက် ၅ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဩဂဲနစ်သဘောကတော့ မှိုဖြစ်‌ပေါ်ပေါက်ဖွှားနိုင်တဲ့ အခြေနေတွေကို ဆန်းစစ်ပြီး မြေဩဇာကို စနစ်ပိုကျအောင်ပြုပြင်စီမံခြင်းက မြေကြီးကနေမှိုဖြစ်ပေါ်ခြင်းကို ပိုမိုဂရုတစိုက်နှင့် စိုက်ပျိုးပါတယ်။အသုံးပြုတဲ့စဉ်ကိုလည်း မှိုသတ်ဆေးဖြန်းရပါတယ်။မှိုဖြစ်ပေါ်နိုင်တဲ့ ဥတုရာသီမှာ ပိုပြီးအလေးထားရပါတယ်။ကြိုတင်သတိထားအာရုံပြုမှုက ‌အော်ဂဲနစ်စနစ်ရဲ့အကောင်းဆုံးကာကွယ်ဆေးလို့ဆိုမှာပါ။အများအားဖြင့် မှိုရောဂါဟာ မြေကြီနှင့် မြေဩဇာတို့ကို အခြေပြုပြီးဖြစ်ရခြင်းကြောင့် မြေနှင့်မြေဩဇာစနစ်ကို စနစ်ပိုမိုတိကျအောင် ဆောင်ရွက်ခြင်းက အခြားသောအစီးပွါးအလေ့ကျင့်ကောင်းတွေကိုပါ ရရှိစေပါတယ်။

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ပင်စိမ်း (BASIL) ပိုးသတ်ဆေး ခရမ်းချဥ်ရွက်တွေနဲ့ ပိုးမွှား‌တွေကိုနှိမ်နင်းကြမယ် ဒီနည်းတွေကတော့ မှိုရောဂါပါနိုင်တယ်လို့လေ့လာရတယ်အစ်ကိုရေ။ ဖားဥမှိုက ကန့်မှုန့်တော့နိုင်တယ်။

ကိုထွန်းထွန်းဝင်း
ကိုထွန်းထွန်းဝင်း 5,225 လွန်ခဲ့သော ၆ နှစ် က

အခုကရာသီဥတုအခြေပြုဖြစ်တာပါ ဓာတုဆေးသုံးရင်တော့ရပါတယ် အော်ဂဲနစ်ကိုပြောင်းချင်နေလို့ပါခင်ဗျ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

တစ်ပင်လုံးလက္ခဏာပြတတ်တာလည်ရှိတယ်။တစ်ပင်လုံး ကူးစက်ရင် ရောဂါဖြစ်စေတဲ့ အကြောင်းကိုတွေ့အောင်ရှာရပါတယ်။မြေကို အခြေပြုပြီးဖြစ်ပေါ်လာတယ်။ရေကို အခြေပြုဖြစ်လာတယ်။ဒါမှမဟုတ် ဥတုရာသီကိုတည်မှီပြီးဖြစ်ပေါ်လာတယ် စသည်ဖြင့် ဖြစ်ပေါ်ရာ အကြောင်းကို သိမြင်မှ ဖြေရှင်းလို့ရနိုင်မယ့်နည်တွေကို စဉ်းစားကြည့်လို့ရနိုင်ပါ့မည်။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါက အမြစ်မှာဖြစ်ပြီး အရွက်နှင့် အပင်မှာ လက္ခဏာပြတတ်တာမျိုးရှိတယ်။အပင်မှာဖြစ်တာရှိတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။