အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
69
လွန်ခဲ့သော ၆ နှစ် က

နှမ်းဖိုရောဂါ ကိုကာကွယ်နည်းလေးသိရင်ပြောပေးကြပါအုန်းခင်ဗျ

စိုက်ပျိုး ဗဟုသုတ နှမ်း နှမ်းဖိုရောဂါ
5

ဖြေကြားချက် ၅ ခု

471 လွန်ခဲ့သော ၆ နှစ် က

ပွင့်မစွဲချိန် မှာစုပ်စားပိုးနိုင်တဲ့ဆေးကို သုံးကြမ်ပြည့်အောင်ဖြန်းပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့။ဆေးကအထက်မှာဖော်ပြသလိုဘဲ ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးအသုံးပြုရမှာပါ။နှမ်းဖိုရောဂါဟာစုပ်စားပိုးဖြစ်တဲ့ဖြုတ်ညိုကြောင့်အဓိကဖြစ်တာပါ။ပိုးကြောင့်ရောဂါဖြစ်တာပါ။နှိုင်းယှဥ်ပြရရင် လူမှာငှက်ဖျား ရောဂါဖြစ်တာဟာ ခြင်ကြောင့်ပါ။နှမ်းပန်းပွင့်ဖြစ်တည်ချိန်မှာဖြုတ်ညိုကျရောက်ပြီးသစ်ရည်စုပ်ပါတယ်။အဲဒီအခါမှာ ဖြုတ်ညိုတွေမှာပါလာတဲ့ရောဂါဖြစ်စေတဲ့သက်ရှိအကောင်ကလေးတွေ(မိုက်ကိုပလပ်စမာ)ဟာပွင့်ပိုင်းအင်္ဂါမှာကျရောက်ပြီးရောဂါဖြစ်စေပါတယ်။ရောဂါကျရောက်ပြီဆိုတာနဲ့အပွင့်ဖြစ်မလာတော့ဘဲ အရွက်နုထိုးလာပါတယ်။အပွင့်ဖိုသွားပါတယ်။ဒါကိုနှမ်းဖိုရောဂါ,ရွက်သေးထိုးရောဂါ,ဦးဆပုပ်ရောဂါ...ဆိုပြီးဒေသအလိုက်ခေါ်ဝေါ်ကြပါတယ်။အဲဒီတော့...ရောဂါကျရောက်နေပြီဆိုရင် အဲဒီအပင်ကိုနှုတ်ပြီးမီးရှို့ပစ်ပါ။တောင်သူအများစုကမနှုတ်ဘဲ ရိတ်တဲ့အခါမှာချန်ထားခဲ့ကြတာကြောင့်ထယ်ရေးပြင်တဲ့အခါအဲဒီရောဂါရအပင်ဟာစိုက်ခင်းမြေထဲရောက်သွားတာကြောင့်နောက်ရာသီမှာ ရောဂါဆက်ဖြစ်နေကြတာပါ။နှမ်းဖိုရောဂါဖြစ်ရင်ရောဂါကိုဆေးဖျန်းပြီးနှိုမ်နင်းလို့မရပါ။ရောဂါဖြစ်စေတဲ့/သယ်ဆောင်တဲ့ ဖြုတ်ညိုကိုနှိုမ်နင်းရမှာပါ။ရွက်ညှာနဲ့ရွက်ကြောကြားမှာအုတတ်ပါတယ်။တစ်ခါအုရင် ဥ..၂၀၀ ခန့်အုပါတယ်။ဒါကြောင့်အပင်ငယ်စဥ်မှာပင်လုံးပြန့်ဆေးတစ်မျိုးမျိုးကိုကြိုတင်ဖျန်ပေးခြင်းဖြင့်ဖြုတ်ညိုကိုကာကွယ်ရပါမယ်။ရောဂါရအပင်ကိုနှုတ်ပယ်ပြီးမီးရှို့ရပါမယ်။စောလွန်းစွာမစိုက်ပါနဲ့။ဖြစ်နိုင်ရင်နှမ်းတစ်မျိုးတည်းနှစ်စဥ်စိုက်ခြင်းထက် သီးလှည့်စိုက်ပါ။

270,769 လွန်ခဲ့သော ၆ နှစ် က

နှမ်းဖိုရောဂါ အကြောင်း တစေ့တစောင်း (Phyllody) ဒီဆောင်းပါးမှာလည်းလေ့လာကြည့်ပါ။

4,481 လွန်ခဲ့သော ၆ နှစ် က

ကာကွယ်နည်းနဲ့ ဆေးလေးညွန်ပါလား

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နှမ်းဖိုရောဂါဟာ ပိုးကြောင့်ရောဂါဖြစ်တာပါ။စုပ်စားပိုးမှတဆင့်ရောဂါဖြစ်လာတာမို့ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းရပါမယ်(ဆက်ပြီးမပြန့်ပွားအောင်ပါ)။ရောဂါဖြစ်နေတဲ့အပင်ကိုနှုတ်ပယ်ပြီးမီးရှို့ဖျက်ဆီးပစ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။