အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,754
လွန်ခဲ့သော ၆ နှစ် က · မတ္တရာ

313 စိုက်ထားတာပါ အပင်ဘယ်အရွယ်လောက်မှာ အစာပေး ဆေးဖြန်းလုပ်ပေးသင့်သလဲခင်မျာ

9

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

Thanks bro

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

မိုးအတွက် မဒီနဲ့ ဒေဝီ ဆ်ုပြီ အသစ်နှစ်မျိုလာပါလိမ့်မယ်

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

မိုးတွင်းစိုက်ဖို့ သခွား ဘယ်မျိုးအဆင်ပြေလဲဗျ လက်ရှိနွေရောဘယ်မျိုးအဆင်ပြေလဲ ကျနော်တော့ သခွား ၇၇၇ပဲ စိုက်တာ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

၁၁၁ က တစ်နှစ်လုံး စိုက်လိုရပြီ ၃၁၃.fola,tip ကျန်တဲ့ သုံးမျိုးက နွေကို ရှောင်ရပါ့မယ်

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

မျှားနီပဲတောင့်ရှည် မျိုး ၄မျိုးရဲ့ အားနည်းချက် အားသာချက်ကို တချက်လောက်ပြောပေးပါ အကို ကျတော်လည်း စိုက်သာစိုက်နေတာ အတိအကျမသိဘူး 111က အသီးရှည် အသီးများတော့ ကျနော်က ပိုကြိုက်တာ မိုးတွင်း အဆင်မပြေတဲ့ သဘောလား အကို

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

၁၁၁ကတော့ နွေအတွက်ပိုပီးသင့်လျှော်မှာပါ ဒီအချိန်ကိုနောက်ကျရင်သတိပြုပါ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

131,tip ,fola တွေက မိုးတွင်းဘဲစိုက်ဖို့သင့်လျှော်ပြီ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

313 မျိုးထက် 111မျိုးကို ပိုသဘောကျတယ် ပဲသီးရှည်တယ် အသီးများတယ် ပဲတွေက အကြမ်းအားဖြင့် အစေ့တွင်းစာကို ၁၄ရက်သားထိစားပါတယ် ၁၄ရက်ကျော်မှ ရွက်ဖျန်းအားဆေးလိုက်ပါ မြေကြီးကနေကျွေးရင်၁၅ပတ်လည်လိုက်ပါ ပိုးသတ်ဆေးကျတော့ စိုက်ပျိုးရေးမှာ ကာကွယ်တယ်ဆိုဒါက ဘေးထွက်ဆိုးကျိုးများလွန်းပါတယ် ဆေးကို လိုအပ်မှသုံးပါ စုပ်စားပိုးကျရင် ပင်လုံးပြန့် ဆေးဖျန်းပါ ကိုက်စားပိုး ဆို ထိသေစားသေဖျန်းပါ ပုန်းလျှိုးခွက်လျှိုး ပိုးဆို အဆိပ်ငွေ့ အာနိသင်ရှိတဲ့ဆေးတွေဖျန်းပါ သူ့ပိုးနဲ့ သူ့ဆေးနဲ့မှ အဆင်ပြေတာပါ စိုက်ပျိုးရေးမှာ ဆေးဖျန်းပြီးကာကွယ်တယ်ဆိုဒါ ဆေးယင်ပါးမှုပိုဖြစ်ရုံသာ အဖတ်တင်တာပါ အဓိကက ကိုယ့်စိုက်ခင်းကိုယ်ဂရုစိုက်ဖို့ပဲ ပိုးကျရင်တော့ ဆေးဖျန်းပါ

111,325 လွန်ခဲ့သော ၆ နှစ် က

ပဲတောက်ရှည်ပိုးကျခြင်းက အပင်များ၍သိပ်အောင်စိုက်ခြင်းကြောင့် ပိုးမွှားခိုအောင်းလွယ်ခြင်း အနီးပါး၌ ပဲစိုက်ခင်းအဟောင်း အကျများရှိခြင်းနှင့် ပဲပင်ကို ဆယ်ငါးရက်တစ်ကြိမ် ဆေးမှန်မှန်မဖြန်းခြင်းတို့သည် ပိုးကျရန် လွယ်ကူသော အကြောင်းအချက်များဖြစ်သည်။အသီးပန်းစတင်ပွင့်သည်နှင့် မလိုအပ်သောအတက်များရှင်းထုပ်ပေးခြင်းနှင့် နေရောင်ခြည်ကောင်းစွာမထိသော ကြားအရွက်များဖြတ်ပေးခြင်း ပင်လုံးပြန့်ပိုးသတ်ဆေးဖြန်းခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

တိုင်ထောင်ပဲဒီအချိန်စိုက်ပျိုးရင်အဆင်ပြေမပြေသိချင်ပါတယ် ရွှေပဲနဲ့တိုင်ထောင်ပဲအဆင်ပြေတာစိုက်ချင်နေပါတယ် ဘယ်ဟာက...

ဖြေကြားချက် 2 ခု

ကျနော်ပဲခင်းလေးအတောင်တိုပြိးအသိးနည်းနေတ်ဘာဆးတွေသုံးသင်တယ်ဆိုတာလေးအကြံပေးကြပါဗျာ

ဖြေကြားချက် 6 ခု

တိုင်ထောင်ပဲစိုက်ထားပါတယ်အသီးအားဆေးအတွက်ဘာဆေးတွေကောင်းပါသလဲအလင်းပြပါခင်ဗျာပိုးမွှားတွေအတွက်ကောပိုးသတ်ဆေးအနေနဲ့...

ဖြေကြားချက် 2 ခု

ပဲတောင့်ရှည်မျိုးစေ့ထုပ်ဝယ်ထားတာမစိုက်ဖြစ်လို့ ဆောင်းသီးနှံစိုက်ပြီးရင်သစ်စိမ်းမြေသြဇာအဖြစ်စိုက်လို့ရလား? အသီး...

ဖြေကြားချက် 2 ခု

ပဲတောင့်ရှည်အတွက် စိုက်ဘောင် အမြင့် ထည့်ရမယ့်မြေခံ သိချင်ပါတယ်ဆရာတို့ ခင်မျာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။