2လသားပါး လိုအပ်ချက်လေးပြောပေးပါအုံးး ကုန်ချိန်အထွက်တိုးအောင်လမ်းညွှန်ပေးကြပါ
ကျနော့်အမြင်ပြောရရင် နွေစိုက်ပျိုးပုံက အပင်ရင်းအရိပ်ရအောင်စိုက်တာ ပိုမိုကောင်းမွန်တဲ့ရလဒ်ကိုဖြစ်စေပါတယ်။ကျဉ်းမြောင်းဖော်တာ ကျဲလွန်းပြီး ရေသွင်းစနစ်ကို ဒီထက်ပင်ရေပိုမိုဝင်ဆန့်ပြီး၊မြေသြဇာကို အရည်စနစ်ကျင့်သုံးပြီး ရေသွင်းစနစ်နှင့်အတူ ထည့်သွင်းအသုံးပြုဖို့ဆိုလျင် ဒီထက်နိမ့်တဲ့ကျဉ်းစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါတယ်။အလျားလိုက်မြောင်းကိုဆက်သွယ်ရေသွင်းသောစနစ်ကို ဒေါင်လိုက်ပုံသဏ္ဌန်မြောင်းဖြင့် အပင်ကြားတွင်ခြားပြီး တစ်ကျဉ်းကို သုံးတွင်းတစ်တန်းပြောင်းလွဲ၍စိုက်ပျိုးသင့်ပြီး၊ တစ်တန်းနှင့်တစ်တန်းအကွာဝေးကို ရေတစ်သွင်းအစာမြေသြဇာ ကြိမ်ရေနှင့်တွက်ချက်ပြီးမှ ပေါက်ပြားနှင့်တွက်ချက်တိုင်းထွာ ချန်လှပ်သင့်ပါတယ်။မျိုးစေ့ကို ရေစိမ်ဖောက်၍ အပင်ပေါက်နုန်းကို သေခြာစစ်ဆေးပြီးမှ ရေကြိုသွင်းထားသော မြေပေါ်စိုက်သင့်ပြီး။မြေကြီးကို ပက်ကြားအက်တဲ့အထိရေမပြတ်သင့်သောကြောင့် ကြိမ်ရေများများမြန်မြန်စနစ်ကို ကျင့်သုံးသင့်ပါတယ်။ပင်ရေပိုမိုဝင်ဆန့်ခြင်း မြေနေရာနှံ့အောင်ရေကြိမ်ရေပိုသွင်းခြင်းနှင့် ရေနှင့်အတူသြဇာဓါတ်ထည့်သွင်းနိုင်ခြင်းတို့ကြောင့် ပိုမိုထွက်နုန်းကောင်းလာစေပြီး၊ပိုမွှားရောဂါတို့အတွက် ကြိုတင်စနစ်ချထားရိြှခင်းကြောင့် ယခုထက်ပိုသော အောင်မြင်ဖြစ်ထွန်းမှုမျိုးကို ရရှိနိုင်မှာပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပိုးကျချင်တာ ဆိုင်ကလုံးပိုးသတ်ဆေးဖြန်းလို့ရပါသလားဗျ
ဖြေကြားချက် 7 ခု
၁၅့ရက်သားတော့ရပြီဗျ ညနေ ပုလဲမြေဆီ ခပ်ပါးပါးကြွေးပြီး ဖျန်းရေ ပေးလိုက်မလို့ မိတ်ဆွေတို့ အဆင်ပြေပါမည်လော
ဖြေကြားချက် 4 ခု
တပေါင်လမှာရုံပတေစိုက်လို့ကောင်းသေးလား
ဖြေကြားချက် 2 ခု
15 ပတ်လည်ထဲ့ရင်ကောင်းမလား ပုလဲထဲ့ရင်ကောင်းမလားနွားချေးထဲ့ရင်ကောင်းမလားသိချင်ပါတယ် ပုလဲကမြေချဉ်တယ်ဆိုလို့ပါ
ဖြေကြားချက် 4 ခု
ကြက်ချေးအောက်ခြေပုံပေးကောင်းပါသလားဒီနှစ်မှစလုပ်ဖူးလို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။