လွှစာမှုန့် မဟုတ်တဲ့ ကော်ပတ်စာမှုန့် များကို မြေဆွေးမဖြစ်အသုံးပြု၍ရပါသလား ခင်ဗျာ ။ နောက်ပီး ဂွေချိုပင် အကြီးကနေ ကိုင်းကူးလို့ရပါသလား ရလျှင်အနည်းငယ်ရှပြပေးပါခင်ဗျ။ လေစားစွာဖြင့် ..
ရုပ်ပြိုကွဲခြင်းဖြစ်စဉ်နှေးသောကြောင့် ကောင်းစွာ ဆွေးမြေ့ပြီးဖြစ်ပါလျှက် မြေ၏ပကတိအရှိသဘောနဲ့ခြားနားချက်ကို အချိန်ကာလအတိုင်းအတာတစ်ခုထိခြားနားပေးနိုင်ခြင်းသည် အမြစ်သစ်တိုးဝင်အစာစားနိုင်ခြင်းကို အထောက်ပံ့ဖြစ်စေသည်။မဆွေးမြေ့ပါက မှိုဖြစ်ပေါ်လွယ်သောကြောင့်၊ အမြစ်သစ်ဖြစ်ပေါ်ခြင်းကို အနှောက်ယှက်အဟန့်အတားပြုခြင်းကြောင့်၊ အပင်ရောဂါများဖြစ်စေသည်။ ဆွေးမြေ့ခြင်းအလျှင်မြန်ရန် ဆွေးမြေ့လွယ်သော အခြားသော သဘာဝမြေဩဇာများ၊ ဆွေးမြေ့ပြီးမြေေဆွးများနှင့်၊ရောစပ် အဆွေးခံခြင်းဖြင့် ဓါတုရုပ်ပြိုကွဲခြင်းဖြစ်စဉ်ကောင်းသော သစ်ဆွေးမြေကိုရရှိစေပါသည်။အပင်နုများအတွက် ကောင်းစွာဆွေးမြေ့ဖို့လိုသော်လည်း၊ ဉယျဉ်ခြံအပင်ကြီးများအတွက်မူ အသင့်တင့်ေဆွးေမြ့ယုံဖြင့်ထည့်သွင်းကာ အသုံးပြု၍ရပါသည်။မြေဩဇာတို့၏ ဓါတုရုပ်ပြိုကွဲခြင်း အလျှင်သည် သဘာဝအားဖြင့်၊ နေစကြာဝဠာဖြစ်စဉ်နှင့် ယှဉ်တွဲလျက်ဖြစ်သော သဘောတရားဖြစ်စဉ်ကြီးဖြစ်သည်။ရုပ်ဝတ္ထုတို့သည် တစ်ခုနှင့်တစ်ခု သိပ်သည်းဆမတူသလို၊ ရုပ်ဂုဏ်သတိပြိုကွဲခြင်း၏ ဆွေးမြေ့ခြင်းဖြစ်စဉ် အလျင် အနှေးအမြန်မတူညီကြပါ။အပင်ကြီးများအတွက် အလျင်နှေးသောဆွေးမြေ့ပြိုကွဲခြင်းနှင့် အလျှင်မြန်သော ဆွေးမြေ့ပြိုကွဲခြင်းနှစ်ခုလုံးလိုအပ်ပြီး၊အပင်နုများအတွက်တော့ အလျင်မြန်သော၊ ဆွေးမြေ့ခြင်းဖြစ်စဉ်ရှိသော၊ ဓါတုပြိုကွဲခြင်း ရုပ်ဂုဏ်သတ္တိဖြစ်စဉ်က ပိုမိုအကျိုးသက်ရောက်မှုကြီးမားသည်။ထိုအခါ မြေ၏ရုပ်ဂုဏ်သတ္တိကို ပြိုကွဲဆွေးမြေ့လျှင်မြန်စေသော ဓါတုသဘောတရားတို့ကို ဖန်တီးရှာေဖွခဲ့ကြသည်။ လွှစာမှုန့်၊ ကော်ပတ်စာမှုန့်တို့သည် မြေ၏ရုပ်ဖြစ်စဉ်ကို အထောက်ပံ့ပေးနိုင်သော အလျင်နှေးသော ဓါတုရုပ်ဖြစ်စဉ်ရှိခြင်းသည်၊ အပေါ်ယံမြေဆီလွှာပျက်စီးခန်းခြောက်နေသောမြေများတွင် ထည့်သွင်းပေးနိုင်ပါက မြေ၏ရုပ်ဂုဏ်သတ္တိဖြစ်စဉ်ကို စိုက်ပျိုးရေးအတွက် ပိုမိုကောင်းမွန်သောမြေအဖြစ် ပြန်လည် မွန်းမံပေးနိုင်စွမ်းမျိုးရှိသည်။
ဆက်စပ်မေးခွန်းများ
စိန်တစ်လုံး ပင်ခြားတန်းခြား 30×30စိုက်ထားပါတယ် ဂွေးသီးပင်ကို ခြားထဲမှာထည့်စိုက်ရင်အဆင်ပြေနိုင်ပါသလား အကွာအဝေး...
ဖြေကြားချက် 2 ခု
ဂွေးသီးပင်က ပျိုးသက်တမ်း ဘယ်အရွယ်စိုက်ရင်အဆင်ပြေပါသလဲ ဘယ်မှာဝယ်လို့ရလဲ သိချင်ပါတယ် ကျေးဇူးပြု၍လမ်းညွှန်ပါအုံး
ဖြေကြားချက် 2 ခု
ကျွန်တော်ရဲ့ဂွေးသီးပင်ကပျိုးဆိုင်ကဝယ်လာတုန်ကတော့အကောင်ဘဲအိမ်ရောက်တော့အရွက်လေတွေခြောက်သွားတယ်ဘာလို လို့လဲ
ဖြေကြားချက် 2 ခု
30×30သရက်ခင်းထဲမှာစိုက်ချင်ပါတယ် ကျင်းအနေအထား အောက်ခံမြေဆွေး နဲ့ရေပေးသွင်းမှု သိချင်ပ့တယ် စိုက်ကျိုးနည်းထဲမှာ...
ဖြေကြားချက် 1 ခု
ဂွေးပင့်စိုက်ပျိုးနည်းသိလိုပါတယ်ခင်ဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။