အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မင်းမင်း
လွန်ခဲ့သော ၆ နှစ် က · မတ္တရာ

အရွက်တွေ တွန့်နေတုန်းပဲဗျာ ပိုး/မှိုသတ်ဆေးတွေလည်းဖျန်းပြီးပါပြီ မနှစ်ကလည်းဒီလိုပုံပါပဲ အပင်ကတော့ကောင်းတယ် သန်တယ် ဆိုးတာက တဖြည်းဖြည်းနဲ့ တပင်လုံးလိုလို အရွက်တွေတွန့်ကုန်တယ် သီးချိန်ရောက်ရင် အသီးပွင့်ကတော့ရှိပါတယ် ဒါပေမဲ့ အရွက်တွေကတွန့်နေပြီး အစိမ်းရင့်ရောင်ရွက်ကြမ်းတွေဖြစ်နေတယ် သီးတံတိုတယ် အသီးတိုတယ် ကောက်တယ် တချို့အပင်တွေဆို တပင်လုံး ဝါတွန့်ပြီး လုံးဝမသီးတော့ဘူး နုတ်ပစ်လိုက်ရတယ် ကျေးဇူးပြုပြီး ဖြေရှင်းပေးပါဦး ဆရာအစ်ကိုတို့

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image
18

ဖြေကြားချက် ၁၈ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးတဲ့မျိုးစေ့ချစဉ်ကာလဟာ စိုက်ပျိုးရေးရဲ့ အရေးကြီးဆုံးအခါပါပဲ။ထိုကာလမှာ အလွယ်ပြုလုပ်စိုက်ပျိုးလိုက်တာနဲ့ နောက်ထပ်လုပ်ငန်းစဉ်တိုင်းမှာ အခက်အခဲကြုံရတော့တာပါပဲ။ဒီကနေ့ဟာ ဆက်သွယ်ရေးရဲ့ အားဖြည့်ပေးမှုကြောင့် မိတ်ကောင်း‌ဆွေကောင်း အကူညီကောင်းကို ရလွယ်သောအခြေနေကို ရရှိလာစေပါတယ်။အထူးသဖြင့် စိုက်ပျိူရေးလုပ်ငန်းဆောင်တာများဟာ အမှားအယွင်းနည်းမှ အောင်မြင်မှုရလွယ်စေတဲ့ သဘောမျိုးရှိပါတယ်။

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဟုတ် အစ်ကို

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးစဉ်က ပေါက်လာမည့်ပေါင်းပင်ကို ကြိုပြီးထည့်စဉ်းစားသော အခြေခံ စိုက်ပျိုးခြင်းနည်းစနစ်ကို ကျင့်သုံးထားခြင်းမရှိဘူးလို့ ဆိုလိုတာပါ။မြေဩဇာက ရိုးရိုး ကြက်‌ချီးနွားချီးကိုပဲသုံးပါတယ်။မြက်ကို ရှင်းပြီးထည့်သင့်ပါတယ်။

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ခင်မျာ ဘာကိုပျောတာလဲမသိဘူ အစ်ကို

အမည်မသိ
အမည်မသိ 232 လွန်ခဲ့သော ၆ နှစ် က

ဘာဆေးဖြန်းသင့်ပါသလဲဗျ

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

မြေသြဇာထည့်မယ်ဆိုရင် ဘယ်ဆေးကို ဘယ်လိုထည့်သင့်လဲ အစ်ကို

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဟုတ်အစ်ကို

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ပေါင်းမြက်ထူနေပါတယ်။ပေါင်းမြက်ထူထပ်ခြင်းဟာ ပိုးမွှားရောဂါဝင်လွယ်စေပါတယ်။မြေဩဇာရည်လောင်းပေးလေ ပေါင်းပင်တို့ကပိုမိုသန်မာလာလေပါပဲ။ပေါင်းလိုက်ပေးဖို့လိုပါတယ်။ပေါင်းပင်အတွက်စနစ်တကျ ပြင်ဆင်စိုက်ပျိုးမှုမျိုးမဟုတ်သောကြောင့် ပေါင်းပင်ကို အရင်ရှင်းပြီးမှ မြေဩဇာထည့်သင့်တဲ့ အနေအထားပါ။ပဲတောက်ပင်ဟာ အညွန့်ထွက်နေပြီဖြစ်တဲ့အတွက် မြေဩဇာထည့်သွင်းချိန်ရောက်နေပါပြီ။

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဒါက မနေ့က ရိုက်ခဲ့တာပါ

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဒီ အရွယ်တုန်းက လောင်းပေးထားတာပါ

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ဆေးမလောင်းခင် စိုက်ကျင်းထဲကို ရေတစ်ခွက်စီ အရင်လောင်းပေးပါတယ်ပြီးမှ ဆေးလောင်းတာပါ

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

အရွက်ကိုတော့ မဖျန်းပါဘူး

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ပုံးနဲ့ အပင်ခြေ စိုက်ကျင်းထဲ ကို လောင်းပေးတာပါ အကို

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဘယ်လိုလောင်းလဲ။ရေပုံးထဲထည့်လောင်းတာလား။ဖြန်းတာလား။

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

7ရက်သားလောက်မှာ ရေလေးဂါလံကို ပုလဲ -ကွန်ပေါင်း လကျတဈဆုပျစီဖျော်ပြီးလောင်းထားပါတယ် ကွန်ပေါင်းနဲ့ ပုလဲ လွန်သွာတများလးခင်မျာ

မင်းမင်း
မင်းမင်း 6,754 လွန်ခဲ့သော ၆ နှစ် က

ကိုညီညီခင်များ စိုက်ပုံစနစ်ကတော့ ပျိုးအိပ်နဲ့ထောင်ပြီးမှ ကျင်းတူးပီး နုန်းမြေဖုံးပြီးစိုက်ပါတယ် နေ့စဉ်မနက်ပိုင်းရေလောင်းပါတယ် အပင်စိုက်ပြီး 5 ရကိလောက်မှာပိုးသတ်ဆေး နု့အပင်အားဆေး ဖျန်းပေးပါတယ် 12ရက်သား မှိုသတ်ဆေး ဟတ်ဇာဂွန်ကို ဖျန်းပေးပါတယ် အရွက်တွေကတွန့်နေတုန်းပါပဲ ဒါကြောင့် မနေ့ကတစ်ခါ ရွှေခရိးဆိုတဲ့ ဆေးကိုဖျန်းပေးထားပါတယ်

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

အရွက်တွန့်တာ ပုံစံမမှန်တာက စုပ်စားပိုးကြောင့်ပါ ပုံစံကြည့်ရတာ လှေးစုပ်တဲ့ လက္ခဏာပါ အရွက်ရဲ့ နုတဲ့အပိုင်းတွေ ပန်းပွင့်တွေထဲမှာ ( အနက်ရောင် ခွေးသန်းလို ၊ အကောင်သေး လိမ္မော်ရောင် သေးသေးလေးတွေ) တွေ့နိုင်တယ် သေချာကြည့်ပါ စုပ်စားပိုးကျပြီဆို အရွက်တွေ ပုံစံမမှန်တော့ဘူး အကောင်ရေများရင် အပွင့်တွေ ကြွေတယ် အသီးတွေ ပုံစံမမှန် size မမှီ တွန့်လိမ်ကွေးကောက်နေတတ်တယ် အထူးသဖြင့် အပူအရှိန်ပြင်းတဲ့ရာသီမှာ မျိုးပွားနှုန်းမြင့်မားသဖြင့် ထိန်းရခက်ပါတယ် ဆိုးဆိုးဝါးဝါးကျရင် အပင်က ရွှေဝါရောင် မှိုစေ့ ဗိုင်းရပ်ရောဂါဝင်ပြီး အပင်ပါဝါပြီး အသီးတွေက အဝါသီးတွေသီးပြီး အပင်ပါ ကျသွားတယ်် စုပ်စားပိုး ကာကွယ်နှိမ်နှင်းပါ စိုက်ခင်းအနီးတဝိုက် ပေါင်းမြက်တွေ ရှင်းလင်းပါ ဆေးဖျန်းမယ်ဆို ပင်လုံးပြန့်ပိုးသတ်ဆေးတွေ လှည့်ဖျန်းပါ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဘာမြေဩဇာကို အသုံးပြုထားလဲ။ မြေက အနေထားကောင်းပါတယ်။ မြေဩဇာကိုဘယ်လို ထည့်သွင်းလဲ။ စိုက်ပုံနည်းစနစ်နှင့် မြေရဲ့အနေအထားရ လိုအပ်ချက်များစွာရှိနေပါတယ်။ဘယ်မျိုးစေ့တံဆိပ်ကို စိုက်ပျိုးလဲ။ မြေယာ စနစ်အခင်းကျင်းကောင်းတွေ လေ့လာခြင်းဖြင့် ပိုအောင်မြင်နိုင်ပါတယ်။မြေဩဇာထည့်ပြီး မြေအုပ်ထားတာလား။ဖြစ်နိုင်ရင် ဖြေစေလိုပါတယ်။အကောင်းဆုံး အကြံပြုပေးနိုင်အောင်ပါ။စိုက်ပျိုးနည်းစနစ်များအရ ပဲတောက်ကို အများအားဖြင့် စိုက်ပျိုးသူအများစုက ဒုတိယသီးနှံအ‌ေနဖြင့်အစိုက်များကြပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။