အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးကျော်မျိုးအောင်
လွန်ခဲ့သော ၆ နှစ် က · ဇေယျာသီရိ

မာလကာပင်တွေ အသီးထဲက ပိုးတန်းဝင်နေလို့ပါ ဘာဆေးမှမဖျန်းပါဘူးခင်ဗျ ဘာဆေးသုံးရင်အဆင်ပြေမလဲဗျ

ပိုးမွှားရောဂါ မာလကာ

ဖြေကြားချက် ၈ ခု

ဦးကျော်မျိုးအောင်
ဦးကျော်မျိုးအောင် 466 လွန်ခဲ့သော ၆ နှစ် က

ဖြေကြားပေးကြတဲ့ ပညာရှင်အပေါင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ

ညီညီ
ညီညီ 111,354 လွန်ခဲ့သော ၆ နှစ် က

အနီးအပါးမှာ သီးထိုးယဉ်တွေ အမြောက်အများ အိမ်ဖွဲ့နေထိုင်နေတယ်လို့ထင်ပါတယ်။သီးထိုးယဉ်ဖမ်းတဲ့ ဆေးဝါးတွေကို နေရာအနံ့မှာချိတ်ဆွဲထားစေလိုပါတယ်။တစ်နှစ်ပတ်လုံးထောင်ဖမ်းလိုက်ရင် ပိုးမျိုးပွါးမှုလျော့ကျသွားစေနိုင်ပါတယ်။

ဦးကျော်မျိုးအောင်
ဦးကျော်မျိုးအောင် 466 လွန်ခဲ့သော ၆ နှစ် က

ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဗျ မျှဝေပေးကြပါဦးခင်ဗျာ

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,167 လွန်ခဲ့သော ၆ နှစ် က

သတင်းစာ ပတ်ပြီး အိတ်စွပ်တာ အသီးနုစဥ်ကတည်းကပါ သီးထိုးယင်က အသီးထဲမှာ ဥ ဥ ပြီးချိန်သွားစွပ်ရင်တော့ရမှာမဟုတ်ပါဘူး

ဦးကျော်မျိုးအောင်
ဦးကျော်မျိုးအောင် 466 လွန်ခဲ့သော ၆ နှစ် က

သတင်းစာပတ်ပြီး အိတ်စွပ်ကြည့်တယ်ဗျ မရလို့ပါဗျ

ညီညီ
ညီညီ 111,354 လွန်ခဲ့သော ၆ နှစ် က

အသီးကို ထုပ်ပေးထားပါ။ဖလံ‌ေကာင်နှင့်အသီးထိုးယဉ်‌ေကာင်မထိုးနိုင်‌ေစရန် စက္ကူနှင့်ဖြစ်စေ၊ပလပ်စတိအိပ်နှင့်ဖြစ်စေ၊အရွယ်ရောက်သီးနှံများကို ထုပ်‌ေပးလိုက်ခြင်းသည် အသီးအရောင်‌ေသွးကိုလည်း ဖြူဝင်တောက်ပလာစေပါတယ်။ပိုးမွှားအန္တရာယ်မှလည်းကင်းစေပါတယ်။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က
Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

အသီးမှည့်တဲ့ အချိန်မှာ အထဲမှာ လောက်ကောင်သေးသေးလေးတွေရှိနေတာကိုပြောတာလား သီးထိုးယင်ထိုးလို့ဖြစ်တာပါ သီးထိူးယင်ထောင်ဖမ်းဆေး Methyl Euginol သုံးလို့ရပါတယ် ဆေးဖျန်းစရာမလိုဘူး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။