လျော်ဖြူ အစေ့ကို အညှောက်ပေါက်အောင် ဘယ်လိုပျိုးရလဲဗျ
မြစ်နုန်းမြေ ဒါမှမဟုတ် ယာမြေ လယ်မြေစေး(စုဆောင်းထားပါ)… နွားချေးဆွေးအနည်းငယ်(ယခုလတ်တလော ရရှိထားသောနွားချေးမသုံးရ)… စက်ဖွဲပြာ(ဖွဲပြာအမဲ)(ဖြူဖွေးနေသောပြာကို မသုံးရပါ)… သဲအနည်းငယ် မြေစပ်ရမယ့် အချိုးအစားကတော့ မြေ ၃ဆ နွားချေး၁ဆ ဖွဲပြာ၁ဆ သဲ ၀•၅ဆ တို့ပဲဖြစ်ပါတယ် ၎င်းတို့ကို အရောအနှောညီအောင် မွှေနှောက်ပြီရောစပ်ရပါမယ် ပျိုးမြေစပ်တဲ့အခါ အရေကြီးဆုံးက ပျိုးပင်တေမြေချစိုက်ပျိုးတဲ့အခါ မြေလုံးမကွဲအောင် မြေအမျိုးစားပေါ်မူတည်ပီ မစီးလွန် မဖွဲလွန်အောင် သင့်တော်သလိုရောစပ်ရပါမယ် ပျိုးမြေစပ်တဲ့အခါမှာ တပြိုင်နက်တည်း မြေဆောင် ပိုးသတ်ဆေး ဖျူရာဒါန် ကံဖျူရန်ဆေးမျိုး အညွှန်းအတိုင်း ရောစပ်ပိုးသတ်ထားရင် ပိုကောင်းပါတယ် #ပျိုးအိတ် မြေထည့်ခြင်း -အထက်ပါအစီးစဉ်တေပြီပါက ပျိုးအိတ်ထဲမြေထည့်ရပါမယ် ပျိုးထုပ်ထဲမြေထည့်တဲ့အခါ စပ်ထားသောမြေများကို သေသေချာချာကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဆောင့်ထည့်ရပါတယ် မြေထည့်တဲ့အခါ ပျိုးအိတ် နှမ်ခမ်းပြည့်မထည့်ရပါဘူး ပျိုးဘောင်မှာ ပျိုးအိတ်တွေကို စနစ်တကျ အတန်းညီညီစီတန်းရပါတယ် ပျိုးအိတ်များကိုမတ်မတ်ထားရပါတယ် ပျိုးအိတ်အောက်ခြေအထိ ရေရောက်အောင် ရေကိုဖျန်းပေး လောင်းပေးထားပါ ထို့နောက် ပျိုးအိတ်ထဲသို့ မျိုးစေ့ထည့်နိုင်ပါပြီး မျိုးစေ့ကိုပျိုးအိတ်ထဲသို့ တိုက်ရိုက်ဖြစ်စေ အညှောင်ဖောက်ပြီမှဖြစ်စေ ထည့်နိုင်ပါတယ် ကိုးကား- လျှော်ဖြူဆေးကုလားမစိုက်ပျိုးဖြန့်ဖြူးရေး facebook page
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လျှော်ဖြူကို တစ်ဧက ကိုဘယ်လောက်အပင်စိုက်လဲ? ပြီးတော့ပင်ကြားတန်းကြားသိချင်လို့ပါ
ဖြေကြားချက် 1 ခု
လျှော်ဖြူ
ဖြေကြားချက် 2 ခု
လျှော်ဖြူအစေးကိုဘယ်မှာသုံးလို့ရသလဲရှင့် သိချင်လို့ပါ ပြီးတော့အခုပေါက်စျေးဘယ်လောက်ရှိလဲသိချင်လို့ပါ
ဖြေကြားချက် 3 ခု
လျော်ဖြူ စေ့ကိုဘယ်လိုပျိုးရလဲ လျှော်ဖြူပျိုးမယ်ဆိုရင်အညှောက်အရင်ဖောက်ရတာလား အညှောက်ဖောက်နည်းလေးသိရင်ပြောပေးကြ...
ဖြေကြားချက် 5 ခု
လျှော်ဖြူတွေကဘာအတွက်အသုံးပြုကြတာလဲခင်ဗျသိချင်ပါတယ်ပိုက်စံဈေးကောင်းကောင်းရမယ်ဆိုရင်စိုက်ပျိုးချင်မိပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။