နှမ်း၁လကျော်ရှိကါပီအပင်မဖြစ်လို့ဘာဆေးဖျန်းရမလဲရှင်တချိုပင်တွေကပန်းပွင့်နေပီ
အပင်မှုန်းပြီး အပင်အားဆေးတစ်ကြိမ်ဖြန်းပါတယ်။အားဆေးဖြန်းပြီး အစာကြွေးရေသွင်းပါတယ်။အပင်ကို နုစဉ်အခါတွင် ပြုစုရပါတယ်။ အပင်၏ဖြစ်ထွန်းနိုင်စွမ်းမြင့်မားနေချိန်ဖြစ်ခြင်းကြောင့် ကြီးထွားနုန်း အသီးထွက်နုန်းနှင့် အပင်၏ အကောင်းဆုံးအနေထားကို ရောက်စေသောအချိန်သည် ပင်စည်နှင့်တကွ အမြစ်များနုနယ်သောအချိန်ဖြစ်သည်။မြေဩဇာထည့်သွင်းပြီးတိုင်းရေကို ပါးပါးမြန်မြန် အပင်၏အခြေနေကိုကြည့်ပြီး မြေဩဇာစားသုံးနိုင်အောင်စီမံပေးရပါမည်။ဆယ်ငါးပတ်လည် တီစူပါကဲ့သို့ ပျော်ဝင်သတ္တိနည်းပြီးကြာရှည်ခံသော မြေဩဇာများကို လျင်မြန်စွာစားသုံးနိုင်ဖို့ဆိုလျင် ရေနှင့်ဖျော်၍ ကြက်ချီး နွားချီး မြေသင်းမြေဆွေးတို့ကို သင့်တော်သော ပမာဏကို ချိန်ဆရောစပ်ထည့်သွင်းအသုံးပြုနိုင်ပါသည်။
နှမ်းက အပင်မှုန်းပြီး မြေဩဇာတစ်ကြိမ်ထည့်သွင်းပါတယ်။ပေါင်းလိုက်ပေးပါတယ်။တစ်ချို့ကတော့ ကြက်ချီးနွားချီး မြေဆွေးတို့ကို တီစူပါ ပုလဲတိုနှင့်ရောစပ်ပြီး အပင်တန်းကြားတစ်လျောက် ပစ်ကြဲထည့်သွင်းပြီး ပေါင်းနှင့်အတူ မြေလုံးပေးကြပါတယ်။ပြီးရေသွင်းပေးပါတယ်။နှမ်းပင်အတက်မှန်ပြီး အသီးကျကောင်းအောင် ထိုအချိန်ဟာ အပင်နုစဉ်မှာ မြေဩဇာကို အကောင်းဆုံး အသုံးပြုသင့်တဲ့အချိန်ပါပဲ။နောက်ထပ်မြေဩဇာအနေဖြင့် အဖူးထွက်ခါနီးအချိန် ပုလဲမြေဩဇာကို အဖူးမထွက်ခင် ထည့်ပေးနိုင်ပါတယ်။အဲဒီနောက် ပိုးကိုပဲဂရုစိုက်ရပါမယ်။မြေဩဇာထပ်သုံးရန်မလိုတော့ပါ။ထိုကြောင့် ကြဲစိုက်တာထက်ပိုမိုကောင်းမွန်တဲ့စနစ်ကို မြောင်းဆွဲပြီးစိုက်ကြပါတယ်။
ဆက်စပ်မေးခွန်းများ
နှမ်းကိုဟင်ချိုမုန့်ဖျန်းရင်ကောင်လားသိချင်လို့ပါ အားဆေးနဲ့ပိုးသက်ဆေးဖျန်းပြီးပါပြီဘာတွေလိုအပ်သေးလဲဗျာနှမ်းမ...
ဖြေကြားချက် 6 ခု
နွေနမ်းရက်၂၀သားအပင်လဲမဖြစ်ဘူးပိုးလဲကြတယ်အပင်ဖြစ်အောင်လမ်းညွန်ကြပါလားဆရာတို့
ဖြေကြားချက် 8 ခု
အစေ့ကွဲလေးတွေမြန်မြန်အပင်သန်လာအောင်ဘာဆေးတွေဖျန်းရမလဲ
ဖြေကြားချက် 2 ခု
ဆရာသမားများဖြေကြားပေးပါအုံးဗျ အဖူးလေးတေကမပွင့်ပဲကြွေကျနေလို့ ဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 4 ခု
ဆရာဦးအေးနိုင်ခမျယခုကျနော်တိုဒေသမှာအအေးဓာတ်ကမကုန်သေးဘူးနနက်တိုင်ဆိုမြူတွေဆိုင်းတယ်နေခင်ဆိုရင်ပူတယ်လေလဲတိုက်တယ်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။