ဦအေးနိုင်ခမျ ပလဲ+လက်ချား စက်ပုံး25လီတာဝင်ဆေးပုံးဘယ်လို့ထည့်ရမလဲ ယနေap13နံနက်ပိုင်းမှာပိုးဆေးဖျန်းထားပါတယ် မနက်ဖြန်လက်ချားဖျန်းလိုရပါသလား လက်ချားကိုဘယ်ချိန်မှာဖျန်းသင့်ပါသဲ နံနက်ပိုင်းနဲ့ ညနေပိုင်း
ဟုတ်ကဲ့ပါကိုမိုးထက်ရေ.မနေ့ကအလုပ်များနေလို့မကြည့်ဖြစ်ဘူး.အခုမှတွေ့လို့ ပြန်လည်ဖြေကြားမှုနောက်ကျတာကိုခွင့်လွှတ်ပါနော်။သတ်မှတ်ထားတဲ့နှုန်းအတိအကျကတော့..ရေတစ်ဂါလံကို ပုလဲ ၄ဇွန်း နဲ့ လက်ချား ၁ဇွန်းပါ။တစ်ဂါလံကို၄လီတာရှိတယ်လို့အကြမ်းဖျင်းသတ်မှတ်ကြပါတယ် (အမှန်က၄လီတာကျော်ပါတယ်)။အဲဒီတော့ ၂၅လီတာဆိုတော့၅ဂါလံလို့သတ်မှတ်ပြီးအချိုးအစားတွက်ချက်ပြီး လိုသလောက်ထည့်ပေးပေါ့။ပုလဲ ဇွန်း ၂၀ နဲ့ လက်ချား ၅ဇွန်းထည့်သင့်ပါတယ်။ဒါထက်ပိုပြီးမထည့်သင့်ပါ။ ( ပုလဲ၁၆ဇွန်း+လက်ချား၄ဇွန်းဆိုလည်းအဆင်ပြေပါတယ်)။၁၆ရက်နေ့မှဖျန်းစေချင်ပါတယ်။မနက်ပိုင်းဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
နှမ်းပန်းပွင့်နေချိန် ပုလဲ+လက်ချားကို ၄ ဂါလံဆေးဖျန်းပုံးတစ်ပုံးကို ဘယ်လောက်နှုန်းထည့်ရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
နှမ်းခင်းပန်းပွင့်နေတုန်း ပိုးသတ်ဆေးနဲ့ပုလဲမြေသြဇာ တွဲပက်လို့ရလားဗျ
ဖြေကြားချက် 3 ခု
နှမ်းနက်ပွင့်တော့မှာမို့ ဘယ်လိုအားဆေးမျိုးနဲ့ ဘယ်လိုပိုးသတ်ဆေးမျိုးသုံးစွဲသင့်သလဲဗျ တချို့ဆရာတေကပြောကြတယ် ဆေး...
ဖြေကြားချက် 4 ခု
နှမ်းများအသီးအားနည်းနေလို့ ပန်းပွင့်များ ကြွေပီး အသီးမတင်ဖြစ်နေလို့ပါ ဘာလုပ်သင့်လဲဗျ
ဖြေကြားချက် 2 ခု
နှမ်းပင်အပွင့်တုံးနေပါပီအသီးအောင်ဖို့အမှဲ့ညီဖို့ဘာဆေးဖျန်းရမလဲဆရာတို့
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။