စားရခါနီးမှ ရောဂါလား ပိုးမွှားလား ဘာဆေးသုံးသင့်သလဲ ဖြေကြားပေးပါအုံးဗျာ မှိုသတ်ဆေးပိုးသတ်ဆေးလည်း အပတ်စဉ်သုံးနေတာပဲ ဒီလို အထွတ်လာရင် ဘာသီးပင်မဆို ဆေးမနိုင်တာများတယ်ဗျ စီစစ်ပေးကြပါအုံးမိတ်ဆွေတို့ခင်ဗျာ
ကျနော့်အထင် ဒေသမြေယာနှင့်မျိုးစေ့ မျှတဖို့လိုတယ်ထင်ပါတယ်။တချို့စိုက်ပျိုးသူတွေက ရာသီကြိုပြီး မျိုးစေ့အတွက်အပင်ကိုအရင်စိုက်ပြီး မျိုးယူပြီး ပြန်စိုက်ကြပါတယ်။ရုံးပဒေက ဒီလိုပဲဖြစ်တတ်ပါတယ်။ကျနော်သိရသလောက်ဆိုရင် ဒေသမျိုးရင်းကို သိမ်းဆည်ပြီး မျိုးပြန်ယူတဲ့စနစ်က ရုံပဒေအတွက်လိုအပ်ပါတယ်။ကျနော်တို့ရဲ့ ဒေသမှာ ကျနော်ငယ်ငယ်က စိုက်သမျှရုံးပဒေမျိုးတွေ အခုလိုကြုံရဖူးပါတယ်။
ဆေး ပိုပြီး ထိရောက်စေ ညအခါ ပိုးမွှားတွေအစာစားထွက်ချိန်နဲ့တိုက်ပြီး ဆေးဖျန်းသော်လည်း ဒီလိုထွတ်သောအခြေအနေကိုကိုက မနိုင်ဘူး သီးနှံတိုင်းမှာ နှစ်စဉ်လိုလို ဒီအဖြစ်နဲ့ ဆုံးရှုံးမှု့များပြီဗျာ ဆေး ကုမ္ပဏီ ဝန်ထမ်းတွေကိုလည်း စိုက်ခင်းအထိခေါ်ပြီး စီစစ်ခိုင်းတယ် ခိုင်လုံမှု့မရှိတဲ့အဖြေနဲ့ပဲ ဆေးညွှန်းတယ် ညွှန်းတဲ့ဆေးနဲ့အတိအကျသုံးသော်လည်း မရပါဘူး ကိုညီညီ အေးဗျာ ကျွန်တော့်မေးခွန်းကြောင့် ကိုညီညီတို့ခေါင်းတော့ အတော်ပူသွားမယ်ဆိုတာ ကျွန်ေ်တာ်နားလည်ပါတယ် ဖြစ်ကြောင်းကုန်စင်သိရအောင်လို့ စုံလင်သလောက်ရေးလိုက်တာပါ ကိုညီညီ ခေါင်းရှုပ်သွားတယ်ဆိုရင်လည်း နားလည်ပေးဖို့ တောင်းပန်ပါတယ်ဗျာ
ပိုးမရှိဘူး ကိုညီညီရေ ငရုပ် ခရမ်းချဉ် ပဲ စသည့်သီးနှံတွေမှာလည်း ဒီလိုထွတ်လာရင် ဆေးမနိုင်တာများတယ် ကိုညီညီ ပိုး မမြင်ရပဲ တစ်ပင်နဲ့တစ်ပင်ကူးတာလည်းမြန်တယ် စိုက်ပင်တွေဟာ ဒီပုံစံဖြစ်လာလျှင် ဆုံးရှုံးမှု့ရာခိုင်နှုန်းများပြီလို့ပဲ တွက်ဆကြရတယ်ဗျာ ဆေးအမျိုးမျိုးနဲ့လည်း နှိမ်နင်းကြတာပဲ မနိုင်ဘူး အနှေးနဲ့အမြန် ကူးတာပဲ ရေမြေများ ကွာသလားမသိ ကျွန်တော်တို့ဒေသကစိုက်ပျိုးရေးသမားတွေကတော့ အခြား ရောဂါပိုးမွှါးကျရောက်မှာထက် ဒါမျိုးဖြစ်မှာကို အတော်စိုးရိမ်ကြတယ် ကိုညီညီ စီစစ်ပြီး အဖြေညှိကြပါအုံးခင်ဗျာ ကိုညီညီတို့လို ပညာရှင်တွေရဲ့အကြံပြုချက်ကို ကျွန်တော်ကိုယ်တိုင်လက်တွေ့ ကျကျအသုံးချပြီး တောင်သူတွေအတွက်အကျိုးများအောင် ပြန်လည်ဝေငှချင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ရုံးပတီအရွက်တွေပုံပါအတိုင်းဝါလာတယ် ဘယ်လိုပြုစုပေးရမယ်လဲ ။
ဖြေကြားချက် 3 ခု
အိုးနဲ့စိုက်ရင်ကောဖြစ်ထွန်းနိုင်လား သိချင်လို့ပါ
ဖြေကြားချက် 0 ခု
ပိုးမွှားရောဂါ ကာကွယ်ဆေးဘာ ဆေးသုံးရပါမလဲ ဆရာတို့
ဖြေကြားချက် 3 ခု
စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
ရုံးပတီကိုဘယ်လိုစိုက်ပျိုးရပါသလဲဗျာ စိုက်ပျိုးရာတွင်လည်းဘယ်မြေသြဇာတွေကိုထည့်သုံးသင့်ပါသလဲဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။