ဖြေကြားချက် ၂ ခု
ပုလဲ+လက်ချား ပွင့်သီးအားဆေးက ပဲမျိုးစုံသီးနှံအတွက် သုတေသနပြုစမ်းသပ်ပြီးမှအကျိုးရှိကြောင်းတွေ့ရှိတာကြောင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက အဲဒီနည်းပညာကိုတောင်သူတွေကိုဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အခြားသီးနှံတွေမှာစမ်းပြီးအသုံးပြုကြည့်တာအနည်းနဲ့အများအကျိုးဖြစ်ထွန်းတာတွေ့ရပါတယ်။သုံးစွဲကြည့်ပါခင်ဗျာ။ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း + လက်ချား ၄ဇွန်းနှုန်းနဲ့ပက်ဖျန်းနိုင်ပါတယ်။ပခုက္ကူကတောင်သူတစ်ဦးကတော့ ငါးအပုပ်ရည်(ငါးအမိုင်နိုအက်စစ်)ပက်ဖျန်းပေးတာ အရင်ကအသီးမသီးတဲ့အပင်ဟာအသီးတွေဝေဆာလာတာကိုတွေ့ရပါတယ်။ငါးအပုပ်ရည်မှာ ယူရီးယားဓာတ်ပါတာကြောင့် ပုလဲ(ယူရီးယား)+လက်ချားဖျန်းနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
သံပုရာပင်မှာ ပုံထဲကလိုလေးတွေဖြစ်နေတယ်ဗျ ဘာဆေးသုံးသင့်လဲ ညွှန်ကြပါဦး
ဖြေကြားချက် 1 ခု
အဲ့လိုလေးတွေဖြစ်နေလို့ ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 1 ခု
သံပုရာ အသီးသီးအောင် ဘလိုလုပ်ရမလဲ အပင်ကနှစ်ကြာနေပြီ တစ်ခါက ၂လုံးလောက်သီးတယ် အခုရက်ပိုင်းမပွင့်တော်များများပွင့်...
ဖြေကြားချက် 2 ခု
သံပုရာကို နွေဘက်သီးအောင်လုပ်လို့မရဘူးလား
ဖြေကြားချက် 2 ခု
ဒါက သံပရာပင်ဟုတ်လားရှင့် သံပယိုပင် နဲ့ခွဲမတတ်လို့ Please! ဖြေပေးပါလား ဆရာတို့
ဖြေကြားချက် 1 ခု