ဖြေကြားချက် ၅ ခု
ရေမရခဲ့တဲ့အတွက်အပင်ကြီးထွားမှုအားနည်းမယ်ထင်တယ်။အပင်ကြီးထွားမှုအားနည်းတော့ပွင့်သီးမှုလည်းနည်းမှာပါ။နှမ်းကရေဝပ်တာမကြိုက်ပေမဲ့အစိုဓာတ်လုံလောက်အောင်ရဖို့တော့လိုအပ်ပါတယ်။အခုအချိန်မှာ ပုလဲ+လက်ချား ရွက်ဖျန်းအားဆေးဖျန်းနိုင်ပါတယ်။ဆေးဖျန်ပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း နဲ့ လက်ချား ၄ဇွန်းရောပြီးပက်ဖျန်းပေးပါ။တစ်ဧက ၅ပုံးခန့် ရွှဲရွှဲဖျန်းပေးပါ။လက်ချားအမှုန့်က ပရ(ဘယ)ဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ်။ ၇ရက်ကိုတစ်ကြိမ်နှုန်းနဲ့ ၃ကြိမ်ခန့်ဖျန်းပေးနိုင်မယ်ဆိုရင်အဆင်ပြေလာနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးဦးအေးနိုင် ပုလဲ+လက်ချား ဖျန်းထားတာ7ရက်တပက်ရှိပါပီ ယခုရေမတင်တော့ပဲနဲ့ဖျန်းလို့ရပါသလား နောက်ပီသဘာဝတမာပိုး...
ဖြေကြားချက် 6 ခု
နှမ်း ရေပေးတာ များသွားလို့လား မသိဘူးဗျ အကြံညာဏ်လေး ပေးကြပါအုံး
ဖြေကြားချက် 9 ခု
နှမ်းများအသီးအားနည်းနေလို့ ပန်းပွင့်များ ကြွေပီး အသီးမတင်ဖြစ်နေလို့ပါ ဘာလုပ်သင့်လဲဗျ
ဖြေကြားချက် 2 ခု
နှမ်းစိုက်တဲ့ရာသီရောက်နေပြီဒါပေမဲ့ မိုးကအစိုပေါက်အောင်မရွာသေးဘူ ကျနော်တို့မှာ ဘယ်လိုလုပ်မလဲ
ဖြေကြားချက် 2 ခု
ရေလိုသေးလားဗျ ၅၆ရက်သား
ဖြေကြားချက် 1 ခု