စပျစ်သီး က. သြဂက်လ စတင်ဘာလတွေမှာ မှည့်အားနည်းကြပါတယ် ဓာတုမှည့်ဆေးတွေရှိပေမဲ့ သဘာဝနည်းနဲ့ မှည့်အားကောင်းဖို့ ဘယ်လိုပြင်ဆင်ဆောင်ရွက်လို့ရနိုင်ပါသလဲ ကျွန်တော့ရဲ့ိိမိတ်ဆွေ ပညာရှင်များ ကျေးဇူးပြုပြီး ဖြေးြကားပေးကြပါလားခင်ဗျာ။
ကိုထွန်းထွန်းဝင်ရေ... ပန်းသီး,သစ်တော်သီး, စတော်ဘယ်ရီသီး, ဂေါ်ဖီထုပ်.ပန်းဂေါ်ဖီနဲ့စပျစ်..စတာတွေဟာဓာတုဆေးသုံးမှအဆင်ပြေတဲ့သီးနှံတွေဖြစ်တာကြောင့်ဓာတ်ကြွင်းအာနိသင်မကျန်အောင်တော့ဆင်ချင်အသုံးပြုရပါမယ်။စပျစ်ကမှိုရောဂါကျလွယ်ပြီးကျရင်လည်းကူးဆက်မှုလျှင်မြန်တာကြောင့် ဆေးအမြဲသုံးရပါတယ်။ဒါကြောင့်စပျစ်ကိုအော်ဂဲနစ်သီးနှံအနေနဲ့စိုက်ပျိုးထုတ်လုပ်ဖို့ လောလောဆယ်မလွယ်ကူသေးပါဘူး။အော်ဂဲနစ်စိုက်ပျိုးရေးဆောင်ပုဒ်တစ်ခုရှိပါတယ်။Feed the soil not the plant(အပင်ကိုအစာမကျွေးပါနဲ့..မြေကြီးကိုအစာကျွေးပါ)။ဒါကြောင့်မြေကြီးကိုကောင်းမွန်အောင်ပြုပြင်ပေးရပါမယ်။သဘာဝမြေဆွေး၊သစ်စိမ်းမြေသြဇာ၊အပင်အကြွင်း အကျန်တွေထည့်ပေးရပါမယ်။ငါးအမိုင်နိုအက်စစ်(ငါးအပုပ်ရည်)၊ဆားခါး(စပျစ်ပင်အတွက်လိုအပ်သောအနည်းလိုအာဟာရ..မဂ္ဂနီဆီယမ်ဆာလ်ဖိတ်)အသုံးပြုသင့်ပါတယ်။ထုံး+ဒုတ္ထာ..ထုံးကန့်ဆေးတွေကတော့ ဓာတုဓာတ်ကြွင်းနည်းသော မှိုရောဂါကာကွယ်ဆေးတွေမို့သုံးသင့်ပါတယ်။အပင်ပေါ်မှာစပျစ်သီးမှည့်အားကောင်းဖို့ သဘာဝဆေး ရှာမတွေ့သေးပါ။
ဆက်စပ်မေးခွန်းများ
စပျစ်ကိုဘယ်အချိန်မှာစိုက်ရပါသလဲဝါသနာအရအိမ်မှာစိုက်ချင်လို့ပါမျိုးကောင်းမျိုးသန့်လေးလမ်းညွှန်ပေးစေလိုပါတယ်
ဖြေကြားချက် 1 ခု
စပျစ်စိုက်ချင်လို့ပါ စိုက်ပျိုးနည်းသင်ပြပေးပါလား
ဖြေကြားချက် 1 ခု
စပျစ်က ဘာမြေအမျိုးစားကိုကြိုက်လဲ စပျစ်စိုက်ပျိုးနည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဆိတ်ချေးကို ပိုးနှင်ဆေး ဘယ်လိုအသုံပြုရပါသလဲ မိတ်ဆွေဆရာများ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်
ဖြေကြားချက် 1 ခု
ဆိတ်ချေးက ရွက်ဖျန်းနည်း ဖော်စပ်နည်းလေး မျှဝေပေးကြပါဦး မိတ်ဆွေပညာရှင်များခဗျား။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။