အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
KoMin
KoMin 1,282
လွန်ခဲ့သော ၆ နှစ် က · ကန့်ဘလူ

ပုလဲး+လက်ချားကဘယ်နှစ်ရက်ကိုတစ်ကြိမ်ဖျန်းပေးရသလဲး

အပင်အာဟာရ နှမ်း ဆေးဖျန်းချိန်
Post image
Post image
5

ဖြေကြားချက် ၅ ခု

အောင်မျိုးလှိုင်
အောင်မျိုးလှိုင် 1,340 လွန်ခဲ့သော ၆ နှစ် က

ဆေးဘယ်မှာဝယ်လို့ရလဲဗျာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၆ နှစ် က

ပုလဲ+လက်ချားဆေးက သီးပွင့်ရွက်ဖျန်းအားဆေးဖြစ်တာကြောင့်အပွင့်လိုက်လာမှဖျန်းရမှာပါ။အပင်ငယ်စဥ်အပင်ကြီးထွားသန်မာဖို့အတွက် ငါးအမိုင်နိုအက်စစ် (ငါးအပုပ်ရည်)ဖျန်းသင့်ပါတယ်။

အမည်မသိ
အမည်မသိ 893 လွန်ခဲ့သော ၆ နှစ် က

အပင်ငယ်စဉ်ဖျန်းလို့မရဘူးလား

KoMin
KoMin 1,282 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,399 လွန်ခဲ့သော ၆ နှစ် က

ပန်းစပွင့်ချိန်ရယ်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ရယ်,သီးကင်းဝင်ချိန်ရယ်...၃ကြိမ်ဖျန်းသင့်ပါတယ်။အနည်းဆုံး၂ကြိမ်ဖျန်းတော့ဖျန်းပေါ့။ ၇ရက် /သို့မဟုတ် /၁၀ရက် ကိုတစ်ကြီမ်ဖျန်းပေးနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

နေပြင်းတဲ့အချိန်မှာဖျန်းရန် ပင်လုံးပြန့် ဆေးနဲ့အသီး၊အပွင့်အားဆေး ဘယ်ဆေးကပိုသင့်တော်မလဲဗျ။

ဖြေကြားချက် 5 ခု

ဆေးဖျန်းတာက နှင်းခြောက်တဲ့အချိန်မှ၁၁ခွဲ၊ ညနေ၂ခွဲမှ၇နာရီအစင်ပြေလားဗျ။

ဖြေကြားချက် 4 ခု

ဆေးဖျန်းတာကမနက်၇မှ၁၁နာရီ၊ညနေ၂ခွဲမှ ၆အဆင်ပြေလားဗျ။ပုလဲနှင့်လက်ချားကရော်ဘယ်အချိန်အဆင်ပြေလဲဗျာ။

ဖြေကြားချက် 2 ခု

စပါးပေါင်းသတ်ဆေးသုံးတဲ့အခါ မနက်စောစော နှင်းမပွဲခင် ဖျန်းရင် ဆေးအာနိသင်ကိုထိခိုက်နိုင်ပါသလားခင်ဗျာ

ဖြေကြားချက် 3 ခု

တမာပိုးပြေးဆေး ကို စပါးပင် ဘယ်အရွယ်မှာ စဖြန်းသင့်လဲဗျ ဘယ်နှကြိမ်လောက် ဖြန်းရမလဲ အကြံညဏ်လေး ပေးကြပါအုံး

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။