ဖြေကြားချက် ၃ ခု
ဒန့်ဒလွန်မှာက ကိုင်းကိုစိုက်တာရယ် အစေ့မြေချစိုက်တာရယ် ၂မျိုးရှိပါတယ်။ ဒန့်ဒလွန်စေ့ကမျိုးစေ့ချပြီး ၁ပတ်၂ပတ်အတွင်းမှာ အပင်ပေါက်ပါတယ်။ မျိုးစေ့ကို ဝယ်လို့ရသလို ကိုယ်တိုင်မျိုးစေ့ခံလည်းရပါတယ်။ ပျိုးပြီးစိုက်နိုင်သလို တိုက်ရိုက်ချပြီးလည်းစိုက်နိုင်ပါတယ်။ ပျိုးစိုက်မယ်ဆိုရင် ၆ပတ်အတွင်းမှာ စိုက်ကွင်းကိုပြောင်းစိုက်ရပါမယ်။ ပျိုးပင်တွေကို မိုးပေါက်ရိုက်တဲ့ဒဏ်ကနေလွတ်အောင် ထားရပါမယ်။ ပျိုးအိတ်မှာဆိုရင်တော့ မြေဆွေးနဲ့ မြေကြီးကို ဆတူရောပြီး မျိုးစေ့ကို လက်မဝက်ခန့်ထည့်မြှုပ်ပြီး စိုက်နိုင်ပါတယ်ရှင့်။ မြေချစိုက်တော့မယ်ဆိုရင် မိုးဒဏ်မမိဖို့လိုတယ်။ ဒါကြောင့်မိုးမရွာသေးတဲ့ဧပြီလောက်မှာ ချစိုက်သင့်ပါတယ်။ ဒါမှအပင်သန်မာကြီးထွားနေတဲ့အချိန်မှာ မိုးဒဏ်ကို ခံနိုင်ရည်ရှိနိုင်မှာဖြစ်ပါတယ်ရှင့်။
ဆက်စပ်မေးခွန်းများ
ဒန့် သလွန် ပန်းပွင့်ပြီး အသီးမသီးပါ ဘယ်လိုလုပ်ရမှာလဲ
ဖြေကြားချက် 3 ခု
ဒန့်သလွန်ရွတ်အခြောက်ကဘာကိုကောင်းစေသလဲရှင့်။သူ့ရဲ့ကောင်းကျိုးလေးသိချင်လို့ပါရှင့်။ဘယ်လိုနေရာမှာအသုံးဝင်တာလဲ...
ဖြေကြားချက် 5 ခု
၆လ ဒန်ဒလွန်မျိုးဘယ်မှာရနိုင်ပါသလဲ၊ ထိုင်းမျိုး ၆လအုန်းအကြောင်းလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
အရွက်တွေအဲ့လိုတွေဖြစ်နေတာဘာဖြစ်နေတာလဲ ပြောပေးကြပါ ပီးတော့ ဘာဆေးသုံးရမလဲဆိူတာလဲပြောပေးကြပါအုံးရှင့်
ဖြေကြားချက် 0 ခု
အပင်အောက်ပိုင်းတွေဝါနေတာ ရေများလို့ဆိုတာဟုတ်ပါသလား
ဖြေကြားချက် 1 ခု