အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးခင်မောင်ညွန့်

ဦးခင်မောင်ညွန့်

စိုက်ပျိုးရေးပညာရှင်

2,090
လွန်ခဲ့သော ၆ နှစ် က

၁. စိုက်ပျိုးဒေသ အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ၂. သီးနှံမျိုးကွဲများ ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံးဟူ၍ မျိုးခွဲခြား စိုက်ပျိုးလေ့ရှိကြပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓါတ် ပါဝင်မှုမြင့်မားပြီး အသီးအရွယ် အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများြ ပားခြင်း၊ ရာသီဥတုဒဏ် (အပူချိန် မြင့်မားမှု) ကိုပိုမိုခံနိုင်ရည်ရှိခြင်း၊ ရောဂါဒဏ် ခံနိုင်မှုရှိခြင်းတို့ကြောင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင် ပါသည်။ မီးဖိုချောင်သုံးမှာ အလုံး အရွယ်အစား အသင့်အတင့်မျှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ် အေးသောဒေသများတွင် ပို၍ စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းပါသည်။ စက်ရုံသုံး ခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီး ရင့်မှည့်ချိန် ညီညာမှုရှိသည့် အတွက် စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။ တိုင်ထောင်မျိုး အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက် ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။ တိုင်လွတ်မျိုး အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခု ကြားတွင် အဆစ် (၃) ဆစ်သာရှိသည်။ စက်ရုံသုံး ခရမ်းချဉ်သီး အားလုံး ဤအုပ်စုအောက်တွင် ပါဝင်ပြီး မိုးလွတ်ကင်း သော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။ အသီးပုံသဏ္ဍာန် အသီး အညှာတွင် အစိမ်းရင့်ပါသော မျိုးနှင့် မပါသောမျိုး ဟူ၍ပေါ်လွင်စွာ ခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် ထိပ်ချွန်၊ ထောက်ချွန်၊ ချောနှင ့်ချိုက်ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင် အနေဖြင့် အနီ၊ ပန်းရောင်နှင့် အဝါဟူ၍ အုပ်စု (၃) စုခွဲခြားထားပါသည်။ ၃. ရာသီဥတု နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။ ၄. စိုက်ပျိုးခြင်း (၁) မြေပြုပြင်ခြင်း မြေ အခြေအနေပေါ် မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆သွား ထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ် အမြစ်သည် တည့်မတ်စွာမြေအနက် ၃ပေခန့် အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေး နက်ရန် လိုအပ်သည်။ မိုး များဒေသ တွင်ရေမဝပ်စေရန်ရေ နှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေး ညက်လျှင် ကြမ်းတုံး ရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂ ပေခြား စိုက်ပျိုးရပါမည်။ (၂) ရေသွင်းခြင်း စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်း စနစ်၊ ရေဖြန်း စနစ်၊ အစက်ချစနစ် တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင် ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။ မြောင်းဖြင့်ရေပေးသွင်း စိုက်ပျိုးမည် ဆိုပါက ခရမ်းချဉ်ပင်များရွှေ့ပြောင်း စိုက်ပျိုးခြင်း မပြုမီ ရေသွင်းမြောင်းမနှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင် ပြုပြင် ထားရပါမည်။ မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော် စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများကောင်းစွာ ပြုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်ဖြင့် ဖုံးအုပ် စိုက်ပျိုးရန် လိုအပ်ပါသည်။ (၃) ပျိုးထောင်ခြင်း စနစ်တကျ ပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း ၂ လက်မခြား စိုက်တန်းများဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့ တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန် လိုအပ်သည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ သက်ကယ်(သို့) စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုအပ်သည်။ ခရမ်းချဉ် ပျိုးဘောင် တွင်ရောစပ်ရမည့်မြေ အချိုးနှုန်းမှာ လယ်မြေ နှစ်ဆ၊ မြေဆွေး တစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် သာဆောင်ရွက်၍ ပိုးမွှားရောဂါ အခြေအနေကို စဉ်ဆက် မပြတ် ကြည့်ရှု စစ်ဆေးပေးရန် လိုသည်။ ရာသီလွန် အခါမဲ့ စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ် မျိုးစေ့များကို (၂.၅ ပေ _ ၁ ပေ _ ၅ လက္မ)အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများ ထည့်၍ အထက်ဖော်ပြပါ အကွာအဝေး အတိုင်း အတန်းလိုက် တစ်စေ့ခြင်းစီ ချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။ အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန်(၂) ရွက်ထွက်ချိန်တွင် ၄လက်မ ထိပ်ဝ အချင်းရှိသော ပလတ်စတစ်အိတ်(သို့)ပျိုးခွက်များတွင်ရွှေ့ပြောင်း စိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်း (၂၀-၂၅) ရက် ထားရှိကာ ထာဝရ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင် ၄_၂ လက်မ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင်အစိုဓါတ် လုံလောက်သော စိုက်ခင်း အတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင်ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါသည်။ (၄) စိုက်ပျိုးခြင်း ပျိုးသက် (၃၀-၃၅)ရက်သား (သို့) ပျိုးပင်ရွက်မှန် အဆင့် ၆-၈ရွက်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးသည်။ မွန်းလွဲပိုင်းနေပူရှိန် စတင် ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုး တူရွင်းဖြင့် အမြစ် မထိခိုက်စေရန် တူးယူပြီး အမြစ်ကိုပြောင်စင်အောင်ရေဆေး ရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန် လိုပါသည်။ တစ်ဧက မျိုးစေ့ ၁၀ဝ ဂရမ်(၆ကျပ်သား)နှုန်း၊ အပင် ၈၀ဝဝ မှ ၁၀ဝဝဝ အထိ ဝင်ဆန့်အောင် စိုက်ပျိုးရမည်။ (၅) အပင်ပြုစုစောင့်ရှောက်ခြင်း ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်ခန့်အကြာ အပင် လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြှောက်ပေး၍ မြေဩဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိ စိုက်ပျိုးသော မျိုးပေါ်မူတည်၍ တိုင်ထောင်မျိုး ဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။ ခရမ်းချဉ် အတက်ဖဲ့နည်းမှာ ပထမဆုံး ထွက်ရှိလာသော ပန်းခိုင်အောက်ရ ှိအရွက်ကြားမှ ပြူထွက်လာသောဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိဘေးတက် အားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ လည်းကောင်း၊ မျိုးစေ့ ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်း ပြုစုနည်းကို(၃)မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။ ပထမနည်း- ပင်စည် ၃ ကိုင်းထားရှိခြင်း တစ်ပင်နှင့်တစ်ပင် ၂ ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး ၁၅ ရက်သားတွင် မူလ ပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက်ဘေးတက်အား ဒုတိယပင်စည် (သီးကိုင်း) အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအား ဖဲ့ချွေပစ်ရပါမည်။ ပထမ ပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသောဘေးတက်နှင့် ဒုတိယ ပင်စည် (သီးကိုင်း)မှ ထွက်လာသော ပထမ ပန်းခိုင်အောက်မှ ကပ်လျက် တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက် ၂ ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမို သန်စွမ်းသည့်ဘေးတက်ကို တတိယ ပင်စည်(သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူ ချန်လှပ် ထားရှိပါမည်။ ဒုတိယနည်း- ပင်စည် ၂ ကိုင်းထားရှိခြင်း အထက်ဖော်ပြပါ ပင်စည် ၃ ကိုင်းထားရှိသည့် အပင် ပုံသွင်း ပြုစု နည်းစနစ် အတိုင်း ဆောင်ရွက်၍ ဒုတိယ ပင်စည် (သီးကိုင်း) ရရှိပြီး ချိန်တွင် ပင်စည် (၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာ သမျှသောဘေးတက်များအားလုံး ဖဲ့ချွေပစ် ရန်လိုအပ်ပါသည်။ ကိုင်းဖြတ် ပုံသွင်း နည်းစနစ်သည် သီးနှံဈေးနှုန်းအေးချိန်၊ ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။ တတိယနည်း- ပင်စည်ထီးထီးထားရှိခြင်း ခရမ်းချဉ် ပျိုးပင်အား စိုက်ကွက်ထဲသို့ရွှေ့ပြောင်း စိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလ ပင်စည်မှ ထွက်ပြူလာသောဘေးတက်များ အားလုံး ဖဲ့ချွေပစ်၍ ပင်စည် သီးကိုင်း တစ်ခုတည်း ထားရှိစိုက်ပျိုးသော စနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို ၂-၃ ပေအထိ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဧကမှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း စသည့် အကျိုးများရရှိနိုင်ပါသည်။ (၆) မြေဩဇာကျွေးခြင်း နွားချေး၊ မြေဆွေး (လှည်း) - ၁၈-၂၀ ခန့် ယူရီးယား ၅၀ ကီလို - ၂ အိတ် တီစူပါ ၅၀ ကီလို - ၂ အိတ် ပိုတက်ရှ် ၅၀ ကီလို - ၃ အိတ် နွားချေး၊ တီစူပါနှင့် ပိုတက်ရှ် တစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေဩဇာများကို အပင်လှန်ချိန်၊ ပန်း စတင်ပွင့်ချိန်၊ ပထမပန်းခိုင် အသီး တင်ချိန်၊ ပထမအကြိမ် အသီး ခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီး ဆွတ်ချိန်တို့တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။ (၇) ပိုးမွှားရောဂါကာကွယ်ခြင်း ခရမ်းချဉ် ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ မရွှေ့ပြောင်းမီ၂ရက်ခန့် အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် အာနိသင်ရှိသည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများ ဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင် (၂၀ဝ ဂရမ်/ရေ ၄ လီတာ)နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အဓိက ကျရောက်သော ပိုးများမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ် ပါသည်။ အဓိက ကျရောက်သည့်ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ်ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခြင်း၊ ပိုးမွှားမလာအောင် ကာကွယ်ပေးခြင်း၊ ပဲများဖြင့် ရောစိုက်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။ ၅. ရိတ်သိမ်းခြင်း အသီးတင်ချိန်မှ ရင့်မှည့်ချိန် အထိ သင့်တော်မည့် အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင်များလာ ချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။ ဒေသ ဝန်းကျင်ဈေးတွင်သာ ပို့ဆောင်ရောင်းချမည် ဆိုပါက အပင်ပေါ်တွင်ကောင်းစွာရင့်မှည့်သည် အထိထားရန် လိုအပ်ပါသည်။ စနစ်တကျ စိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း ၅၀ဝဝ-၈၀ဝဝ ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ဝဝဝ ထွက်ရှိနိုင်ပါသည်။ အစိမ်းရောင်လမ်း

ကဆုန်လလောက်ခရမ်းချဥ်စိုက်ပျိုးချင်ပါတယ် စိုက်နည်းလေးသိချင်ပါတယ်ခင်ဗျာ

ခရမ်းချဉ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၆ နှစ် က

ပင်လုံးပြန့် မှိုဆေး နှင့် ပိုးသတ်ဆေး သုံးပေးပါ

သရက်ပင် အဖူးအပွင် ေရာဂါမကေၾအာင် ဘာေဆးေတ သံုးရမလဲ သိချင်ပါတယ်

လွန်ခဲ့သော ၆ နှစ် က

ဆိပ်ဖြူ ၉၀၀ - ၈၆၀ - ၈၂၅ မှ ၆၅၀ - ၅၀၀

ကြက်သွန်ဈေးတွေဘယ်လောက်လဲ

ကြက်သွန်နီဈေးကွက်
လွန်ခဲ့သော ၆ နှစ် က

မှန်ပါသည် ခင်ဗျာ

နွေရာသီ မှာစိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက် ဘာတွေရှိပါသလဲ ပြောပေးကြပါ

လွန်ခဲ့သော ၆ နှစ် က

တိုင်ထောင်ပဲ ( ပဲတောင့်ရှည် ) ခရမ်း ငငြုတ် နောက်တစ်ခါမေးပါက ဘယ်တိုင်း ဘယ်ပြည်နယ် လေး ပြောစေချင်ပါသည်

နွေရာသီ မှာစိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက် ဘာတွေရှိပါသလဲ ပြောပေးကြပါ

လွန်ခဲ့သော ၆ နှစ် က

Bacterial Leaf Blight of Rice. --------------------------------------------- Bacterial Leaf Blight of Rice ( BLB). --------------------------------------------- (က) ရောဂါဖြစ်စေသက်ရှိ ------------------------ Xanthomonas oryzae pv. Oryzae (ခ) ရောဂါလက္ခဏာ ------------------- စပါးပင်သက်တမ်းတစ်လျှောက်လုံး ရောဂါဝင်ရောက်နိုင်သည်။ စပါးပင်ကြီးထွားမှု အဆင့်အလိုက် ရောဂါလက္ခဏာ (၃)မျိုးရှိသည်။ (၁) ပင်ညှိုးအဆင့် (Kresek or wilt) အပင်ငယ်စဉ် (ပျိုးပင်အဆင့်)တွင် အောက်ရွက်၏ ရွက်ဖျားရွက်နားများတွင် သေးငယ်သော ရေစိုနာကွက် စတင်ပေါ်ပြီး ရွက်ပြားတစ်လျှောက် ကျယ်ပြန့်သွားသည်။ အပင်ငယ်၌ ရောဂါတိုးတက်မှု ပို၍မြန်ဆန်ပြီး အရွက်အောက်ခြေအထိ ရောဂါဆင်းကာ အရွက်ဝါ၍ ခြောက်လာသည်။ ဘက်တီးရီးယားသည် ရွက်ပြား၊ ရွက်ဖုံးမှတဆင့် ပင်စည်သို့ရောက်ကာ ထွက်ခါစအရွက်အား ထိခိုက်ပြီး ရွက်လိပ်မပြီဘဲ တပင်လုံးညှိုး၍ သေသွားသည်။ ပျိုးနှုတ်စဉ် ဒဏ်ရာရသော အမြစ်များမှလည်းကောင်း၊ ရွက်ဖျားများပြတ်ခြင်းကြောင့်လည်းကောင်း ရောဂါဝင်ရောက်၍ စိုက်ပြီး(၂-၄)ပတ်အတွင်း ညှိုး၍သေနိုင်သည်။ သို့အတွက် ပင်ညှိုးအဆင့်ကို ပျိုးခင်းနှင့် စိုက်ပြီး(၁)လခန့်အထိတွင် တွေ့နိုင်သည်။ အပင်ကြီးလာသည်နှင့်အမျှ ခံနိုင်ရည်တက်လာပြီး ရွက်ခြောက်(Leaf Blight) လက္ခဏာသာ တွေ့ရသည်။ (၂) ရွက်ခြောက်အဆင့် (Leaf Blight) အပင်ပွါးစီးချိန် နောက်ပိုင်းမှစ၍ ရွက်ခြောက်ရောဂါအဆင့်ကို ဖြစ်ပေါ်စေသည်။ ရောဂါသည် ရွက်ဖျားမှစ၍ဖြစ်စေ၊ ရွက်နားမှစ၍ဖြစ်စေ ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ ရွက်ပြားတလျှောက် ကျယ်ပြန့်လာသည်။ ရောဂါရှေ့တိုးသွားသည်နှင့်အမျှ နောက်ပိုင်းမှ ရောဂါဖြစ်ပြီးကျန်ခဲ့သော တစ်သျူးသားမှာ ကောက်ရိုးခြောက်ရောင်သို့ ပြောင်းလာသည်။ ထို့နောက် ဖြူဖွေးသော အရောင်သို့တိုင် ပြောင်းလဲသွားသည်။ ရောဂါရှေ့သို့တိုးသွားစဉ် ရောဂါကင်းတစ်သျူးသားနှင့် ရောဂါရတစ်သျူးသားတို့ ဆက်စပ်ရာတွင် အဝါရောင်(သို့) ရေစိုနာ(စိမ်းပြာရောင်)ရှိပြီး အနားမညီဘဲ လှိုင်းတွန့်ပုံ ရှိနေသည်ကို တွေ့ရသည်။ နံနက်စောစော နှင်းကျပြီး ရောဂါရအပိုင်းမှ ဘက်တီးရီးယား စိမ့်ထုတ်ရည်များထုတ်ပြီး အရွက်တွင် ကပ်နေသည်။ နေပွင့်လာသောအခါ ပယင်းရောင်အလုံးကလေးများအဖြစ် သာမန်မျက်စေ့ဖြင့်ပင် မြင်ရသည်။ မိုးရွာမှုရှိပါက မိုးရေနှင့်ပျော်ပြီး ဆင်းသွား၍ မတွေ့နိုင်ပါ။ ဤလက္ခဏာများသည် ဤရောဂါ၏ ထင်ရှားသောအချက်ပင် ဖြစ်သည်။ ဤရွက်ခြောက်အဆင့်သည် ရွက်ပြားပေါ်တွင် ပုံသဏ္ဍာန်အမျိုးမျိုး ရှိနိုင်သော်လည်း ဆုံးဖြတ်ရမည့် အချက်များမှာ အထက်ဖေါ်ပြပါအတိုင်း ဖြစ်သည်။ (၃) အဝါဖျော့ရောင်အဆင့် (Pale Yellow) ကြီးထွားချိန်နောက်ပိုင်း အပင်ကြီးများတွင် ဖြစ်ပေါ်သည်။ တပင်လုံး အဝါဖျော့ရောင် ဖြစ်ပေါ်နေသည်။ ဘက်တီးရီးယားများသည် အပင်၏အောက်ခြေပိုင်းတွင် အစာရေကြောစည်းအား ပိတ်ဆို့နေ၍သော်လည်းကောင်း၊ ၎င်းတို့ထုတ်သော အဆိပ်များကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ (ဂ) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု ------------------------------- ကမ္ဘာ၏ တောင်လတ္တီတွဒ်(၂ဝံ)နှင့် မြောက်လတ္တီတွဒ်(၅ဝံ)အတွင်းရှိ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အာရှအရှေ့ရှိ စပါးစိုက်ဒေသများ၊ အနောက်အာဖရိကအနောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံ ကွင်းစလန်ဒေသ၊ လက်တင်အမေရိကနိုင်ငံများတွင် တွေ့ရှိရသည်။ (ဃ) ရောဂါတိုးတက် ဖြစ်ပေါ်မှုကို အားပေးသော အခြေအနေများ ----------------------------------- ရောဂါခံနိုင်ရည်နည်းသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါဖြစ်စေ ဘက်တီးရီးယားသည် စပါးစိုက်ဒေသ အသီးသီးတွင် ပျံ့နှံ့တည်ရှိနေခြင်း။ စပါးသီးနှံကို နွေသီးနှံ၊ မိုးကြိုသီးနှံ၊ မိုးသီးနှံ စသည်ဖြင့် ဆက်တိုက်စိုက်ပျိုးခြင်း။ စပါးပင်၏ အာဟာရဓာတ် လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မှုမရှိခြင်း၊ နိုက်ထရိုဂျင်ဓာတ် လွန်ကဲစွာ ထည့်ပေးခြင်း။ ရေကြီးခြင်း၊ ရေလွှမ်းခြင်း။ ရေသွင်းရေထုတ် ညံ့ဖျင်းခြင်း။ ပေါင်းမြက်၊ ကောက်လေနှင့် စပါးသားတက်များ ရှင်းလင်းမှု အားနည်းခြင်း။ စပါးရာသီ တစ်ခုနှုင့်တစ်ခုကြားတွင် မြေခြောက်မှုမရှိခြင်း၊ ရိုးပြတ်များ ခြောက်မှုမရှိခြင်း။ ရာသီဥတု အားပေးခြင်း။ (မိုးရွာခြင်း၊ မိုးအုံ့ရက်များခြင်း၊ လေတိုက်ခြင်း၊ မိုးသက်လေမုန်တိုင်းကျခြင်းနှင့် နေရောင်ခြည်ရရှိမှုနည်းခြင်း) ကောက်ပင်စိတ်လွန်းစွာ စိုက်ပျိုးခြင်း။ (င) ရောဂါသံသရာ ----------------- ပျိုးပင်အဆင့်တွင် ပင်ညှိုးလက္ခဏာ တွေ့ရှိရခြင်းမှာ ပျိုးခင်းတွင် အုပ်ထားသော ကောက်ရိုးများမှတဆင့် ကူးစက်ခြင်းသော်လည်းကောင်း၊ ရောဂါကျအခင်းတွင် ထပ်မံစိုက်ပျိုးပါက ကျန်ရှိသောရိုးပြတ်များမှ တဆင့်သော်လည်းကောင်း ပျိုးပင်သို့ကူးစက်စေသည်။ သဘာဝတွင် အပင်ဖြစ်ထွန်းချိန်များမှ စတင်၍ ကွက်ကြားဖြစ်ပေါ်ပြီး အနှံထွက်ချိန်မှ ရင့်မှည့်ချိန်အထိ ရောဂါပြင်းထန်လေ့ရှိသည်။ ရောဂါကွက်မှထွက်သော ဘက်တီးရီးယား စိမ့်ထွက်ရည်တို့သည် အလုံးငယ်လေးများဖြစ်ကာ အရွက်တွင်ကပ်နေလေ့ရှိသည်။ ၎င်းမှ မိုးရေ၊ နှင်းရေဖြင့်ပျော်ကာ တစ်ရွက်မှတစ်ရွက်၊ တစ်ပင်မှတစ်ပင်သို့ ကူးစက်ကြသည်။ ဤရောဂါသည် မိုးရေ၊ နှင်းရေ၊ သွင်းရေတို့ဖြင့် ကူးစက်သည်။ ရောဂါဖြစ်စေ ဘက်တီးရီးယားသည် ဒဏ်ရာအနာများမှလည်းကောင်း၊ အပင်၏ သဘာဝရေထွက်ပေါက်များမှလည်းကောင်း ဝင်ရောက်ကြသည်။ လေပြင်းတိုက်ခတ်၍ တစ်ပင်နှင့်တစ်ပင် အရွက်ချင်းရိုက်မိသော ဒဏ်ရာများမှတဆင့်လည်း ရောဂါဝင်ရောက်လေ့ရှိသည်။ ဘက်တီးရီးယားသည် ရောဂါကျရိုးပြတ်များ၊ မျိုးစေ့များ၊ အခြားလက္ခံပင်များ၊ မြေကြီးနှင့် ပေါင်းပင်များတွင် ရောဂါကူးစက် ပျံ့ပွါးစေသည်။ (စ) လက္ခံပင်များ --------------- စပါးရိုင်းများ၊ ပေါင်းပင်အများအပြားပေါ်တွင် အသက်ရှင်နေနိုင်သည်။ (ဆ) ကာကွယ်နှိမ်နင်းနည်းများ ----------------------------- #ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိ စပါးမျိုးများ ရှာဖွေဖေါ်ထုတ် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်မှုဗီဇများ တူညီမှုမရှိကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်ပါသည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများ တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပါက ရောဂါကျလျှင် လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက် မျိုးကွဲများဖြင့် ယှဉ်တွဲစိုက်သင့်ပါသည်။ #စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း ရောဂါကင်းသော စိုက်ခင်းမှ အောင်မြင်သောမျိုးစေ့ကို သုံးပါ။ ကောက်ကွက်စိပ်လွန်းစွာ မစိုက်သင့်ပါ။ ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသောပျိုးပင်များရအောင် ဆောင်ရွက်ပါ။ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပါ။ အာဟာရဓာတ်စုံသော မြေသြဇာသုံးပါ။ နိုက်ထရိုဂျင်ဓာတ်ပါသော မြေသြဇာများအား လွန်ကဲစွာ မသုံးစွဲရ။ လိုအပ်လျှင် အကြိမ်ကြိမ်ခွဲ၍ ကြဲပက်ပေးနိုင်သည်။ ပိုတက်ရှ်မြေသြဇာကို များများသုံးပေးပါ။ ရေထိန်းနိုင်သောဒေသများတွင် ရေသွင်းရေထုတ် ဆောင်ရွက်ပေးပါ။ ရောဂါဒဏ် ခံနိုင်ရည်နည်းသော/ မဲ့သော စပါးမျိုးအား တစ်ကွင်းတစ်စပ်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်း မပြုသင့်ပါ။ ပေါင်းမြက်၊ ကောက်လေများ၊ စပါးရိုင်းများကို ရှင်းလင်းပါ။ ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍သော်လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍သော်လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ပါ။ နွေစပါးစိုက်ပျိုးရာတွင် မေ၊ ဇွန်လတွင် အဆက်မပြတ် ရွာတတ်သောမိုးနှင့် မဆုံစေရန် ဒီဇင်ဘာလတွင်စိုက်၍ ဧပြီလတွင် ရိတ်သိမ်းနိုင်ရန် စီစဉ်ဆောင်ရွက်ပါ။ #ဓာတုနည်းဖြင့် နှိမ်နင်းခြင်း ရေဂါလက္ခဏာ စတွေ့လျှင်တွေ့ချင်း ကျူပရိုမက်နှင့် ဘာလီဆိုက် ဆေး(၂)မျိုးကို တွဲဖက်၍ဖြစ်စေ…သို့မဟုတ် " ပါရဂူ" ဆေး(၁)မျိုးတည်းကိုဖြစ်စေ… (၇-၁၅)ရက်တစ်ကြိမ် ရောဂါပျောက်ကင်းသည်အထိ ပက်ဖျန်းပါ။ ရေလျှော့ပြီး ဘက်စ်ကေ(ပိုတက်ရှ်) မြေသြဇာ ကြဲပက်ပေးပါ။ အထူးသတိပြုရန် စာနာထောက်ထားသောအားဖြင့် လူနှင့်တိရစ္ဆာန်များတွင် အသုံးပြုသည့် ပဋိဇီဝဆေး Antibiotic များကို အသုံးမပြုပါနှင့်။ အပင်များအတွက် အထူးထုတ်လုပ်သည့် စိုက်ပျိုးရေးသုံး ပဋိဇီဝဆေးများကိုသာ အသုံးပြုပါ။ Than Win Agri Credit to MAS(PP)

ဘက်တီးရီးယားနှံခြောက် ရောဂါအကြောင်းသိချင်ပါတယ်

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ
လွန်ခဲ့သော ၆ နှစ် က

ဦးလေး ရေ စိုက်ပျိုးမည့် သီးနှံ အကြောင်းကို ရေးပေးပါလား ခင်ဗျာ

စနစ်တကျ စတင်စိုက်ပျိုးသူအတွက် ဆောင်ရန်ရှောင်ရန်နှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်နည်း တွေကိုသိရှိလိုပါသည်ခင်ဗျာ

လွန်ခဲ့သော ၆ နှစ် က

Agro Greem Land မှ စနိုက်ပါ ဖျန်းရင်လည်း ရပါတယ်

ပဲတီးစိမ်း၂ဧကစိုက်ပျိုးထားပါတယ် အခုအရွက်တွေနူသလိုဖြစ်ပြီး အပွင့် လဲမပွင့်အသီးလဲမသီးဘူးဖြစ်နေပါတယ် ဆေးထက်ဖျန်းရင်အသီးအပွင့်ပြန်ရနိုင်မလား ဘာဆေးဖျန်းသင့်သလဲသိသူများရှိရင်ပြောပြပေးစေချင်ပါတယ်ခမျာ။

ပဲတီစိမ်းလှေးပိုး
လွန်ခဲ့သော ၆ နှစ် က

တစ်လ လောက်ကြာရင် ရပါတယ်

ကြက်သွန်နီ

လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုး ကျနေတာလည်း ဖြစ်တတ်ပါတယ် ဗျာ ရေအစိုဓါတ်ရော ရှိပါသလား

သခွားပင်တွေနူ မလိုဖြစ်တာဘာလိုကြောင့်လဲပြောပြပေးပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။