အမည်မသိ
ကုန်သည်
ရေက အပင် အမြစ် အစာရှာဖို့အတွက်လုံးဝအထောက်အကူဖြစ်စေပြီး ညဘက်မှာအစာရှာပါတယ် နေ့ဖက်မှာတော့ နေရောင်နဲ့အစာချက်တယ် ဒါက မတူညီတာတွေတော့ အပင်လိုက်ကွဲခြားနိုင်ပါတယ်
အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆိုတော့ တကယ့်တကယ်စိုက်ခင်းအတွေ့အကြုံတွေမရှိပါဘူး။ အစ်ကိုတွေ အစ်မတွေတင်တာနဲ့ စာဖတ်လေ့လာတာနဲ့ပေါင်းပြီး ဒီလိုပဲလျှောက်လျှောက်စဉ်းစားတတ်လို့ပါ။ ကျွန်တော်စဉ်းစားမိသလောက်က: ၁။ အချိန်အပေါ်မှာမူတည်သလားပေါ့ (မနက်ခင်းနေမထွက်ခင်တို့၊ ညနေစောင်းတို့၊ ညမလောင်းရဘူးတို့) ၂။ ရာသီဥတု (ပတ်ဝန်းကျင်အပူချိန်) နဲ့များဆိုင်မလားပေါ့ (မိုးတွင်းဆိုလျှော့လောင်းတို့၊ နေပူနေရင်မလောင်းနဲ့ဦးတို့၊ အရမ်းအေးနေတာမလောင်းရဘူးတို့) ၃။ ဒါမှမဟုတ် အပင်စိုက်ထားတဲ့မြေအပေါ်မှာမူတည်နေသလားပေါ့ (မြေခြောက်နေရင်လောင်းရမယ်တို့၊ မြေစိုနေသေးရင် လောင်းစရာမလိုဘူးတို့) ၄။ နောက်တမျိူးက အပေါ်ကအချက်တွေဘယ်လိုဖြစ်နေပါစေ သူ့လောင်းချိန်ကျလာရင်လောင်းရတာလားပေါ့ (ဥပမာ ၈နာရီခြားတခါတို့၊ ဘာတို့ပေါ့) ၅။ နောက်တစ်ခုက အပင်လဲလူတွေလိုပဲ အကြိုက်ကိုယ်စီရှိကြပြီး ရေကြိုက်ရင်ကြိုက်တဲ့အလျောက်ပိုလောင်းပေးရတာမျိုးလားပေါ့ (ဒါပေမယ့်အဲလိုအကြိုက်ဆောင်ပြီးလုပ်ပေးရတယ်ဆိုရင်တောင် ဘယ်အချိန်မှာလောင်းတာအကောင်းဆုံးလဲဆိုတာကို သိချင်တာကိုး) ၆။ ကျွန်တော်မစဉ်းစားမိတဲ့တခြားအချက်တွေအပေါ်မှာမူတည်တာလားပေါ့ အစ်ကို၊အစ်မတို့... ညီငယ်၊ ညီမငယ်တို့... ဆရာတို့... တစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျ။
ဘာအပင်လဲမသိ ဘူးပင်လား ခရမ်းပင်လား ငြုပ်လား ခွဲမေးမှရမယ် စလပ် မုန်ညှင်း သူ့ပုံစံနဲ့သူပေါ့ နှင်းဆီခင်းဆို နွေတမျိုး ဆောင်းတမျိုး မိုးရာသီတမျိုးပေါ့ဟ ခုမေးခွန်းက မေခွန်းသတ်တယ် ပညာရှင်များသာ
အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆိုတော့ တကယ့်တကယ်စိုက်ခင်းအတွေ့အကြုံတွေမရှိပါဘူး။ အစ်ကိုတွေ အစ်မတွေတင်တာနဲ့ စာဖတ်လေ့လာတာနဲ့ပေါင်းပြီး ဒီလိုပဲလျှောက်လျှောက်စဉ်းစားတတ်လို့ပါ။ ကျွန်တော်စဉ်းစားမိသလောက်က: ၁။ အချိန်အပေါ်မှာမူတည်သလားပေါ့ (မနက်ခင်းနေမထွက်ခင်တို့၊ ညနေစောင်းတို့၊ ညမလောင်းရဘူးတို့) ၂။ ရာသီဥတု (ပတ်ဝန်းကျင်အပူချိန်) နဲ့များဆိုင်မလားပေါ့ (မိုးတွင်းဆိုလျှော့လောင်းတို့၊ နေပူနေရင်မလောင်းနဲ့ဦးတို့၊ အရမ်းအေးနေတာမလောင်းရဘူးတို့) ၃။ ဒါမှမဟုတ် အပင်စိုက်ထားတဲ့မြေအပေါ်မှာမူတည်နေသလားပေါ့ (မြေခြောက်နေရင်လောင်းရမယ်တို့၊ မြေစိုနေသေးရင် လောင်းစရာမလိုဘူးတို့) ၄။ နောက်တမျိူးက အပေါ်ကအချက်တွေဘယ်လိုဖြစ်နေပါစေ သူ့လောင်းချိန်ကျလာရင်လောင်းရတာလားပေါ့ (ဥပမာ ၈နာရီခြားတခါတို့၊ ဘာတို့ပေါ့) ၅။ နောက်တစ်ခုက အပင်လဲလူတွေလိုပဲ အကြိုက်ကိုယ်စီရှိကြပြီး ရေကြိုက်ရင်ကြိုက်တဲ့အလျောက်ပိုလောင်းပေးရတာမျိုးလားပေါ့ (ဒါပေမယ့်အဲလိုအကြိုက်ဆောင်ပြီးလုပ်ပေးရတယ်ဆိုရင်တောင် ဘယ်အချိန်မှာလောင်းတာအကောင်းဆုံးလဲဆိုတာကို သိချင်တာကိုး) ၆။ ကျွန်တော်မစဉ်းစားမိတဲ့တခြားအချက်တွေအပေါ်မှာမူတည်တာလားပေါ့ အစ်ကို၊အစ်မတို့... ညီငယ်၊ ညီမငယ်တို့... ဆရာတို့... တစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျ။
ဖြေထားတာကောင်းပါတယ် ဒါပေမယ့် အကုန်နားမလည်ဘူး သင်တန်းတက် ရမယ်ထင်တယ်
ဘက်တီးရီးယားနှံခြောက် ရောဂါအကြောင်းသိချင်ပါတယ်