မေမြတ်မော်
အခြား · ကျုံပျော်
ခရေပင်ကို ကိုင်းကူးစိုက်နိုင်ပါတယ်။ ေမြထုပ်စည်းမျိုးပွားပြီး စိုက်နိုင်ပါတယ်။မြေထုပ်စည်းနည်းကို မြေထုပ်စည်းမျိုးပွားနည်း (သီအိုရီသဘောတရားနှင့် လက်တွေ့ဆောင်ရွက်နည်း) မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
ခရေပင်ကိုကိုင်ကူးလို့ရလားဆရာ ဘယ်လိုကူးရမလဲသိချပါတယ်
ကြက်ဥဂျူလင်စီ ကို ကြက်ဥ-1 လုံး ငါးပိ or ငံပြာရည် -1 အချိုမုန့် -1 ဇွန်း သမအောင် ခေါက်ပီး ခေါက်ပြီးသား ဆေးရည် 1.5 ဇွန်း ရေ 1-လီတာ ခန့် ရော သမ ပြီး နေ ပူထဲ ပြစ်ထား ပါ 2-3 ရက် ကြာ ပါကတကြိမ်ခန့် လုပ်ခါ ပါ အဖုံးဖွင့် ပေးပါ ရေ အလိုက် အနီရောင်သန်းလာတာ အနှေး အမြန် တွေ့ရမှာ ပါ မြစ် ရေ ကန် ရေ ဘုံ ဘိုင် ရေ ချောင်း ရေ မြောင်းရေ အကုန် ပြုလုပ် ပိုး မွှေး ယူ လို့ ရ ပါတယ် မြန်မြန်နီ ချင်ရင်တော့ ပဲဆီအနောက် - အရောင်တင်ဆီ တဇွန်းခန့် အထက်ပါ ရောဖျော်ထဲ ထည့် မွှေ ပါ ဒါဟာ အရောင်တင် ခြင်းမဟုတ်ပါ ပိုး ပေါက်ဖွားရန် အတွက်အားဖြည့် အစာပါ ရေ အလိုက် အနီ အစိမ်း အစိမ်းပုတ် ရောင် ဖြစ်တာ ကို တွေ့ ရ ပါလိမ့်မယ်ရှင့် အစိမ်း ရောင်အဖြစ်များသော ကြက်ဥဂျူလင်စီကတော့ ကန်ရေ ရေမှော် ရေညိ များ သော ရေမှာ အဖြစ်များ ပါတယ်။
ကြက်ဥဂျူလင်စီပြုလုပ်တဲ့နည်းအလင်းပြပေးကြပါဦး
ထုံးဘိုခြံက ဒေါ်ခိုင်ခိုင်ဦး ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ဖုန်းနံပတ်က( ၀၉-၄၂၈၃၂၈၇၇၈ )ပါရှင်
တစ်သျှူးငှက်ပျောပျိုပင်ဘယ်မှဝယ်လို့ရမလဲဗျ
“မြေအောင်းရောဂါတွေအတွက် ထရိုင်ကိုဒါးမား အကျိုးပြုမှို” အလွယ်တကူပြုလုပ်ပွားယူတဲ့နည်းလေး လေ့လာနိုင်ပါတယ်။
ထရိုင်ကိုဒါးမား အလွယ်ပြုလုပ်နည်းလေးရှိရင် မျှဝေပေးကြပါဦး မိတ်ဆွေဆရာများခင်ဗျာ။
ထောပတ်ပဲတွေကို မိုးနှောင်းနဲ့ ဆောင်းရာသီတွေမှာ စိုက်ပျိုးနိုင်ပါတယ်။
ထောပတ်ပဲကို ဘယ်ရာသီ စိုက်ရမှာတုန်း
အရောင်အသွေး အစုံအလင်နှင့် လှပသော မေမြို့ပန်း စိုက်ပျိုးနည်း လေ့လာနိုင်ပါတယ်ရှင်
မေမြို့ပန်းစိုက်မယ်ဆိုရင်ဘယ်လိုမေပြင်ရမလဲ
မုန်လာဥ က ဆောင်းတွင်းသီးနှံတစ်မျိုးပါ။ မြေမွ ပြီးရေရရင် ဈေးကွက်ဝင်အောင်အလုံးလှပါတယ်။ မိုးတွင်းမှာစိုက်မယ်ဆို အလုံးသေးတာ၊အမျှင်များတာ ဖြစ်ပြီး ဈေးကွက်မဝင်နိုင်ပါဘူး။ မိသားစု စားသောက်ဖို့ဆိုရင်တော့ စိုက်နိုင်ပါတယ်။ ဆောင်းရာသီမှာစိုက်ပျိုးသလိုတော့ အလုံးမလှနိုင်ပါဘူး
မိုးတွင်းမှာ မုန်လာဥအဖြူ (သုိ့) အနီစိုက်လို့ရပါသလားရှင့် ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်
ကြွက်နှိမ်နင်းတဲ့ နည်းလမ်းတွေကတော့၁.ထောင်ချောက်ထောင်ခြင်း၂.ကြွက်ကျင်းတူးဖမ်းခြင်း၃.လူအင်အားဖြင့် ခြောက်လှန့်ခြင်း၄.ထောင်ခြောက်သီးနှံထားခြင်း၅.သဘာဝရန်သူမွေးခြင်း၆.ကြွက်သတ်ဆေးဖြင့်နှိမ်နင်းခြင်း စသည့်နည်းလမ်းများတွင် မိမိအဆင်ပြေသည့် နည်းလမ်းအား စနစ်တကျ လုပ်ေဆာင်နှိမ်နင်းနိုင်ပါတယ်။
ကြွက်အထူနှိမ်နင်းရတဲ့နီးလေးသိချင်ပါတယ်ဗျာ
စပျစ်ပင် စိုက်ပျိုးနည်းစနစ်နှင့် သိကောင်းစရာများ ဝင်ရောက်လေ့လာနိုင်ပါတယ်
မြေအမျိုးအစားနဲ့ရာသီဥတုအကြောင်းလေးသိခြင်လို့ပါ
ခွေးလှေးယားသီးအမြစ်ကို အမှုန့်ကြိတ်ပြီး ရေနဲ့သောက်ရင် ကာလဝမ်းရောဂါသက်သာပါတယ်။အမြစ်ကို ကြိတ်ပြီးလိမ်းရင် ရေဖျဉ်းရောဂါပျောက်ပါတယ်။အမြစ်ကြိတ်ရည်သောက်ပါက လေငန်း၊ဆင်ခြေထောက်ရောဂါ၊သွေးဝမ်းရောဂါတို့ကို သက်သာစေပါတယ်။
ခွေးလှေးယားသီးအရု်ိင်းရဲ့ အမြစ်က အသုံးဝင်ပါသလား ဘယ်လိုအသုံးတယ်ဆိုတာလေ ပြောပြကြပါအုံး ဆရာတို့ အပင်ရဲ့ အမြစ်အသုံးဝင်နည်းကိုသိချင်တာပါ