အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zaw min oo

zaw min oo

စိုက်ပျိုးရေးပညာရှင် · ပျဉ်းမနား

1,160
လွန်ခဲ့သော ၃ နှစ် က

ဲဆန်ကွဲ ဖွဲနု ထည့်ပေးရင် ဖော့စဖောရပ် ကိုရစေပါတယ် ပင်ကြွင်းပင်ကျန် တွေပေါ် ဖျန်းရင် မြေဆွေးဖြစ်ဘို့ အကူအညီပေးပါတယ်ခင်ဗျာ

မဂ်လာပါ ကျနော်ကရခိုင်ပြည်နယ် မြောက်ဦးခရိုင်ကဖြစ်ပါတယ် ကျနော်တို့ဒေသမှာဆိုယင်ဖြင့် ရှေးလူကြီးတွေ ကလည်းစပါးခင်းမှာဆန်ကြဲပေးပါက စပါးကောင်းတယ်ဆိုပြီးပြောကြ ကြဲပတ်ကြပါတယ် စပါးခင်းမှာ ဆန်ကြဲပေးပါက ဘယ်လိုကောင်းဆိုးကျိုးတွေရှိဘည်းဖြေပေးကြပါ

စပါးပင်နှင့်အာဟာရ
လွန်ခဲ့သော ၃ နှစ် က

ပေါင်းပင်ကြောင့်သီးနှံဆုံးရှုံးမှုများပါတယ်ခင်ဗျ ယှဉ်ပြိုင်မှု သီးနှံပင် နှင့်ပေါင်းပင် နှစ်မျိုးလုံးရဲ့လိုအပ်ချက်များ လုံလောက်မှုကို မဖြည့်နိုင်တဲ့ခြေအနေတစ်ခုမှာ ဖြစ်ပါတယ်ဗျ ပေါင်းပမာဏကြီးရင် တံစဉ်လွတ်နိုင်ပါတယ်ဗျ သီးနှံဆုံးရှုံးနိုင်တဲ့အနေထားလေးလေ့လာကြည့်ပါဗျ ပေါင်းပင်နှင့်သီးနှံအထူအပါး ပေါက်နေတဲ့ပေါင်းမျိုးစိတ် သီးနှံပင် မျိုး စိုက်ပျိုးနည်းစနစ် ဒါကတော့ အဓိက ကျ ပါတယ်ဗျ ဖြစ်လိုမစိုက်ပါနှင့် နောက်တစ်ခုက မြေဆီဩဇာ အခြေအနေပါ နည်းရင်လုစားပေါ့ ရေထိန်းသိမ်းပုံကလည်း စဉ်းစားရမယ် ဒါကတော့ ထွန်ယက်မှုအနေထားလေးတွေ ပင်ကြား တန်းကြားလေးတွေ စီမံနိုင်ရင်တော့ သီးနှံရပါလိမ့်မယ်ခင်ဗျ သိသလောက်လေးပါ ကျေးဇူးပါ

ဗဟုသုသအနေဖြင့်မေးခြင်တာပါလူတွေစီုက်တဲ့သီးနံတွေနဲ့ပေါင်းမြက်တွေရဲ့အစာနဲ့ရေစုပ်ယူစားသုံးမူ့ကဘယ်လိုကွာပါသလဲပေါင်းမြက်တွေကနေပူဒန်ခံနှိင်တယ်အစာနဲ့ရေကိုဘယ်သူမမကြွေးပဲသူ့အလိုလိုကြီးထွားရှင်သန်နေထိုင်ကြတယ်လူတွေစိုက်တဲ့သီးနံတွေကမေသြဇာကြွေးရတာနဲ့ရေတွင်းရတာနဲ့နွေမိုးဆောင်းအမိုးလုပ်ပေးရတာနဲ့တော်တော်တော့အလုပ်ရှုပ်သလိုပါပဲတစ်လုပ်စားရဖိုအရေး

လွန်ခဲ့သော ၃ နှစ် က

တောင်သူတွေအသုံးပြုနေတဲ့ မြေသြဇာတွေမှာ နိုက်ထရိုဂျင်အနေနဲ့ ယူရီးယား၊ အမိုနီယမ် နဲ့ နိုက်ထရိတ် ဆိုတဲ့ပုံစံတွေ အသုံးပြုကြပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့ နိုက်ထရိုဂျင်မြေသြဇာတွေဖြစ်တဲ့ ယူရီးယားနဲ့ အမိုနီယမ်ပုံစံ မြေသြဇာတွေအသုံးများပါတယ်။ ဒီမြေသြဇာတွေဟာ အပင်ကစားသုံးနိုင်တဲ့ ပုံစံရောက်ဖိုအတွက် နိုက်ထရိတ်ပုံစံပြောင်းဖို လိုအပ်ပါတယ်။ အပင်တွေက နိုက်ထရိုဂျင်ကို စုပ်ယူစားသုံးတဲ့အခါမှာ နိုက်ထရိတ်ပုံစံကို ပိုပြီးနှစ်သက်ပါတယ်။ အပင်ကနေ စုပ်ယူတဲ့ နိုက်ထရိုဂျင် စုစုပေါင်းရဲ့ (၉၀) ရာခိုင်နှုန်းဟာ နိုက်ထရိတ်ပုံစံပဲ ဖြစ်ပါတယ်။ သီးနှံပင်တွေဟာ ကြီးထွားဖိုအတွက် အမိုနီယမ်နဲ့ နိုက်ထရိုဂျင် တိုကို အိုင်းရွန်းပုံစံနဲ့ စုပ်ယူကြပါတယ်။ မြေကြီးတွင်းရှိနေတဲ့ အဏုဇီဝသက်ရှိသက်ရှိများရဲ့ နိုက်ထရီဖီကေးရှင်းဖြစ်စဉ်ကြောင့် နောက်ဆုံးမှာ ရရှိတဲ့ ပုံစံပဲဖြစ်ပါတယ်။ နိုက်ထရိတ် ပုံစံဟာ အပင်ကချက်ချင်းစုပ်ယူစားသုံးနိုင်တဲ့အတွက် အပင်ကို မြန်မြန်ဖြစ်ထွန်းစေပြီး အမြစ်ကြီးထွားမှုကိုလည်း ကောင်းမွန်စေပါတယ်။ အမိုနီယမ်ပုံစံကတော့ တဖြည်းဖြည်းခြင်းမှ အပင်ကို အာဟာရထောက်ပံ့ပေးနိုင်ပါတယ်။

Urea နှင့် Nitrogen ဟာတူတူပဲလား...

စပါးနှင့်ယူရီးယားမြေသြဇာ
လွန်ခဲ့သော ၃ နှစ် က

၅၀၀၀ မှ ၁၀၀၀၀ ဖြစ်ပါတယ် ငါးကြပ် အရွယ် ဖြစ်ပါတယ်

တစ်ဧကနီးနီးရှိတဲ့ကန်ကြီးအနက်6'/7'ခန့်ရှိတယ်ဗျငါးမွေးချင်လို့ဘယ်ငါအအျိုးအစားနဲ့သင့်တော်ပြီးငါးအကောင်ရေဘယ်လောက်ထည့်လို့ရလဲဗျ

ငါးမွေးမြူနည်း
လွန်ခဲ့သော ၃ နှစ် က

တစ်ဧကကန် ကိုဘယ်လောက်ထည့်မယ်မှန်းထားလဲဗျ အရင်ဆုံးကန်ကို သန့်ရှင်းရေးလုပ်ပါ ရေ+ ကန်ဘောင်ပတ်ဝန်းကျင် ကို ပါ ကန်ကိုရေအပြောင်ထုတ်နိုင်ရင် အကောင်းဆုံးပါ ဒါမှကန်တွင်း ထူးပါက်ကနေ ငါးရိုင်းမဝင်နိုင်အောင် ပါ ထူးပေါက်တွေပတ်ရပါမယ် ၂ပတ်နေလှန်းလိုက်ပါ ပြီလှင်ထုံးမှုန်အိတ် ၂၀လောက်ထည့်ဖြူးပေးပါ နောက် ပြီးမှ ရေကို ထည့်ပါ ကန်ဘောင်ပတ်လည် ယင်းလိပ်ကာထားပါ ရေ ၅ပေ ရအောင်ထည့်ပါ ရေကြည်ဆိုမှ မိမိမွေးမြူန် အဆင်သင့်ဖြစ်ပါပြီ ငါးမြစ်ချင်း ငါးကြင်းဖြူ အကောင်ရေ ခန့်မှန်းခြေ ၅၀၀၀၀ မှ ၁၀၀၀၀ ကြားထည့်ပါ ငါးထည့်ရင် ငါးရိုင်းများမပါအောင် ူငါးမျိုးသန် မေးဝယ်ပါ သိသလောက်ပြောချင်းဖြစ်တယ် အဆင်ပြေစိးပွားတိုးပါသေ ခင်ဗျာ

တစ်ဧကနီးနီးရှိတဲ့ကန်ကြီးအနက်6'/7'ခန့်ရှိတယ်ဗျငါးမွေးချင်လို့ဘယ်ငါအအျိုးအစားနဲ့သင့်တော်ပြီးငါးအကောင်ရေဘယ်လောက်ထည့်လို့ရလဲဗျ

ငါးမွေးမြူနည်း
လွန်ခဲ့သော ၃ နှစ် က

တစ်ဧကနီးနီးရှိတဲ့ကန်ကြီးအနက်6'/7'ခန့်ရှိတယ်ဗျငါးမွေးချင်လို့ဘယ်ငါအအျိုးအစားနဲ့သင့်တော်ပြီးငါးအကောင်ရေဘယ်လောက်ထည့်လို့ရလဲဗျ

ငါးမွေးမြူနည်း
လွန်ခဲ့သော ၈ နှစ် က

အပင်အောက်ခြေအနေအထားကိုသိချင်ပါသည်

အရွက်တွေမှာကွက်ပီး အပင်တွေညိုးကုန်တယ် အပွင့်တွေလဲအသီးမတင်တော့ဘူးဘိုရွန်အားနဲတာတဲ့ အပင်တွေဘိုရွန်အားနဲရင်ဘာလုပ်ပေးရမလဲ ဘယ်မြေသြဇာနဲ့ဘာဆေးတွေသုံးရလည်းခမျ နောက်ပီးတော့ အသီးတွေမှာလည်း ထွဋ်နေလို့ ကျေးဇူးပြုရွေ့ အလင်းပြကျပါဦးခမျာ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။