အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ye Lin Oo

Ye Lin Oo

စိုက်ပျိုးရေးပညာရှင် · ပြင်ဦးလွင်

1,625
လွန်ခဲ့သော ၅ နှစ် က

မိုဇေ့ ဗိုင်းရပ်ရောဂါပါ ကူးပြီးရင် ဆေးဖျန်းမရတော့ပါ အပင်ငယ်တုန်း ပိုသတ်ဆေး ဖျန်းပြီး ကာကွယ်နိုင်ပါတယ် ကူးပြီးရင် ဆေးမရှိတော့ပါ

ဘာဆေးသုံးသင့်လဲဗျ အကြံလေးပေးကြပါအုံး

လွန်ခဲ့သော ၅ နှစ် က

လှေးပိုးပါ မုန်ညင်း မုန်လာတွေမှာ ဖျက်စီးမှုများပါတယ်

ပဲပင်အရွက်တွေပေါက်နေတာ ပဲခင်းထဲမှတော့အဲ့လိုပိုးတော့တွေ့တယ် ဘာပိုးလဲဗျ

ပဲတီစိမ်းလှေးပိုး
လွန်ခဲ့သော ၆ နှစ် က

ဂျပ်ပဆင် ကျောက်မှုန့် ၄ ပြည် ပုလဲ ၄ ပြည် (တစ်ဧက) ရော ပက်ရင် အထွက်ကောင်းပါတယ် ခုချိန်က မှို့ကပ်တော့မှာဖြစ်တဲ့အတွက် အစာပိုလို့ပါတယ်

ဖုံးတုန်းလုံးတုံးမလာခင်လေးမှာ ဘာမြေသြဇာကြွေးရမလဲ သင့်တော်နာလေးညွန်ပေးကာ

စပါးပင်နှင့် ကျောက်မှုန့်မြေသြဇာ
လွန်ခဲ့သော ၆ နှစ် က

ဒီပုံထဲကဟာကစိုက်ဘောင်ဆိုရင် လောင်းရိပ်ကျနေပါတယ် အပင်စိပ်လွန်းပါတယ် ဆောင်းရာသီပဲစိုက်ပါ

ကျွန်တော်ဆလပ်ဝါသနာအရစိုက်တာမဖြစ်ဘူးဖြစ်နေလို့ဘာလို့အပ်လို့လဲမသိဘူးမြေဩဇာလည်းကောင်းကောင်းစပ်ပါတယ် လက်ညိုးလောက်အထိတက်လာပြီးရင်မရတော့ဘူးခနခနရှိနေပြီမျိုးစေ့ကို lion seed ကိုသုံးပါတယ်ဖြစ်နိုင်ရင်ပြန်ဖြေကြားပေးစေချင်ပါတယ်

လွန်ခဲ့သော ၆ နှစ် က

မြေပဲရွက်လိပ်

ရောဂါကာကွယ်အကြောင်းပြောပါ

မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ
လွန်ခဲ့သော ၆ နှစ် က

မြေပဲရွက်ပြောက်ရောဂါ

ရောဂါကာကွယ်အကြောင်းပြောပါ

မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ
လွန်ခဲ့သော ၆ နှစ် က

ကျနော် မြန်မာပြည် အလယ်ပိုင်းမှာတွေ့ဖူးတဲ့ မြေပဲရောဂါတွေက ေဒါင်းမြီးကွက် များပါတယ် အမဲရောင်အကွက်လေးတွေ အရွက်ပေါ်မှာ ရွေးစေ့ အရွယ်တွေဖြစ်နေတာပါ များရင် အရွက်​ကြွေတယ် အဲဒါကမှိုရောဂါဖြစ်လို့ မှိုဆေးဖျန်းဖို့လိုပါတယ် ဖန်ကူရမ် (အပြာရောင်အမှုန့်) နဲ့ ဒိုင်သိမ်း (အဝါရောင်အမှုန့်) ရောဖျန်းပါ ေဆဖျန်းပုံးတစ်ပုံးကို အပြာမှုန့် ၂ဇွန်း + အဝါမှုန့် ၁ ဇွန်းရောဖျန်းပါ နေသာတဲ့မနက်ပိုင်း ၉ နာရီလောက်ဖျန်းပါ အရွက် မိုး နှင်းစိုနေရင် မဖျန်းပါနဲ့ အရွက်​ခြောက်နေမှ ဖျန်းပါ မှိုရောဂါအပြင် ဘက်တီးရီးယား ရောဂါပါ ထိရောက်ပါတယ် ဒါအပြင် ေဆးထဲပါတဲ့ ကြေးဓာတ်နဲ့ သွပ်ဓာတ်​ကြောင့် အပင်ပိုဖြစ်လာပါလိမ့်မယ် ပိုးတွေကတော့ ရွက်ကပ်ရွက်လိပ်ပဲ တွေ့ဖူးပါတယ် ပိုးသတ်ဆေးအနေနဲ့ကတော့ အဆိပ်ငွေ့အာနိသင်ရှိတဲ့ ဟာတွေကို ညမိုးချုပ်ကာနီး ဖျန်းပါ ( ကလိုပိုင်ရီဖောစ့် နှင့် ဆိုက်ပါအရော) ကိုဝင်း ၊ ဆိုက်ကလုန်း စသည့်ဖြင့်ရှိပါတယ် နီးစပ်ရာဆိုင်တွေမေးကြည့်ပါ ညနေဖျန်းခိုင်းတာက ပိုးတွေကညဖက်ထွက်စားကြလို့ပါ အထက်ပါဆေးကပြင်းလို့ အခြားင​မြှောင်တောင် နဲ့ကိုက်စားပိုးတွေကိုပါနိုင်ပါတယ်

ရောဂါကာကွယ်အကြောင်းပြောပါ

မြေပဲပင်တွင်ကျရောက်တတ်သောရောဂါများ
လွန်ခဲ့သော ၆ နှစ် က

မြေဆီ ခေါ်ဓာတ်မြေသြဇာတွေကအမျိုးမျိုးရှိလို့ အတိအကျပြောရခက်ပါတယ် အပင်မစိုက်ခင် စိုက်မယ့်ကျင်း သို့မဟုတ် ဘောင်ထဲကို ၁၅ ပတ်လည် (15:15:15) လိုမျိုး သုံးမျိုးစပ် ကိုထည့်ပေးရင် ကောင်းပါတယ် နုိက်ထရိုဖော့စ်စကာ ၊ ယာရာ ၊ အာမို စသည်ဖြင့် အဆင်ပြေတာသုံးလို့ရပါတယ် နောက်မှပြန်ထည့်လို့ရပေမယ့် ငရုပ်က ရောဂါနှင့် ပိုးတွေကျတာများတတ်လို့ပါ အမြစ်ပိုင်းကိုလည်းအထိခိုက်မခံပါဘူး ပန်းပွင့်ပြီးသီးနေတဲ့တလျောက် ရွက်ဖျန်းမြေဩဇာ တစ်ပါတ်တစ်ခါ သုံးပေးရင်ကောင်းပါတယ် ဖာထရီလွန်ကွန်ဘီ၊ ကောမက် စတာတွေ သုံးနိုင်ပါတယ် ထုံးဓာတ်လိုအပ်ရင် အသီးပုပ်တတ်လို့ ကြက်ဥခွံကို မီးဖုတ်၊ ဆုံနဲ့ထောင်း ပါ အမှုန့်ဖြစ်သွားရင် ပန်းကန်ကျယ်ကျယ်ထဲထည့် ရှာလကာရည်နည်းနည်းစီလောင်းပ အမြှုပ်တွေ ထွက်လာလိမ့်မယ် တစ်ရက်လောက်ထားပြီးမှ ရေနဲ့ရောဖျန်းပါ များလည်း ဘာမှမဖြစ်ပါ

ဘယ်အချိန်မှာ မြေဆီကျယ်ရမှာ ဆရာ

ငရုတ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၆ နှစ် က

ဆစ်ပိုးကြောင့်ဖြစ်ဖို့များပါတယ် အနှံကိုခွဲကြည့်ပါ လောက်ကောင်လေးတွေ့ရင် ဆစ်ပိုးပါ ပင်ပွားထွက်ချိန်ကတည်းက မီးထောင်ချောက်ထွန်းပါ ဖလံမျိုးမိုလို့ မီးတိုးပါတယ်

အနှံဖြူဘာလိုထွက်တာလဲသိခြင်ပါတယ်ဆရာတို့

စပါးဆစ်ပိုး
လွန်ခဲ့သော ၆ နှစ် က

ရွာငံဘက်မှာစိုက်တဲ့ ကက်တွိုင်းမျိုး စိုက်ပါ မျိုးတွေကတော့များပါတယ် ကက်ကြူလာ ကက်တီးမိုး ရိုဘစ်စတာ ကက်တွိုင်း မျိုးတွေကတော့ ုမြန်မာပြည်မှာ အစိုက်များပါတယ်

ကော်ဖီမျိုးဘယ်နမျိုးႁိလဲ လားၡိုးနယ်မာ ဘာအမျိုးစိုက်သင်တာလဲ အလင်ပေးပါဆရာတို့

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။