အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်မျိုးဌေး

ကျော်မျိုးဌေး

စိုက်ပျိုးရေးပညာရှင် · မုံရွာ

1,567
လွန်ခဲ့သော ၅ နှစ် က

ရေဆင်း(၁၂) ကုလားပဲမျိုး စိုက်လို့ရပါတယ်ခင်ဗျ။ မျိုးကိုတော့ ဇလုတ်စိုက်ပျိုးရေး သုတေသနခြံနဲ့ ပန်းကုန်းစိုက်ပျိုးရေး သုတေသနခြံတွေမှာ ဝယ်လို့ရပါတယ်ခင်ဗျ။

နှုန်းမြေတွင်ကုလားပဲစိုက်ပျိုးရန်မည်သည့်ကုလားပဲမျိူးးနှင့်အကောင်းဆုံးဖြစ်ပါသလဲး

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း) နဲ့ လက်ပံတန်းစိုက်ပျိုးရေး သုတေသနခြံတွေမှာ ကြိုတင်မှာယူ ဝယ်ယူလို့ရပါတယ်ခင်ဗျ။

မတ်ပဲမျိုးကဘယ်မျိုးကအထွက်ကောင်းသလဲ

မတ်ပဲမျိုး
လွန်ခဲ့သော ၅ နှစ် က

ရေဆင်း(၇) မတ်ပဲမျိုးက အထွက်နှုန်းကောင်းပြီး အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်ရည် ရှိပါတယ် ခင်ဗျ။

မတ်ပဲမျိုးကဘယ်မျိုးကအထွက်ကောင်းသလဲ

မတ်ပဲမျိုး
လွန်ခဲ့သော ၅ နှစ် က

"Rice Water Weevil" လို့ ခေါ်တဲ့ စပါးဖျက်ပိုးပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ စပါးအဓိကဖျက်ပိုးထဲမှာ မပါပါဘူး။ ဒီပိုးရဲ့လောက်ကောင်က စပါးပင်ရဲ့အမြစ်ကို စားသောက်ဖျက်ဆီးတဲ့အတွက် စပါးပင်ပုခြင်း၊ အနှံမအောင်ခြင်း၊ အဖျင်းအမှော်များခြင်းကို ဖြစ်စေပါတယ်။ ဖျက်ပိုးဦးရေများလာရင်တော့ ဂရုစိုက်သင့်ပါတယ်။ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ စပါးခင်းကိုရေသွင်းထားခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။ ဆေးသုံးချင်တယ်ဆိုပါက လမ်ဒါဆိုင်ဟေလိုသရင် ဆိုတဲ့ဆေးကို သုံးနိုင်ပါတယ်။

ဖျက်ပိုးလား မိတ်ဆွေပိုးလား ပိုးသက်ဆေးဖြန်းသင့်လား

စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၅ နှစ် က

မတ်ပဲမျိုးသန့်တွေကို လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံမှာ ဝယ်လို့ရနိုင်ပါတယ်။

ရေဆင်းမတ်ပဲ မျိုးဘယ် မာ ဝယ် လို ရ လဲ ဗျသိတဲ သူ များကူညီ ပါ အုန်းဗျ

မတ်ပဲမျိုး
လွန်ခဲ့သော ၆ နှစ် က

ဖြုတ်စိမ်းကျတာပါ။ Golden Key က ဖြန့်ဖြူးတဲ့ ဟော်ပါစတား (Hopper Star) ၊ ရွှေဆန်းတက် (သို့မဟုတ်) Corteva ကုမ္ပဏီက ထုတ်တဲ့ ပီဇာလွန် (Pixalon) သုံးရင် ရနိုင်ပါတယ်။ ဟော်ပါစတား နဲ့ ရွှေဆန်းတက် ဆေးတွေကတော့ သုံးကြတာ ကြာပါပြီ။ ပီဇာလွန် ကတော့ စပါးဖြုတ်ပိုးအတွက် မနှစ်ကမှ စတင်ဖြန့်ဖြူးတဲ့ ဆေးအသစ်ဖြစ်ပါတယ်။ ရွှေဘိုဒေသတောင်သူတွေ တော်တော်ကြိုက်ကြပါတယ်။ အဆင်ပြေပါစေခင်ဗျာ။

ကျွန်တော်စိုက်ခင်းမှာ စုပ်ပိုးအစိမ်ကောင်လေးတေ ကျနေလို့ပါ ပိုးသတ်ဆေးလဲစုံနေပီ မရဘူးဖြစ်နေတယ် ဆေးရှိသေးရင်လမ်းညွှန်ပေးပါခင်ဗျာ

လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့်အနေနဲ့ တောင်သူကြီးများကို အကြံပြုလိုတာက မျိုးစေ့မှာ ပိုးသတ်ဆေးစီရင်အသုံးပြုမယ်ဆိုရင် မျိုးစေ့လူးနယ်ဆေးကို ‌အသုံးပြုတာက စိတ်အချရဆုံးနဲ့ ထိရောက်မှု အရှိဆုံးပါပဲ။ ဆိုင်ကလုံး (ကလိုပိုင်ရီဖော့စ်) ကိုတော့ မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးနည်းပါတယ်။

နှမ်းမျိုးကိုပိုးသပ်ဆေးလူးထာလိုဘယ်နရပ်ထာနှိင်မလဲ

နှမ်းတွင်ကျရောက်တတ်သောပိုးမွှားများ နှမ်းပင်ပြုစုခြင်း
လွန်ခဲ့သော ၆ နှစ် က

စပါးအရွက်ကိုကိုက်ဖြတ်၊ လိပ်ပြီး အဲ့ဒီအလိပ်ထဲမှာနေတာဆိုရင်တော့ စပါးရွက်လိပ်အိမ်ပိုး ဖြစ်ဖို့များပါတယ်။ စပါးခင်းအတွင်း ရေထုတ်ပြီး သင့်တော်တဲ့ဆေးတစ်မျိုးမျိုးနဲ့ နှိမ်နင်းနိုင်ပါတယ်။ ဆိုးရွားစွာကျရောက်ရင် တစ်ခင်းလုံးပျက်စီးနိုင်ပါတယ်။ ဖျက်ပိုးဟာ စပါးအရွက်လိပ်ထဲမှာနေပြီး ရေနဲ့အတူ ပျံ့နှံ့တဲ့အအတွက် ရေထုတ်ပေးဖြိ့ အရေးကြီးပါတယ်။

စပါးခင်းမှာ အရွက်တွေပြတ်ချနေပြီး အဲ့အရွက်ပြတ်ထဲမှာ ပိုးကောင်ရှိနေတာ ဘာပိုးလဲရှင့်။ ဘယ်လိုဖြေရှင်းရမလဲရှင့်။ အတော်များနေလို့ရှင့်။

စပါးထွားကောင်စိမ်း
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။