အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးထက်

မိုးထက်

တောင်သူ

2,441
လွန်ခဲ့သော ၅ နှစ် က

လိမ္မော်အကြောင်းသိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ် ခေါင်းစဉ်ကိုနှိပ်ပြီး စိုက်ပျိုးနည်းအပြည့်အစုံကို လေ့လာနိုင်ပါတယ်ဗျ။

လိမ်မော စိုက်ပျိုးနည်းလေးသိချင်လို့ပါဗျ

လွန်ခဲ့သော ၅ နှစ် က

စပါးအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ နှံစုပ်ဂျပိုး (Rice earhead bug) - ကြိုတင်ကာကွယ်ခြင်းအနေနဲ့ကတော့ ရင့်မှည့်ချိန်နောက်ကျတဲ့ စပါးမျိုးတွေကိုစိုက်ပါ။ - ကွင်းထဲမှာ ပေါင်း၊ မြက်တွေကို ရှင်းရပါမယ်။ - မနက်ခင်းနဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက် (သို့) လက်နဲ့ဖမ်းဆီးခြင်းတွေ ပြုလုပ်ပေးပါ။ - ပင့်ကူ၊ နဂျီ၊ လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကို စားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ်။ - တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ်။ - ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသော စျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။ မှတ်ချက်။ ။ စပါးရုံ (၂၀)ရုံမှာ စပါးနှံစုပ်ဂျပိုး (၁၀)ကောင်အထက်တွေ့မှသာ ပိုးသတ်ဆေးများကို အသုံးပြုပါ။

ဘာဆေးသုံးရမလဲ ဘယ်နှစ်ကြိမ်ဖျန်းရမလဲ ခင်ဗျာ

စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၅ နှစ် က

ပဲဖတ်ကို အချဉ်ဖောက်ထားလိုက်။ မခံနိုင်လောက်အောင် ပုပ်နဲ့ထွက်နေပြီဆိုရင် တောင်တော်ကောင်းပြီ။ ပုလဲအစားထိုးပဲ။ ပုလဲထက်တောင် ပိုကောင်းသေးတယ်။ အဲဒီထဲကို နွားသေးပါထည့်ရောလိုက်။ အဆများရင် အပင်ပါလောင်တယ်။

နွေစပါးစိုက်ပျိုးရေးအတွက် စပ်မျိုးကိုအသုံးပြုသော်တစ်ဧက မျိုးစပါးဘိုး ၇၀၀၀၀ကျပ်ကုန်ကျ ပါတယ်၊ နွေစပါးမှာ ဓာတုမြေသြဇာက အသုံးမပြုဘဲ စိုက်မရပါဘူး ဒါ့ ကြောင့် အရင်းငွေနည်းအောင် ကိုယ့်မျိုး ကိုယ်ထားစနစ် ကြိုတင် ပြင်ဆင်ရပါပြီ၊ ငါးအမိုင်နို ပြုလုပ်ထားပါတယ် စပါးပင်အားဖြန်းလျှင် အကျိုး ရှိပါသလားခင်ဗျာ။

စပါးပင်နှင့်အာဟာရ ကိုယ်တိုင်လုပ် အပင်အားဆေးများ
လွန်ခဲ့သော ၅ နှစ် က

မြင်ဖူးကြားဖူးနေကြ မြေသြဇာတော့မဟုတ်။ ထုတ်တဲ့ကုမ္ပဏီ ထည့်မထားရင်တော့ အတုဖြစ်ဖို့များပါတယ်။ ဓာတ်ပုံရောရှိလား။

စိန်မြင်းပျံ ကွန်ပေါင်းမြေဩဇာ 15 ပါတ်လည်က မြေဩဇာ အတုလား သိချင်ပါတယ်။ ရှာတာမတွေ့လို့ပါ လိပ်စာလည်း မရေးထားလို့ပါ

လွန်ခဲ့သော ၅ နှစ် က

ကလေးက ဘာလုပ်နေတာလဲ 😆

ဒီအဖွဲ့ထဲမှာဝက်မွေးတဲ့သူများမရှိကြဘူးလားဗျာ

လွန်ခဲ့သော ၅ နှစ် က

ပုံကြည့်ရတော့ အသီးကရင့်လာလို့ ဝါလာတာလားလို့။

အဲ့လိုဝါဒါဘာဖြစ်တာလဲဗျ..ဘာဆေးသုံးရမလဲ

လွန်ခဲ့သော ၅ နှစ် က

ပုံကြည့်ရတော့ အသီးကရင့်လာလို့ ဝါလာတာလားလို့။

အဲ့လိုဝါနေတာဘာဖြစ်တာလဲဗျ.....ဘာဆေးသုံးရမလဲဗျ

လွန်ခဲ့သော ၅ နှစ် က

သစ်ပေါင်းခံရည်တော့ မကြားဖူးဘူး။ ဝါးပေါင်းခံရည်ပဲ ကြားဖူးတယ်။

အပင်တွေမှာဖြန်းတဲ့ organic ဖြန်းဆေး (သစ်ပေါင်းခံရည်) ပြုလုပ်နည်းလေး သိချင်ပါတယ် ပြောပြပေးပါ

လွန်ခဲ့သော ၅ နှစ် က

အကိုအပင်က အိတ်လေးထဲမှာ ၃ ပင်တောင် ပျိုးထားတာ။ အဟာရက ကုန်လာလို့ အမြစ်ကြပ်လာလို့ အပင်က စဝါချင်လာတာပါ။ ဖြစ်နိုင်ရင် မြေကြီးပေါ်ကို ရွှေ့စိုက်လိုက်ပါတော့။ ဒီအိတ်ထဲမှာ ကြာကြာထားလို့မရတော့ပါ။ အပင်ခွဲစိုက်ပါ။

ွတင်ခွင့်ပြုပါ ခင်ဗျာ ဝါသနာအရဒန့်သလွန်ပင် လေးပျိုးထားတာ တစ်လကျော်သွားပါပြီ အခု အပင် က တဖြည်းဖြည်းနဲ့ အောက်ခြေ ကအရွက်တွေ ကစဝါ လာတာ တစ်ပင်လုံးဝါတော့မယ် အာ့လာ ပြန်စိမ်းလာအောင် ဘာတွေ လုပ်ရမလည်းသိတဲ့ဆရာများသင်ပေးပါဦးခင်ဗျာ့ ကျေးဇူးပြု၍

လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ

မေမြို့ပန်းစိုက်ပျိုးနည်း ရချင်ပါတယ်ခင်ဗျာ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။