ဒေါက်တာခင်မောင်စိုး
WorldFishမွေးမြူရေးသမား · ဒဂုံမြို့သစ်မြောက်ပိုင်း
ကန်အရွယ်နဲ့ငါးကောင်ရေမျှရင်လဲတချိန်မှါ ငါးကြီးထွားမှုတန့်သွားနိုင်ပါတယ်၊ ငါးကန်အရွယ်နဲ့ မွေးထးတဲ့ငါး ကောင်ရေ ၊ တခြားငါးရောမွေးထားရင်လဲ ငါးအမျိုးအစားများနဲ့ကောင်ရေ ကိုပြောပြပါ။ လက် ၂လုံးလောက်ကြီးတယ်ဆိုတာ ငါးရဲ့ဗျက်ကိုပြောတာလား ငါး နှာဖျားကအမြီးဖျားအထိ လက်မ ဘယ် လောက်ရှည်လဲပြောပြပါ၊ ဖြစ်နိုင်ရင် ငါး (၁၀) ကောင်ကိုစုပြီးချိန်ရင်အလေးချိန်ဘယ်လောက်ရှိတယ်ဆိုတာကိုလဲပြောပြပါ။
ဆရာတို့ကျွန်တော့်မြက်စားငါကြင်းက၄လရှိပြီလက်၂ချောင်းလောက်ဘဲရှိသေးတယ်ကြီးထွားမူနေးနေသလားလို့ဘာအစာကိုပြောင်းပြီးကျွေးရမလဲဗျ ကျွန်တော်ကကန်ဘောင်ပေါ်ကမြက် ထမင်း ဖွဲနု ၃မျိုးကျွေးတယ်ဗျ ကြီးထွားမူမြန်အောင်အကြံပေးပါဦးဗျာ
ငါးရံ့ကို ထိုင်း ကမ္ဘောဒီးယား ဗီ ယက်နမ် နိုင်ငံများမှာ စီးပွားဖြစ် အောင် မြင်စွာ မွေးနေကြပါတယ် ငါးစိုငါးကြေများ ကြက် ဝက် သားသတ်လုပ်ငန်းမှရရှိတဲ့ ဝမ်းတွင်းကလီ စာ စွန့်ပြစ် ပစ္စည်းများ ကို ကျွေးပါတယ်ငါးရံ့သားဖောက်လုပ်ငန်း တွေကလည်း ငါးသားပေါက်အလုံအလောက်ဖြန့်ချိပေးနိုင်ကြပါတယ် ဒါကြောင့် သူတို့အနေနဲ့ ငါးရံ့ ငါးခူ ကကတစ် စတဲ့ သားစားငါးတွေကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်မွေးနေ ကြပါတယ် ကျွန်တော်တို့မှာလည်း လွန်ခဲ့တဲ့ ၅ နှစ် လောက်က ငါးရံ့ကိုဆေးထိုးငါးဖောက်ပြီး အသားတိုးမွေး ဘို့. တော်တော်အကုန်အကျခံလုပ်ခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ ငါးထီးငါးမကိုဆေးထိုးသားဖောက်တာအခက်အခဲမရှိပေမဲ့လည်း သားပေါက်ပြု စုခြင်း အသားတိုးမွေးခြင်းမှာ အစာ နဲ့ကန်ရေအရည်အသွေးမပျက်ရေး ထိမ်းသိမ်းရန်စသောအဓိကအခက် အခဲများကြောင့် ရှေ့ဆက်လုပ်နေ ကြောင်းမကြားရတော့ပါ။ ကျွန် တော်တို့ရဲ့လက်ရှိအနေအထားအရ ငါးရံ့ ငါးခူမွေးဘို့ရာ စတIင်စည်းစားနိုင်ဘို့ပါ မွေးမြူ နည်းကိုသီးသန့် သိဘို့ဆိုရင်! အင်တာနက် YouTube က ( Snake head fish farming in Cambodia) မှာ VDO ကြည့်နိုင်ပါတယ်
ငါးရံ့မွေးမြူးရေးသိချင်လို့ပါခင်ဗျာ
ပန်းတနော် မအူပင် ဟင်္သတ နဲ့ ပုသိမ် ငါးလုပ်ငန်းဦးစီးဌာန က ငါးလုပ်ငန်းစခန်းတွေမှာ တီလားပီးယား ငါးသားပေါက်တွေ ကြိုတင်မှာ ကြားပြီး ဝယ်ယူနိုင်ပါတယ်
တီလားဗီးယာငါးမျိုးဘယ်မာဝယ်လိုရနိုင်မလဲ ဖုန်နံပါတ်လေးညွန်ပေပါ
ကျေးဇူးပြုပြီး အုတ်ကန်အရွယ် ရေအနက် မွေးထားသော ငါး အ မျိုးအစားအလိုက်မွေးထားသော ကောင် ရေနှင့် ကျွေးသောအစာ ကိုပြော ပေး ပါ
အုတ်ကန်နှင့်ငါးမွေးထားပါတယ်. ငါးခုံးမ|တောင်ပေါ်ငါးသလောက်|ငါးမြစ်ချင်း |ငါးသုံးမျိုးမွေးထားပါတယ်.ကြီးထွားနှုန်းကောင်းရန် အစာကြွေးနည်းစနစ်အားပြောပြပေကြပါအုံးခင်ဗျ.ငါးအရွယ်အစားမှာ ၃လက်မ အရွယ်ဖြစ်ပါတယ် ခင်ဗျ
ရေတက်ရေကျရှိတ၌့မြောင်းတွေမှာ ရေ ၃ပေ ၄ပေခန့် နှစ်ပတ်လည် ဒါမှမဟုတ် ၄လ ၅လ ခန်ရှိနေဘို့ ရှေးဦး ကြည့်ရပါမယ်။ ဒုတိယအနေနဲ့ အဲဒီရေက မိုးမှာ လား နွေရာသီမှာ လား သိရပါမယ်။ တတိယအနေနဲ့ ရေတက်ရေကျနေရာဆိုတော့ ရေအငန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို သိရပါမယ်။ ဒါမှသာလျင် ရေချိုငါးမျိုး ကိုမွေးမလား ၊ ရေချိုရေငန် စပ် ရေမှာ သက်ရှင်ကြီးထွားတဲ့ငါး မျိုး ကို မွေးရမလားဆိုတာ ဆုံးဖြတ်ရပါမယ်။ သာမန်အားဖြင့်တော့ ချောင်းကကျဉ်းပြီး ကိုယ်ပိုင်နေရာဆိုရင် တမံ ၂ ဘက်ပိတ်ပြီး ရေဝင် ရေ ထွက်ပြွန်နဲ့ တတ် ပေးပြီး ရေစီးရေလာမပိတ်အောင်စီမံ မွေးမြူ နိုင်ပါတယ်။ ရေရနိုင်တဲ့ကာလ အကြာအရှည်ကိုကြည့်ပြီး ၃ လ ၆လမှာ ဖမ်းစားလို့ရတဲ့ ငါးခုံးမ တီလားပီးယား ငါးပြေမ ငါးဘဲဖြူ စတဲ့ ငါး ကို မွေးနိုင်ပါတယ်။ နှစ်ပတ်လည်ရေရ မယ်ဆိုရင် ငါးမြစ်ချင်း ငါးတန်စတဲ့ငါးကို မွေးနိုင်တာ ပေါ့။ ဒီလို ရေတက်ရေကျရှိတဲ့ မြောင်းတွေကို ပြုပြင် ပြီး ငါးမွေးတဲ့နည်းစနစ် ကို ငါးဦးစီး WorldFish နဲ့ LIFTပူးပေါင်းနည်း ပညာ ပေးဆောင်ရွက်နေပါတယ် ဖျာပုံမှာ ပါ။ ခြံမြောင်းငါးမွေးနည်းလို့ ခေါ်ပါတယ်။ ချောင်းကျယ်တွေမှာကတော့ ပိုက် လှောင်အိမ် နဲ့ စနစ် တကျ Cage culture လုပ်ကြပါတယ်။
မြစ်ရေချောင်းရေနဲ့ဆက်နေတဲ့ ရေအတတ်အကျရှိတဲ့ မြောင်းတွေမှာငါးမွေးလို့ရနိုင်ပါသလား ဘာငါးတွေမွေးမြူလို့အဆင်ပြေစေနိုင်ပါလဲခင်ဗျ
ဆရာ့ ငါးမှာ ၁၂% လောယ်မှာ အနီစက်တွေ့တာ လက်ရှိ အခြေအနေ ပြောပါအုန်း
ငါးခန္ဓာကိုယ်ပေါ်တွင် အနီစက်များတွေ့ရှိနေတာဘာဖြစ်နေတာလဲမသိလို့ပါ
ရေအနက်သင့်တော် ပါတယ် လာနီယာ ကိုကာကွယ်ဖို့ က ကန် ရေသန့်ရှင်း ဖို့ နဲ့ ကန်အောက်ခြေ သန့်ဖို့ လိုအပ်ပါတယ် အဲတာတွေကိုမထိန်းနိုင်ရင် ဆေးသုံးလဲအရာ ရောက်မှာ မဟုတ်ပါ ကန်ရေအရည်အသွေးနဲ့ အောက် ခြေ ကအညစ်အကြေးကိုသန့်ရှင်း ပေးရင် ကာကွယ်ပြီးသား ဖြစ်ပါ တယ် ဝ.၀၆ ဧကမှာ ၂၄၀ မွေးတာ တစ် ဧက ၄၀၀၀ နှုနရှိပါတယ် ငါးက ၁၃၀ ဂရမ် (8)ကျပ်သား ရှိတော့ မွေးတာ ၃ လလောက်ဘဲရှိမယ် ထင်ပါတယ် အစာကောင်းကောင်းကို အချိန်ခွဲ ကျွေးပေးပါ အစာကျန်ပါက ငွေကုန် သည့်အပြင် ကန်ရေကိုလည်းပျက် စေနိုင်ပါတယ် ဆရာ့ ငါးမွေးထားတဲ့နေရာသိချင်ပါ တယ် အမြဲဆက်သွယ်စေလိုပါတယ် (ဒေါက်တာခင်မောင် စိုး WorldFish Myanmar)
ငါးခန္ဓာကိုယ်ပေါ်တွင် အနီစက်များတွေ့ရှိနေတာဘာဖြစ်နေတာလဲမသိလို့ပါ