အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ကျော်ဇင်လင်း

မောင်ကျော်ဇင်လင်း

စိုက်ပျိုးရေးပညာရှင် · ဇေယျာသီရိ

873
လွန်ခဲ့သော ၆ နှစ် က

၁။ Carbosulfan ၂။ Cypermethrin ၃။ Abamectin စတဲ့ဆေးတွေကို အညွှန်းအတိုင်းဖျန်းပေးပါ။ ၂နဲ့၃ကို စျေးကွက်ထဲမှာ ရွှေဆိုက်ပါ၊ ဒီမွန်အမည်နဲ့ ဝယ်ယူနိုင်ပါတယ် သတိပြုရမယ့်အချက်အနေနဲ့ ခရမ်းခေါင်ညွှန့်နှင့်သီးထိုးပိုးဟာ မနက်စောစောအချိန်မှာ ထွက်လေ့ထွက်ထရှိတာကြောင့် ဆေးဖျန်းလျှင် မနက်စောစောဖျန်းပေးပါခင်ဗျာ

ခရမ်းသီး သီးလုံးဖောက်ပိုးတွေ ကြနေလို့ ဘာဆေး သုံးသင့်သလဲဗျ

လွန်ခဲ့သော ၆ နှစ် က

ပုံအရ ဘက်တီးရီးယားပင်ညှိုးရောဂါဖြစ်နေတယ်လို့် ယူဆရပါတယ်ခင်ဗျာ ကော့ပါးပါတဲ့ဆေး(ဥပမာ - Copper Oxychloride, Copper Hydroxide) ကို ဆေးညွှန်းအတိုင်း ဖျန်းပေးပါခင်ဗျာ

ဘာဖြစ်မှန်းမသိဘူး ဗျ

ခရမ်းချဉ်ပင်ညှိုးရောဂါ
လွန်ခဲ့သော ၆ နှစ် က

Imidachloprid AMIDA နာမည်နဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျာ

ခရမ်းပင်မှာယင်ဖြူတွေကျနေလို့ပါဗျ ဘာဆေးသုံးရမလဲဗျ

လွန်ခဲ့သော ၆ နှစ် က

SRI (System of Rice Intensification) စပါးအစွမ်းဖွင့် စိုက်နည်းစနစ်ဆိုတာ ပျိုးသက်ငယ် ရွေ့ပြောင်းစိုက်တဲ့စနစ်လို့ အလွယ်ပြောနိုင်ပါတယ်ခင်ဗျာ။ ပျိုးထောင်တဲ့အခါ ပျိုးဗန်း(သို့မဟုတ်) ပျိုးဖြာလိပ်နည်းစနစ် ကိုအသုံးပြုပြီး ပျိုးသက်၁၄ရက်သားခန့်တွင် ပင်ကြားတန်းကြား ၁၀လက်မ(၁၀×၁၀) ဖြင့် ကောက်ကွက်၁ကွက်လျှင် ၁ပင်နှုန်း စိုက်ပျိုးပေးရပါတယ်။ ပြုစုစောင့်ရှေက်ခြင်း (Care and Management) ကို အသေးစိတ်သိရှိလိုပါက ဆရာကြီးဦးသိန်းဆုရေးသားပြုစုသော "စပါးအစွမ်းဖွင့် စိုက်နည်းစနစ်စာအုပ်" ကို ဝယ်ယူဖတ်ရှုလေ့လာပါလို့ အကြံပြုပါရစေခင်ဗျာ။ သိရှိလိုသည်များကို တတ်စွမ်းသ၍ ဖြေကြားပေးပါမည်ခင်ဗျာ။

1 ဧက 12 ဗူးဆိုတဲ့ sri စိုက်နည်းလေးသိချင်ပါတယ်ဗျ ?

SRI စပါးစနစ်
လွန်ခဲ့သော ၆ နှစ် က

လမိုင်း(Ratoon)ထားခြင်းဆိုတာ ခင်းသစ်ကို ခုတ်သိမ်းပြီးတဲ့အခါ မျိုးထပ်မံအသုံးပြုရန်မလိုအပ်ဘဲ မူလမိခင်အပင်ရှိ မျက်လုံးဖူးများမှ အပင်သစ်များ ထွက်လာစေရန် မြေကိုပြုပြင်ပေးခြင်း ဖြစ်ပါတယ်။ ခင်းသစ် ကြံ(plant cane) ၂၅တန်နှင့်အထက်ထွက်မှ လမိုင်းထားသင့်ပါတယ်။ လမိုင်း(1st ratoon) ထားပြီးနောက် ဆက်လက်၍လမိုင်းထားလျှင် လမတ်(2nd ratoon)လို့ ခေါ်ပါတယ်ခင်ဗျာ။

ကြံတွင် လမိုင်း လမတ်ထားခြင်းဆိုတာဘာကိုဆိုလိုတာလဲဗျ

လွန်ခဲ့သော ၆ နှစ် က

U Thong 8ရဲ့ botanical nameဆိုပြီးတော့ မသိပါဘူးခင်ဗျာ။ သို့ပေမယ့်ကြံအများစုကို Saccharum sppလို့ ခေါ်ဝေါ်ကြပါတယ်။ အရင်တုန်းကတော့ Saccharum officinarium လို့ခေါ်ကြောင်း မှတ်သားဖူးပါတယ်။ Family nameကတော့ Poaceaeပါ။

U Tnong-8ရဲ့Botnical name;Family nameလေးပြေပေးပါလားရှင့်

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။