အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Yu Tha Zin

Yu Tha Zin

စိုက်ပျိုးရေးပညာရှင် · ပုလဲ

815
လွန်ခဲ့သော ၄ နှစ် က

စုပ်စားပိုးကျထားတဲ့ လက္ခဏာပါရှင့် အ‌ဲဒါကြောင့် အရွက်ပေါ်မှာ လှေးပိုးရှိမရှိ‌ကြည့်ပေးပါရှင့်။ ယင်ဖြူဆိုရင်တော့ အရွက်ရဲ့အောက်မျက်နှာပြင်ကို‌ကြည့်ပေးပါ၊ ပိုးတွေ့ခဲ့လျှင် ပင်လုံးပြန်ပိုးသတ်ဆေးဖျန်းနိုင်ပါတယ်ရှင့်

ဆရာတို့ ကျွန်တော့်ငရုတ်ပင်လေးတွေ၀ါနေလို့ပါ အဟာရချို့တ့ဲတာလား ဘာကြောင်င့်လည်းဗျ အသီးက လည်းနှစ်သီးဘဲခူးရသေးပါတယ် အသီးလေးတွေကလည်း အနုတ်တောင့်ဘေလးတွေဖြစ်နေလို့ပါ ကျေးဇူးပြု၍ဘာဆက်လုပ်ရင်ကောင်းမလည်း အကြံလေးပေးပါဗျ🙏🙏🙏🙏

စုပ်စားပိုးပြဿနာ
လွန်ခဲ့သော ၄ နှစ် က

ဆစ်ပိုးက အပင်ငယ်စဉ်မှာ ကြရင် ခေါင်ညွန့်တွေ ပုပ်ပါတယ်ရှင့် သူ့ကို ဆွဲနှုတ်ကြည့်ရင် အလွယ်တကူ ကျွတ်ထွက်လာပါတယ်ရှင့်။ အနှံထွက်ချိန်ကျရင်တော့ နှံဖြူလိုက်ပါတယ်ရှင့်

မင်္ဂလာပါဗျ လူကြီးမင်းတို့ ကျွန်တော်ရဲ့ ထယ်တန်ကြဲ ကြဲထားတဲ့ လယ်ထဲက ကောက်ပင်လေးတ ဖလံဖြူ ရိုက်ချင်တာ ဘယ်လိုကာကွယ်ရမလဲဗျာ အသိလေးများရှိရင် ဖြေကြားပေးကြပါအုန်းဗျ

စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၄ နှစ် က

ခုကတော့ ကုလားပဲက မစိုက်ရသေးဘူး ထင်ပါတယ်ရှင့် ၊ ကုလားပဲပင်က အမြစ်တွေခြောက်သေတာ၊ခါးရိသေတာတို့ဆိုရင်တော့ သူတို့ကမြေဆောင်မှိုရောဂါကြောင့် ဖြစ်တာမို့လို့ ကြိုတင်ကာကွယ်တာက ပိုထိရောက်ပါတယ်ရှင့်။ ဓာတုဆေးဖြင့် မျိုးစေ့လူးနယ်တာ (သို့)Trichoderma(ထရိုင်ဂိုဒါးမား)အကျိုးပြုဇိဝမှိုကို မြေခံမှာ ထည့်သုံးပြီး ကာကွယ်လို့ရပါတယ်ရှင့်။

ကုလားပဲအပင် သေတာဘယ်လိုကာကွယ်ရလဲသိချင်တာ

ကုလားပဲတွင်ဖြစ်ပေါ်တတ်သောရောဂါများ
လွန်ခဲ့သော ၄ နှစ် က

ပုံကတော့ အရမ်းမရှင်းဘူး ဖြစ်နေတယ်၊လက္ခဏာကတော့ ရွက်စားရင်ကြထားတာနဲ့တူပါတယ်၊ ည‌ေနခင်းပိုင်း‌ေလာက် စိုက်ခင်းကို ကြည့်ပေးပါ၊ပိုးကောင်မတွေ့လျှင် ပင်စည်ကိုခွဲကြည့်ပါ ၊တကယ်လို့ ပင်စည်ခွဲကြည့်လို့ ပိုးမတွေ့ရင် တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ဖျန်းပေးပါ၊ပိုးတွေ့ခဲ့ရင်တော့ ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးကို ညနေခင်းပိုင်းမှာ ဖျန်းပေးပါရှင့်။

မင်္ဂလာပါဗျ လူကြီးမင်းတို့ ကျွန်တော်ရဲ့ ထယ်တန်ကြဲ ကြဲထားတဲ့ လယ်ထဲက ကောက်ပင်လေးတ ဖလံဖြူ ရိုက်ချင်တာ ဘယ်လိုကာကွယ်ရမလဲဗျာ အသိလေးများရှိရင် ဖြေကြားပေးကြပါအုန်းဗျ

စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၄ နှစ် က

နှံစပ်ဂျပိုးဖြစ်ပါတယ်၊ ပိုးက စပါးစေ့ရဲ့ နို့ရည်ကို စုပ်ယူစားတဲ့အတွက်ကြောင့် နို့ရည်မခဲနိုင်‌တာတွေ၊ စပါးစေ့သေးငယ်တာတွေဖြစ်ပါတယ်။

ပုံထဲကပိုးကစပါးအတွက်ဘာဖြစ်နိုင်လဲ

စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။