ကျော်ရှိန်း
တောင်သူ · စစ်တွေ
ကျေးဇူးပါဆရာ
မနှစ်က တစ်ပိုင်တစ်နိုင်ခရမ်းစိုက်ထားတဲ့မြေပေါ် ပြောင်းဖူးနှင့် ပဲတောင်ရှည် စိုက်ချင်လို့ ဘယ်ဟာပိုအဆင်ပြေမလည်း မြေကိုသဘာဝအတိုင်းဘယ်လိုပြုပြင်သင့်လည်းသိချင်ပါတယ်
ဟုတ်ကျေးဇူးတင်ပါတယ်ဆရာတို့ခင်ဗျာ
ဆရာဒို့ဦးလေးခင်ဗျာ ငှက်ပျောပင် ပုံစံမမှန်ဖြစ်နေတာ ဘယ်လိုကြောင့်လည်း ဘယ်လိုကုသရမလည်း သိချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာ။
စိုက်ခင်းတွင်ဖော်ပြပါမှိုများပေါက်ရောက်လျက်ရှိပါတယ်ဆရာ။ ၎င်းမှိုများပေါက်ရောက်မှုကြောင့် စိုက်ပျိုးထားသောအပင်များအတွက်ဘေးထွက်ဆိုးကျိုးများရှိလာနိုင်သလား ဖြေကြားပေးစေလိုပါတယ်။ ဘေးထွက်ဆိုးကျိုးများရှိခဲ့ရင် ဘယ်လိုကာကွယ်လို့ရလည်းဆိုတာ ညွှန်ကြားပေးပါဆရာ။ ယခုထိတော့ အပင်များတွင်ရောဂါလက္ခာများမပြသေးပါ။
သဘောပေါက်ပါပြီဆရာ။ ခုလိုနားလည်အောင်ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ခရမ်းချဥ်ပင်တွေ အပွင့်တွေပွင့်နေပါပြီ။ အသီးတင်ရန် သားတက်ဖဲ့ပေးရတယ်လို့တော့ကြားဖူးပါတယ်။ သားတက်ဖဲ့တယ်ဆိုတာ ကိုင်းများဖြတ်ပေးတာကိုဆိုလိုပါသလား။ ကျွန်တော်တို့လို့ စတင်လေ့လာ၍ တစ်ပိုင်တစ်နိုင်လုပ်ဆောင်နေသူများ နားလည်အောင်လမ်းညွှန်ပေးပါဆရာဒို့ဦးလေးခင်ဗျာ။
ကျေးဇူးတင်ပါတယ်ဆရာ
ခရမ်းပင်အရွက်အောက်နံရံတွေပါကပ်ပြီး ပုံပါအတိုင်းပိုးများကျရောက်နေပါတယ်။ ဆေးရွက်ကြီးစိမ်ရည်လည်း တစ်ရက်ခြားတစ်ခါလောက်ဖြန်းဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်စိုက်ဘောင်ဖြစ်ပါသဖြင့် သဘာဝအတိုင်း နှိမ်နင်းလို့ရမယ် နောက်ထပ်နည်းလမ်းရှိရင် လမ်းညွှန်ပေးစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာ
ခရမ်းပင်လေးတွေအပွင့်လည်းပွင့်နေပါပြီ။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အပင်ကလန်းနေတတ်ပြီးတော့ နေ့လယ်ပိုင်းနေရောင်နဲ့ထိတွေ့မှုများတဲ့အချိန်မှာ ပုံပါအတိုင်း ကိုင်းတွေညိုးကျနေပါတယ်။ ၁၃ ရက်နေ့က ညိုးနေတဲ့အပင်ဘေးနားမှာ မှိုပင်လေးတွေပေါက်နေတာ တွေ့ရပါတယ်။ ဘာရောဂါဖြစ်တာလည်း သဘာဝနည်းနဲ့ ဘယ်လိုကုသရမလည်းသိချင်ပါတယ် ဆရာ။ ပိုးသတ်ဆေးအနေနဲ့ ဆေးရွက်ကြီးစိမ်ရေအား ၁၂-၁၁-၂၀၂၂ ရက်နေ့တွင်နောက်ဆုံးဖြန်းထားခဲ့ပါတယ်။
ဟုတ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆေးရွက်ကြီးစိမ်ရေကို တစ်ပိုင်တစ်နိုင်စိုက်ထားေသာ မုန်ညင်း၊ မုန်လာ၊ ကိုက်လန်၊ ခရမ်းပင်၊ ငရုတ်ပင်၊ ဘူးပင်များ အားနေ့တိုင်းဖြန်းပေးခြင်းဖြင့် အပင်များအတွက် ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသလား သိချင်ပါတယ်
ကျေးဇူးတင်ပါတယ်ဆရာ ဆေးရွက်ကြီးစိမ်ရေကို နေတိုင်းလောင်းပေးခြင်းအားဖြင့် အပင်တွေအတွက်ဘေးထွက်ဆိုးကျိုးများရှိနိုင်လားဆရာ
ပုရွတ်ဆိတ်အမဲလို တောင်ပံပါတဲ့ပိုးလေးတွေကျနေပါတယ် ငရုတ်ပင်မှာကျတာ အရွတ်တွေကုတ်ပြီးကျန်ခဲ့ပါတယ် ဓာတုဆေးမသုံးချင်ပါသဖြင့် သဘာဝအတိုင်းနှိမ်နှင်းလို့ရမယ့်နည်းလေးတွေသိချင်ပါတယ်