နွေ ရဲ မာန်
တောင်သူ · ရွှေဘို
အပင်ခြေတွမှာမှိုရောဂါကြနေတာဖြစ်နိုင်တယ် မှိုသတ်ဆေးကိုအပင်ခြေမှာဖြန်းကြည့်ပါ
မိုးများပီး အပင်တွေ ညှိုးကုန်လို့ ဘာဆေးဖြန်းရင် ပြန်လန်းလာနိုင်မလည်းဗျ ခုထိမြေကြီး က စိုနေတာပါဗျ
ပူစီနံကအရိုးရင့်ကိုမြေစိုတဲ့နေရာမှာထိုးထားအရိပ်လုပ်ပေးထားပါ အတက်တွေထွက်လာပြီဆိုမှ အရိပ်ကိုပြန်ဖယ်ပါ နံနံစေ့ကို24နာရီရေစိမ်ပါ ရေစစ်ပြီးရင်24နာရီအဝတ်စဖြင့်ထုပ်ပါ နောက်ပြီးမြေစွထားတဲ့နေရာမှာညီညီညာညာကြဲပတ်ပါ နောက်ပြီးကောက်ရိုးခြောက် မြက်ခြောက်တို့နဲ့နေမထိအောင်အုပ်ပါ မြေအစိုဓာတ်မရှိလျှင်ရေဖြန်းပါ နံနံပင်ကအပေါက်လေးတဲ့အတွက် 5ရက် 7ရက်အထိကြာနိုင်ပါတယ် စိတ်ရှည်ရှည်နဲ့ရေဖြန်းပေးပါ အပင်ပေါက်လာပြီဆိုရင်အုပ်ထားတဲ့မြက်ခြောက်တွေဖယ်ပြစ်ပါ ကောက်ရိုးခြောက်မြက်ခြောက်မရှိပါက စပါးခွံဖြင့်အုပ်ပါစပါးခွံဆိုရင်အပင်ပေါက်လာပါကဖယ်ပြစ်စရာမလိုပဲတိုးထွက်လာပါတယ် အခုနည်းကကျွန်တော်ပျိုးတဲ့နည်းပါ
ပူစီနံ နဲ့ နံနံပင် အစေ့ပျိုးထားတာ အပင်မပေါက်လာလို့ပါ ပျိုးနည်းလေးပြောပေးပါခင်ဗျ တိုက်ခန်းမှာ စိုက်ချင်လို့ပါ